တခါက တောရွာတရွာတွင် သူဆင်းရဲ ထင်းခွေသမားတယောက် ရှိသည်။ ထိုသူ၏ ဇနီးမှာ စိတ်သဘောထား ကောင်းမွန်သူ ဖြစ်၏။ ထင်းခွေသမား လင်မယားသည် တနေ့လုပ် တနေ့စားသာ ဖြစ်၍ ဥပုသ်သီတင်းသီလ မဆောက်တည်နိုင်ဘဲ ရှိလေသည်။
တနေ့တော့ အခါရက် တရက်နှင့် ကြုံကြိုက်၍ ဇနီးသည်က အနီးရှိမြို့မှ တန်ခိုးကြီးစေတီအား သွားရောက်ဖူးမြော်ရင်း ဥပုသ်သီတင်း တည်ဆောက်လိုသည်ဟု ခင်ပွန်းသည်အား ပြောလေသည်။ ထင်းခွေယောက်ျားက
"တို့ လင်မယား တနေ့လုပ်မှ တနေ့စားရတာ။ အူမ မတောင့်လို့ သီလ မစောင့်နိုင်ဘူး။ နှစ်ယောက်စလုံး မြို့ကိုသွားတော့ မဖြစ်ဘူး။ ငါ အလုပ် လုပ်မယ်၊ မင်းက ရောက်ဖူးရှိအောင် လူကြုံနဲ့ ဘုရားဖူး လိုက်သွားပေါ့" ဟု ဆိုသဖြင့် ဇနီးသည်လည်း သဘောတူညီကာ လူကြုံကောင်းသည်နှင့် တန်ခိုးကြီးစေတီ ဖူးမြော်ရန် မြို့သို့ လိုက်လာခဲ့လေသည်။
မြို့ပေါ်ရှိ တန်ခိုးကြီးစေတီသို့ ရောက်လျှင် ဘုရားရင်ပြင်ပေါ်မှ ရဟန်းတပါးထံတွင် သီလ ယူကြလေသည်။ သို့ရာတွင် ထင်းခွေယောက်ျား၏ ဇနီးသည်မှာ သီလပေး မဆိုတတ်သဖြင့် "ဘုရား၊ ဘုရား" ဟူ၍သာ နှုတ်မှ လိုက်ဆိုရှာလေသည်။
ထို့နောက် ဘုရားရင်ပြင်တော်၌ ရွာမှ ချမ်းသာကြွယ်ဝသူ မြေပိုင်ရှင် သူဌေးကတော်ကြီး ပုတီးစိတ်နေသည်ကို တွေ့ရှိသဖြင့် မိမိလည်း ပုတီးစိပ်လိုသော ဆန္ဒ ပေါ်ပေါက်လာလေသည်။ ထို့ကြောင့် သူဌေးကတော်ကြီး ထံသို့ ကပ်ကာ "သူဌေးကတော်ကြီးရယ် ပုတီးဘယ်လို စိပ်ရမယ်ဆိုတာ သင်ပေးစမ်းပါ၊ ကျုပ်လဲ ပုတီးစိပ်ချင်လို့ပါ" ဟု ဆိုလေသည်။
သူဌေးကတော်ကြီးသည် ဟန်ပန် မျက်နှာထားဖြင့် မကြားသလို ပြုလုပ်နေလေသည်။ ထင်းခွေသမားဇနီးသည် ပုတီးစိပ် သင်ပေးပါရန် ထပ်မံပြောကြားမှ "ညည်းတို့က ပုတီးတောင် မစိပ်တတ်ဘဲ ဥပုသ်စောင့်ချင်တာကိုး၊ ရပါလိမ့်မယ် ကုသိုလ်တွေ" ဟု ပြောဆိုပြီးမှ "ဒီလောက် ပုတီးစိပ်ချင်ရင် ရောက်တိ ရောက်ရာ၊ ရောက်တိ ရောက်ရာလို့ စိပ်ပေါ့အေ့" ဟူ၍ ဆိုလေသည်။
ထင်းခွေယောက်ျား၏ ဇနီးသည်လည်း သူဌေးကတော်ကြီး သင်ကြားပေးသည်ကို အဟုတ် ထင်မှတ်ကာ သဒ္ဓါကြည်ညိုစွာဖြင့် "ရောက်တိရောက်ရာ၊ ရောက်တိ ရောက်ရာ" ဟူ၍ ရေရွတ်ကာ ပုတီးစိပ်လေ၏။
ထင်းခွေယောက်ျား၏ ဇနီးသည် ပုတီးစိပ်နေသည့် အနား၌ မြွေတွင်းတတွင်း ရှိသည်။ ထိုမြွေတွင်း၌ မြွေသူတော်ကောင်း နေထိုင်လေသည်။ ထိုမြွေသူတော်ကောင်းသည် အခါရက်များ၌ ဥပုသ်သီတင်းသီလ ဆောက်တည်ပြီး မကောင်းသူကိုပယ်၊ ကောင်းသူကို ကယ်တင်လေ့ ရှိသည်။
မြွေသူတော်ကောင်းလည်း ထင်းခွေယောက်ျား၏ ဇနီးသည်စိတ်သဘောကို နှစ်သက် သဘောကျ၍ "ဒီ သူငယ်မလေးဟာ ရတနာသုံးပါးကို အမှန် ကြည်ညိုလေးစားသူ ဖြစ်တယ်။ ဒီလို စိတ်သဘောကောင်းတဲ့ သူမျိုး ကူညီမှပဲ" ဟူ၍ နှလုံးသွင်းကာ မြွေတွင်းထဲ၌ ရှိသော ငွေများကို ထင်းခွေယောက်ျား ဇနီးသည် အနား၌ ပုံချထားလေသည်။
ထင်းခွေသမား ဇနီးသည်လည်း "ရောက်တိရောက်ရာ" ဟူ၍ မျက်စိမှိတ် အာရုံပြုကာ ပုတီးစိပ်နေရာမှ အဓိဋ္ဌာန် စေ့သဖြင့် မျက်စိ ဖွင့်ကြည့်လိုက်ရာ ငွေပုံကို တွေ့ရှိ၍ အံ့ဩသွားလေ၏။ ထို့နောက် ထိုက်တန်လို့ရတဲ့ငွေ ဟူ၍ ယူဆကာ ငွေပုံကို ယူပြီး အိမ်သို့ ဝမ်းသာအားရာဖြင့် ပြန်သွားလေ၏။
ထင်းခွေယောက်ျားဇနီးသည် သတင်းကို ကြားသိလေလျှင် မြေပိုင်ရှင် သူဌေးကတော်ကြီးလည်း လောဘဇောတိုက်ကာ ဘုရားသို့ သွားရောက်၍ ထင်းခွေယောက်ျားဇနီးသည် ပုတီးစိပ်ခဲ့သည့် မြွေတွင်းအနီး၍ ထိုင်လေသည်။ ထို့နောက် "ရောက်တိရောက်ရာ၊ ရောက်တိရောက်ရာ" ဟူ၍ မျက်စိမှိတ် ဟန်ဆောင်ပြီး ပုတီးစိပ်လေသည်။
မြွေကြီးလည်း "ဒီလောက် လောဘဇောတိုက်တဲ့ မိန်းမကြီး လူ့ပြည်ထားလည်း အပိုပဲ" ဟု သဘောထားကာ ပေါက်သတ်လိုက်ရာ သူဌေးကတော်ကြီးမှာ "ရောက်တိရောက်ရာ၊ ရောက်တိရောက်ရာ" ဟူ၍ ရေရွတ်ရင်း အသက်ပျောက်ရ လေသတည်း။
ဆောင်ပုဒ် "စေတနာတန်ခိုး သဒ္ဓါတိုး အကျိုးပေးမည်မှတ်" မောင်ဗိုလ်မွှေး၏ မြန်မာပုံတိုပတ်စများ စာအုပ်မှ ကူးယူဝေမျှပါသည်။ crd
for zawgyi
သူေတာ္ေကာင္းကို နတ္ေကာင္းမ
တခါက ေတာ႐ြာတ႐ြာတြင္ သူဆင္းရဲ ထင္းေခြသမားတေယာက္ ရွိသည္။ ထိုသူ၏ ဇနီးမွာ စိတ္သေဘာထား ေကာင္းမြန္သူ ျဖစ္၏။ ထင္းေခြသမား လင္မယားသည္ တေန႔လုပ္ တေန႔စားသာ ျဖစ္၍ ဥပုသ္သီတင္းသီလ မေဆာက္တည္ႏိုင္ဘဲ ရွိေလသည္။
တေန႔ေတာ့ အခါရက္ တရက္ႏွင့္ ႀကဳံႀကိဳက္၍ ဇနီးသည္က အနီးရွိၿမိဳ႕မွ တန္ခိုးႀကီးေစတီအား သြားေရာက္ဖူးေျမာ္ရင္း ဥပုသ္သီတင္း တည္ေဆာက္လိုသည္ဟု ခင္ပြန္းသည္အား ေျပာေလသည္။ ထင္းေခြေယာက္်ားက
"တို႔ လင္မယား တေန႔လုပ္မွ တေန႔စားရတာ။ အူမ မေတာင့္လို႔ သီလ မေစာင့္ႏိုင္ဘူး။ ႏွစ္ေယာက္စလုံး ၿမိဳ႕ကိုသြားေတာ့ မျဖစ္ဘူး။ ငါ အလုပ္ လုပ္မယ္၊ မင္းက ေရာက္ဖူးရွိေအာင္ လူႀကဳံနဲ႔ ဘုရားဖူး လိုက္သြားေပါ့" ဟု ဆိုသျဖင့္ ဇနီးသည္လည္း သေဘာတူညီကာ လူႀကဳံေကာင္းသည္ႏွင့္ တန္ခိုးႀကီးေစတီ ဖူးေျမာ္ရန္ ၿမိဳ႕သို႔ လိုက္လာခဲ့ေလသည္။
ၿမိဳ႕ေပၚရွိ တန္ခိုးႀကီးေစတီသို႔ ေရာက္လွ်င္ ဘုရားရင္ျပင္ေပၚမွ ရဟန္းတပါးထံတြင္ သီလ ယူၾကေလသည္။ သို႔ရာတြင္ ထင္းေခြေယာက္်ား၏ ဇနီးသည္မွာ သီလေပး မဆိုတတ္သျဖင့္ "ဘုရား၊ ဘုရား" ဟူ၍သာ ႏႈတ္မွ လိုက္ဆိုရွာေလသည္။
ထို႔ေနာက္ ဘုရားရင္ျပင္ေတာ္၌ ႐ြာမွ ခ်မ္းသာႂကြယ္ဝသူ ေျမပိုင္ရွင္ သူေဌးကေတာ္ႀကီး ပုတီးစိတ္ေနသည္ကို ေတြ႕ရွိသျဖင့္ မိမိလည္း ပုတီးစိပ္လိုေသာ ဆႏၵ ေပၚေပါက္လာေလသည္။ ထို႔ေၾကာင့္ သူေဌးကေတာ္ႀကီး ထံသို႔ ကပ္ကာ "သူေဌးကေတာ္ႀကီးရယ္ ပုတီးဘယ္လို စိပ္ရမယ္ဆိုတာ သင္ေပးစမ္းပါ၊ က်ဳပ္လဲ ပုတီးစိပ္ခ်င္လို႔ပါ" ဟု ဆိုေလသည္။
သူေဌးကေတာ္ႀကီးသည္ ဟန္ပန္ မ်က္ႏွာထားျဖင့္ မၾကားသလို ျပဳလုပ္ေနေလသည္။ ထင္းေခြသမားဇနီးသည္ ပုတီးစိပ္ သင္ေပးပါရန္ ထပ္မံေျပာၾကားမွ "ညည္းတို႔က ပုတီးေတာင္ မစိပ္တတ္ဘဲ ဥပုသ္ေစာင့္ခ်င္တာကိုး၊ ရပါလိမ့္မယ္ ကုသိုလ္ေတြ" ဟု ေျပာဆိုၿပီးမွ "ဒီေလာက္ ပုတီးစိပ္ခ်င္ရင္ ေရာက္တိ ေရာက္ရာ၊ ေရာက္တိ ေရာက္ရာလို႔ စိပ္ေပါ့ေအ့" ဟူ၍ ဆိုေလသည္။
ထင္းေခြေယာက္်ား၏ ဇနီးသည္လည္း သူေဌးကေတာ္ႀကီး သင္ၾကားေပးသည္ကို အဟုတ္ ထင္မွတ္ကာ သဒၶါၾကည္ညိဳစြာျဖင့္ "ေရာက္တိေရာက္ရာ၊ ေရာက္တိ ေရာက္ရာ" ဟူ၍ ေရ႐ြတ္ကာ ပုတီးစိပ္ေလ၏။
ထင္းေခြေယာက္်ား၏ ဇနီးသည္ ပုတီးစိပ္ေနသည့္ အနား၌ ေႁမြတြင္းတတြင္း ရွိသည္။ ထိုေႁမြတြင္း၌ ေႁမြသူေတာ္ေကာင္း ေနထိုင္ေလသည္။ ထိုေႁမြသူေတာ္ေကာင္းသည္ အခါရက္မ်ား၌ ဥပုသ္သီတင္းသီလ ေဆာက္တည္ၿပီး မေကာင္းသူကိုပယ္၊ ေကာင္းသူကို ကယ္တင္ေလ့ ရွိသည္။
ေႁမြသူေတာ္ေကာင္းလည္း ထင္းေခြေယာက္်ား၏ ဇနီးသည္စိတ္သေဘာကို ႏွစ္သက္ သေဘာက်၍ "ဒီ သူငယ္မေလးဟာ ရတနာသုံးပါးကို အမွန္ ၾကည္ညိဳေလးစားသူ ျဖစ္တယ္။ ဒီလို စိတ္သေဘာေကာင္းတဲ့ သူမ်ိဳး ကူညီမွပဲ" ဟူ၍ ႏွလုံးသြင္းကာ ေႁမြတြင္းထဲ၌ ရွိေသာ ေငြမ်ားကို ထင္းေခြေယာက္်ား ဇနီးသည္ အနား၌ ပုံခ်ထားေလသည္။
ထင္းေခြသမား ဇနီးသည္လည္း "ေရာက္တိေရာက္ရာ" ဟူ၍ မ်က္စိမွိတ္ အာ႐ုံျပဳကာ ပုတီးစိပ္ေနရာမွ အဓိ႒ာန္ ေစ့သျဖင့္ မ်က္စိ ဖြင့္ၾကည့္လိုက္ရာ ေငြပုံကို ေတြ႕ရွိ၍ အံ့ဩသြားေလ၏။ ထို႔ေနာက္ ထိုက္တန္လို႔ရတဲ့ေငြ ဟူ၍ ယူဆကာ ေငြပုံကို ယူၿပီး အိမ္သို႔ ဝမ္းသာအားရာျဖင့္ ျပန္သြားေလ၏။
ထင္းေခြေယာက္်ားဇနီးသည္ သတင္းကို ၾကားသိေလလွ်င္ ေျမပိုင္ရွင္ သူေဌးကေတာ္ႀကီးလည္း ေလာဘေဇာတိုက္ကာ ဘုရားသို႔ သြားေရာက္၍ ထင္းေခြေယာက္်ားဇနီးသည္ ပုတီးစိပ္ခဲ့သည့္ ေႁမြတြင္းအနီး၍ ထိုင္ေလသည္။ ထို႔ေနာက္ "ေရာက္တိေရာက္ရာ၊ ေရာက္တိေရာက္ရာ" ဟူ၍ မ်က္စိမွိတ္ ဟန္ေဆာင္ၿပီး ပုတီးစိပ္ေလသည္။
ေႁမြႀကီးလည္း "ဒီေလာက္ ေလာဘေဇာတိုက္တဲ့ မိန္းမႀကီး လူ႔ျပည္ထားလည္း အပိုပဲ" ဟု သေဘာထားကာ ေပါက္သတ္လိုက္ရာ သူေဌးကေတာ္ႀကီးမွာ "ေရာက္တိေရာက္ရာ၊ ေရာက္တိေရာက္ရာ" ဟူ၍ ေရ႐ြတ္ရင္း အသက္ေပ်ာက္ရ ေလသတည္း။
ေဆာင္ပုဒ္ "ေစတနာတန္ခိုး သဒၶါတိုး အက်ိဳးေပးမည္မွတ္" ေမာင္ဗိုလ္ေမႊး၏ ျမန္မာပုံတိုပတ္စမ်ား စာအုပ္မွ ကူးယူေဝမွ်ပါသည္။ crd
0 Comments