အလုပ်တခုကို ငါမလုပ်နိုင်ပါဘူးလို့ ဘယ်တော့မှ မတွေးလိုက်ပါနဲ့။ ကိုယ့်ကို စွန့်ခွာသွားသူ တယောက်ကို ငါ မမေ့နိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့။
သူများအလုပ် လုပ်ကိုင်နေရတော့ ငါ လုပ်ငန်းရှင်တစ်ယောက် ဖြစ်မလာနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့။ ကိုယ့်မှာ တီးတိုးဖော် မရှိတော့လို့ ငါ တယောက်တည်း မနေနိုင်ပါဘူးလို့ မတွေးလိုက်ပါနဲ့။
ကိုယ်တန်ဖိုးထားရသူတွေ ဆုံးရှုံးသွားတော့လို့ ငါ့ဘဝက အဓိပ္ပါယ်မဲ့သွားပြီလို့ မတွေးလိုက်ပါနဲ့။ ရှုံးနိမ့်ခြင်းတွေ ကြုံနေရလို့ ကိုယ့်ကိုယ်ကို အသုံးမကျတဲ့သူပါလားလို့ မတွေးလိုက်ပါနဲ့။
ကြမ္မာဆိုးတွေ မွှေနှောက်နေတိုင်း ငါ့ဘဝက ဘယ်တော့မှ ကံမကောင်းနိုင်ဘူးလို့ မတွေးလိုက်ပါနဲ့။ ရောဂါဝေတနာတွေ ခံစားနေရလွန်းလို့ ငါ့ဘဝက ဇာတ်သိမ်းခန်းရောက်ပြီလို့ မတွေးလိုက်ပါနဲ့။
အဲဒီလို တွေးလိုက်မိပြီ ဆိုတာနဲ့ သင့်ဘဝက တဝက်သေသွားတာ သေချာသွားပြီလေ။
ပိုးစုန်းကြူးလို အကောင် သေးသေးလေးတွေတောင် သူတို့မှာရှိနေတဲ့ ကိုယ်ပိုင်အလင်းရောင်နဲ့ လောကကြီးကို အလင်းရောင် ပေးစွမ်းနေကြတယ်။
အဆင်မပြေမှုတွေ နှလုံးသားရဲ့ ခံစားမှုတွေ ဖိစီး နှိပ်စက်ခံရတိုင်း ဘဝကို ရေစုန်မျောနေမိရင် လောကကြီးက မင်းကို ကောင်းချီးပေးလာမှာ မဟုတ်ဘူးလေ။
သူငယ်ချင်း ကိုယ့်ကိုယ်ကို အထင်သေးတဲ့ တနေ့ မင်းဟာ တန်ဖိုးမဲ့လူသားတယောက် ဖြစ်မှန်းမသိ ဖြစ်လာပြီး လူ့လောကကို လက်ကမ်း ကြိုဆိုခဲ့တဲ့ မိဘမျက်နှာကို အိုးမဲ သုတ်သလိုပဲ။
ငါမလုပ်နိုင်ဘူး မဖြစ်နိုင်ဘူးလို့ တွေးတဲ့တနေ့ မင်းဟာ သေသွားတဲ့နေ့ပဲ ဖြစ်သင့်တယ်။ အားတင်းထားလိုက်စမ်းပါ။ မင်းတယောက်တည်း မဟုတ်ပါဘူး။
ခံစားချက်တွေ များလွန်းလို့ မခံမရပ်နိုင် ဖြစ်နေရင် တရက်တော့ ငိုပါ။ ပြီးရင်တော့ ပြုံးနိုင်အောင် ကြိုးစားပါ။ LaYaun
for zawgyi
ကိုယ့္ကိုယ္ကို ဘယ္ေတာ့မွ အထင္မေသးနဲ႔
အလုပ္တခုကို ငါမလုပ္ႏိုင္ပါဘူးလို႔ ဘယ္ေတာ့မွ မေတြးလိုက္ပါနဲ႔။ ကိုယ့္ကို စြန႔္ခြာသြားသူ တေယာက္ကို ငါ မေမ့ႏိုင္ပါဘူးလို႔ မေတြးလိုက္ပါနဲ႔။
သူမ်ားအလုပ္ လုပ္ကိုင္ေနရေတာ့ ငါ လုပ္ငန္းရွင္တစ္ေယာက္ ျဖစ္မလာႏိုင္ဘူးလို႔ မေတြးလိုက္ပါနဲ႔။ ကိုယ့္မွာ တီးတိုးေဖာ္ မရွိေတာ့လို႔ ငါ တေယာက္တည္း မေနႏိုင္ပါဘူးလို႔ မေတြးလိုက္ပါနဲ႔။
ကိုယ္တန္ဖိုးထားရသူေတြ ဆုံးရႈံးသြားေတာ့လို႔ ငါ့ဘဝက အဓိပၸါယ္မဲ့သြားၿပီလို႔ မေတြးလိုက္ပါနဲ႔။ ရႈံးနိမ့္ျခင္းေတြ ႀကဳံေနရလို႔ ကိုယ့္ကိုယ္ကို အသုံးမက်တဲ့သူပါလားလို႔ မေတြးလိုက္ပါနဲ႔။
ၾကမၼာဆိုးေတြ ေမႊေႏွာက္ေနတိုင္း ငါ့ဘဝက ဘယ္ေတာ့မွ ကံမေကာင္းႏိုင္ဘူးလို႔ မေတြးလိုက္ပါနဲ႔။ ေရာဂါေဝတနာေတြ ခံစားေနရလြန္းလို႔ ငါ့ဘဝက ဇာတ္သိမ္းခန္းေရာက္ၿပီလို႔ မေတြးလိုက္ပါနဲ႔။
အဲဒီလို ေတြးလိုက္မိၿပီ ဆိုတာနဲ႔ သင့္ဘဝက တဝက္ေသသြားတာ ေသခ်ာသြားၿပီေလ။
ပိုးစုန္းၾကဴးလို အေကာင္ ေသးေသးေလးေတြေတာင္ သူတို႔မွာရွိေနတဲ့ ကိုယ္ပိုင္အလင္းေရာင္နဲ႔ ေလာကႀကီးကို အလင္းေရာင္ ေပးစြမ္းေနၾကတယ္။
အဆင္မေျပမႈေတြ ႏွလုံးသားရဲ႕ ခံစားမႈေတြ ဖိစီး ႏွိပ္စက္ခံရတိုင္း ဘဝကို ေရစုန္ေမ်ာေနမိရင္ ေလာကႀကီးက မင္းကို ေကာင္းခ်ီးေပးလာမွာ မဟုတ္ဘူးေလ။
သူငယ္ခ်င္း ကိုယ့္ကိုယ္ကို အထင္ေသးတဲ့ တေန႔ မင္းဟာ တန္ဖိုးမဲ့လူသားတေယာက္ ျဖစ္မွန္းမသိ ျဖစ္လာၿပီး လူ႔ေလာကကို လက္ကမ္း ႀကိဳဆိုခဲ့တဲ့ မိဘမ်က္ႏွာကို အိုးမဲ သုတ္သလိုပဲ။
ငါမလုပ္ႏိုင္ဘူး မျဖစ္ႏိုင္ဘူးလို႔ ေတြးတဲ့တေန႔ မင္းဟာ ေသသြားတဲ့ေန႔ပဲ ျဖစ္သင့္တယ္။ အားတင္းထားလိုက္စမ္းပါ။ မင္းတေယာက္တည္း မဟုတ္ပါဘူး။
ခံစားခ်က္ေတြ မ်ားလြန္းလို႔ မခံမရပ္ႏိုင္ ျဖစ္ေနရင္ တရက္ေတာ့ ငိုပါ။ ၿပီးရင္ေတာ့ ၿပဳံးႏိုင္ေအာင္ ႀကိဳးစားပါ။ LaYaun
0 Comments