ကျောက်တူးသမားလေး၏ စိတ်ကူး

တခါတုန်းက ကျောက်တူးသမားလေး တယောက်ရှိသတဲ့။ သူကျောက်သွားတူးတဲ့ လမ်းမှာ အမတ်မင်းအိမ်ရှေ့က ဖြတ်သွားရတာပေါ့။ မနက်တိုင်း အမတ်မင်းအိမ်ရှေ့ ဖြတ်သွားတိုင်း အိမ်ထဲမှာ အခြွေအရံတွေ ခစားနေတဲ့ အမတ်ကိုမြင်တော့ သူကစဉ်းစားတယ်။

ငါသာ အမတ်ဆိုရင် အရမ်းကောင်းမှာပဲ ဆိုပြီး စိတ်ကူးယဉ်လိုက်တာ သူ့စိတ်ကူးထဲမှာ သူဟာ အမတ်ဖြစ်သွားပါတယ်။ စိတ်ကူးထဲက အတိုင်း အခြွေအရံတွေ ခစားရင်း ပျော်ပါးနေလိုက်တာ မကြာပါဘူး ဘုရင် ကြွလာပါရော။

အဲဒီအချိန် သူစံစားနေတဲ့ အမတ်စည်းစိမ်တွေ အသာထားပြီး ဘုရင့်ကို ဒူးထောက် ခစားရတာပေါ့။ သူက စဉ်းစားတယ်။ အမတ် ဖြစ်တာလည်း မကောင်းဘူး ဘုရင်က ပိုကောင်းတယ်။ တော်ပြီ အမတ်မလုပ်တော့ဘူး ဘုရင်ပဲ လုပ်တော့မယ်ဆိုပြီး စိတ်ကူးထဲမှာ သူဟာ ဘုရင်ဖြစ်သွားတာပေါ့။ စိတ်ကူးထဲက အတိုင်း သူဖြစ်ချင်တဲ့ ဘုရင်ဖြစ်သွားတော့ အပျော်ကြီးပျော်ရင်း တိုင်းခန်း လှည့်လည်တာပေါ့။

အဲဒီချိန်မှာ နေက အရမ်းပူ၊ ဘုရင်လည်း နေပူတဲ့ဒါဏ်ကို မခံစားနိုင်ပြန်ဘူး။ သူက စဉ်းစားတယ်။ ဘုရင်ဖြစ်တာတောင် ငါ့ကိုနိုင်တဲ့ နေမင်းကြီးက ရှိသေးတယ်။ တော်ပြီ ဘုရင် မလုပ်တော့ဘူး။ နေမင်းကြီးပဲ ငါလုပ်တော့မယ်ဆိုပြီး သူ့စိတ်ကူးထဲမှာ သူဟာ နေမင်းကြီး ဖြစ်သွားတာပေါ့။

သူဖြစ်ချင်တဲ့ နေမင်းကြီးလည်း ဖြစ်ရော တလောကလုံး ကျစ်ကျစ်တောက်အောင် ပူစမ်းဆိုပြီး နေတွေ အရမ်းပူပစ်လိုက်တယ်။အဲဒီချိန်မှာ တိမ်တိုက်တွေက ပေါ်လာပြီး အပူရှိန်တွေကို ကာပေးလိုက်တယ်။ တိမ်တွေက အောက်မှာ ဖုံးထားတော့ သူပူချင်တိုင်းလည်း ပူလို့ မရတော့ဘူးပေါ့။

အဲဒါနဲ့ သူက စဉ်းစားတယ်။ နေဖြစ်ရတာလည်း မကောင်းဘူး။ တိမ်တိုက်ကို မနိုင်ဘူး။ တော်ပြီ ငါ နေမင်းကြီး မလုပ်တော့ဘူး တိမ်တိုက်ပဲ လုပ်တော့မယ် ဆိုပြီး စိတ်ကူးထဲမှာ သူဟာ တိမ်တိုက်ကြီး ဖြစ်သွားတာပေါ့။ တိမ်တိုက်ကြီးလည်း ဖြစ်ရော နေမင်းကြီး မပူနိုင်အောင် သူက ကာပေးထားတယ်ပေါ့။

မကြာပါဘူး လေတွေ တိုက်လိုက်တာ တိမ်တိုက်ကြီးလည်း လေထဲ ပါသွားပါရော။ အဲဒါနဲ့ သူက ပြန်စဉ်းစားတယ်။ တိမ်တိုက်ဖြစ်ရတာလည် မကောင်းဘူး။ တော်ပြီ လေနတ်သားပဲ ငါလုပ်တော့မယ် ဆိုပြီး စိတ်ကူးထဲမှာ သူဟာ လေနတ်သား ဖြစ်သွားပြန်ပါရော။

လေနတ်သားလည်း ဖြစ်ရော လေတွေ အသကုန် တိုက်ပစ်လိုက်တယ်။ အိမ်တွေပြို သစ်ပင်တွေ လဲလို့ပေါ့။ အဲဒါနဲ့ လေနတ်သား ဖြစ်တဲ့သူဟာ ကျောက်တောင်ကြီးကို မြင်ပြီး ကျောက်တောင်ကြီး ပြိုအောင် တိုက်တာပေါ့။ သူဘယ်လောက် တိုက်တိုက် ကျောက်တောင်ကြီးက မပြိုဘူး။

အဲဒါနဲ့ သူက စဉ်းစားပြန်ရော။ လေနတ်သား ဖြစ်တာလည်း မကောင်းဘူး။ ကျောက်တောင်ကြီးပဲ ဖြစ်တော့မယ် ဆိုပြီး စိတ်ကူးထဲကအတိုင်း ကျောက်တောင်ကြီး ဖြစ်သွားပြန်ရော။ ကျောက်တောင်ကြီး ဖြစ်သွားတော့ လေတိုက်တဲ့ ဒါဏ်ကို ပြုံးပြုံးကြီး ခံစားရင်း ပျက်ရယ်ပြုတာပေါ့။ ကဲ ဘာတက်နိုင်သေးလဲ ငါ့ကို ဘယ်သူမှပြိုအောင် မလုပ်နိုင်တော့ဘူးဆိုပြီး ပျော်နေလိုက်တာ တောင်အောက်မှာ တောက် တောက် နဲ့ အသံကြားပါရော။

အသံကြားလို့ ငုံ့ကြည့်မှ "အမလေးဗျာ ငါ့ကျောက်တောင်ကြီး တဖြေးဖြေးနဲ့ ကုန်ပါရောလား။ ဘယ်သူက ငါ့ကို ဖြိုနိုင်တာလဲ" လို့ ကြည့်လိုက်မှ ကျောက်တူးသမားလေး ဖြစ်နေပါရော။ အဲဒါနဲ့ စဉ်းစားတယ်။

"တော်ပြီ ငါ ကျောက်တောင်ကြီးလည်း မဖြစ်ချင်တော့ဘူး ကျောက်တူးသမားပဲ ဖြစ်ချင်တော့တယ်" ဆိုပြီး စိတ်ကူးယဉ်လာလိုက်တာ သူအလုပ်လုပ်ရမဲ့ ကျောက်တောင်လည်း ရောက်ရော သူလည်း ကျောက်တူးသမားလေး ပြန်ဖြစ်သွားပါလေရော တဲ့။

ပြောချင်တာကတော့ သူများတွေကို အားမကျပါနဲ့။ လူတိုင်းမှာ အပူပင်ကိုယ်စီနဲ့ပါ။ သူ့ကိုငါ အားကျလိုက်တာလို့ မတွေးပါနဲ့။ သူလည်း သူ့အပူနဲ့သူ ရှိပါတယ်။ လက်ရှိဘဝကို အကောင်းဆုံး ဖြစ်အောင် ကြိုးစားရင် တနေ့နေ့တော့ မုချ အောင်မြင်မှာပါ။ Crd

for zawgyi

ေက်ာက္တူးသမားေလး၏ စိတ္ကူး

တခါတုန္းက ေက်ာက္တူးသမားေလး တေယာက္ရွိသတဲ့။ သူေက်ာက္သြားတူးတဲ့ လမ္းမွာ အမတ္မင္းအိမ္ေရွ႕က ျဖတ္သြားရတာေပါ့။ မနက္တိုင္း အမတ္မင္းအိမ္ေရွ႕ ျဖတ္သြားတိုင္း အိမ္ထဲမွာ အေႁခြအရံေတြ ခစားေနတဲ့ အမတ္ကိုျမင္ေတာ့ သူကစဥ္းစားတယ္။

ငါသာ အမတ္ဆိုရင္ အရမ္းေကာင္းမွာပဲ ဆိုၿပီး စိတ္ကူးယဥ္လိုက္တာ သူ႔စိတ္ကူးထဲမွာ သူဟာ အမတ္ျဖစ္သြားပါတယ္။ စိတ္ကူးထဲက အတိုင္း အေႁခြအရံေတြ ခစားရင္း ေပ်ာ္ပါးေနလိုက္တာ မၾကာပါဘူး ဘုရင္ ႂကြလာပါေရာ။

အဲဒီအခ်ိန္ သူစံစားေနတဲ့ အမတ္စည္းစိမ္ေတြ အသာထားၿပီး ဘုရင့္ကို ဒူးေထာက္ ခစားရတာေပါ့။ သူက စဥ္းစားတယ္။ အမတ္ ျဖစ္တာလည္း မေကာင္းဘူး ဘုရင္က ပိုေကာင္းတယ္။ ေတာ္ၿပီ အမတ္မလုပ္ေတာ့ဘူး ဘုရင္ပဲ လုပ္ေတာ့မယ္ဆိုၿပီး စိတ္ကူးထဲမွာ သူဟာ ဘုရင္ျဖစ္သြားတာေပါ့။ စိတ္ကူးထဲက အတိုင္း သူျဖစ္ခ်င္တဲ့ ဘုရင္ျဖစ္သြားေတာ့ အေပ်ာ္ႀကီးေပ်ာ္ရင္း တိုင္းခန္း လွည့္လည္တာေပါ့။

အဲဒီခ်ိန္မွာ ေနက အရမ္းပူ၊ ဘုရင္လည္း ေနပူတဲ့ဒါဏ္ကို မခံစားႏိုင္ျပန္ဘူး။ သူက စဥ္းစားတယ္။ ဘုရင္ျဖစ္တာေတာင္ ငါ့ကိုႏိုင္တဲ့ ေနမင္းႀကီးက ရွိေသးတယ္။ ေတာ္ၿပီ ဘုရင္ မလုပ္ေတာ့ဘူး။ ေနမင္းႀကီးပဲ ငါလုပ္ေတာ့မယ္ဆိုၿပီး သူ႔စိတ္ကူးထဲမွာ သူဟာ ေနမင္းႀကီး ျဖစ္သြားတာေပါ့။

သူျဖစ္ခ်င္တဲ့ ေနမင္းႀကီးလည္း ျဖစ္ေရာ တေလာကလုံး က်စ္က်စ္ေတာက္ေအာင္ ပူစမ္းဆိုၿပီး ေနေတြ အရမ္းပူပစ္လိုက္တယ္။အဲဒီခ်ိန္မွာ တိမ္တိုက္ေတြက ေပၚလာၿပီး အပူရွိန္ေတြကို ကာေပးလိုက္တယ္။ တိမ္ေတြက ေအာက္မွာ ဖုံးထားေတာ့ သူပူခ်င္တိုင္းလည္း ပူလို႔ မရေတာ့ဘူးေပါ့။

အဲဒါနဲ႔ သူက စဥ္းစားတယ္။ ေနျဖစ္ရတာလည္း မေကာင္းဘူး။ တိမ္တိုက္ကို မႏိုင္ဘူး။ ေတာ္ၿပီ ငါ ေနမင္းႀကီး မလုပ္ေတာ့ဘူး တိမ္တိုက္ပဲ လုပ္ေတာ့မယ္ ဆိုၿပီး စိတ္ကူးထဲမွာ သူဟာ တိမ္တိုက္ႀကီး ျဖစ္သြားတာေပါ့။ တိမ္တိုက္ႀကီးလည္း ျဖစ္ေရာ ေနမင္းႀကီး မပူႏိုင္ေအာင္ သူက ကာေပးထားတယ္ေပါ့။

မၾကာပါဘူး ေလေတြ တိုက္လိုက္တာ တိမ္တိုက္ႀကီးလည္း ေလထဲ ပါသြားပါေရာ။ အဲဒါနဲ႔ သူက ျပန္စဥ္းစားတယ္။ တိမ္တိုက္ျဖစ္ရတာလည္ မေကာင္းဘူး။ ေတာ္ၿပီ ေလနတ္သားပဲ ငါလုပ္ေတာ့မယ္ ဆိုၿပီး စိတ္ကူးထဲမွာ သူဟာ ေလနတ္သား ျဖစ္သြားျပန္ပါေရာ။

ေလနတ္သားလည္း ျဖစ္ေရာ ေလေတြ အသကုန္ တိုက္ပစ္လိုက္တယ္။ အိမ္ေတြၿပိဳ သစ္ပင္ေတြ လဲလို႔ေပါ့။ အဲဒါနဲ႔ ေလနတ္သား ျဖစ္တဲ့သူဟာ ေက်ာက္ေတာင္ႀကီးကို ျမင္ၿပီး ေက်ာက္ေတာင္ႀကီး ၿပိဳေအာင္ တိုက္တာေပါ့။ သူဘယ္ေလာက္ တိုက္တိုက္ ေက်ာက္ေတာင္ႀကီးက မၿပိဳဘူး။

အဲဒါနဲ႔ သူက စဥ္းစားျပန္ေရာ။ ေလနတ္သား ျဖစ္တာလည္း မေကာင္းဘူး။ ေက်ာက္ေတာင္ႀကီးပဲ ျဖစ္ေတာ့မယ္ ဆိုၿပီး စိတ္ကူးထဲကအတိုင္း ေက်ာက္ေတာင္ႀကီး ျဖစ္သြားျပန္ေရာ။ ေက်ာက္ေတာင္ႀကီး ျဖစ္သြားေတာ့ ေလတိုက္တဲ့ ဒါဏ္ကို ၿပဳံးၿပဳံးႀကီး ခံစားရင္း ပ်က္ရယ္ျပဳတာေပါ့။ ကဲ ဘာတက္ႏိုင္ေသးလဲ ငါ့ကို ဘယ္သူမွၿပိဳေအာင္ မလုပ္ႏိုင္ေတာ့ဘူးဆိုၿပီး ေပ်ာ္ေနလိုက္တာ ေတာင္ေအာက္မွာ ေတာက္ ေတာက္ နဲ႔ အသံၾကားပါေရာ။

အသံၾကားလို႔ ငုံ႔ၾကည့္မွ "အမေလးဗ်ာ ငါ့ေက်ာက္ေတာင္ႀကီး တေျဖးေျဖးနဲ႔ ကုန္ပါေရာလား။ ဘယ္သူက ငါ့ကို ၿဖိဳႏိုင္တာလဲ" လို႔ ၾကည့္လိုက္မွ ေက်ာက္တူးသမားေလး ျဖစ္ေနပါေရာ။ အဲဒါနဲ႔ စဥ္းစားတယ္။

"ေတာ္ၿပီ ငါ ေက်ာက္ေတာင္ႀကီးလည္း မျဖစ္ခ်င္ေတာ့ဘူး ေက်ာက္တူးသမားပဲ ျဖစ္ခ်င္ေတာ့တယ္" ဆိုၿပီး စိတ္ကူးယဥ္လာလိုက္တာ သူအလုပ္လုပ္ရမဲ့ ေက်ာက္ေတာင္လည္း ေရာက္ေရာ သူလည္း ေက်ာက္တူးသမားေလး ျပန္ျဖစ္သြားပါေလေရာ တဲ့။

ေျပာခ်င္တာကေတာ့ သူမ်ားေတြကို အားမက်ပါနဲ႔။ လူတိုင္းမွာ အပူပင္ကိုယ္စီနဲ႔ပါ။ သူ႔ကိုငါ အားက်လိုက္တာလို႔ မေတြးပါနဲ႔။ သူလည္း သူ႔အပူနဲ႔သူ ရွိပါတယ္။ လက္ရွိဘဝကို အေကာင္းဆုံး ျဖစ္ေအာင္ ႀကိဳးစားရင္ တေန႔ေန႔ေတာ့ မုခ် ေအာင္ျမင္မွာပါ။ Crd

Zombie (lovemedia)

Post a Comment

0 Comments