အအေးမိတာက နေရခက်တဲ့ ခံစားချက်ပါ။ အအေးမိတာကြောင့် နှာရည်တွေ ကျနေရင် အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ရမှာပါ။
အအေးမိတဲ့အခါ နှာရည်တွေက မတူညီတဲ့အရောင်တွေနဲ့ ကျလာတတ်ပါတယ်။ နှာရည်အရောင်ကနေ သင့်ရဲ့ကျန်းမာရေးအခြေအနေကို သိရှိနိုင်ပါတယ်။
အကြည်
အအေးမိတဲ့အခါ နှာရည်အကြည်တွေ ကျလာတာက ပုံမှန်ပါပဲ။ နှာရည်ကျလာတဲ့အပြင် နှာချေတာ၊ နှာခေါင်းမွှန်တာ၊ မျက်ရည်ထွက်တာ၊ လည်ချောင်းယားတာကိုလည်း ခံစားရပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ နေမကောင်းမဖြစ်ဘဲနဲ့ နှာရည်အကြည်ကျတာက ဟော်မုန်းအပြောင်းအလဲကြောင့်ပါ။
အဖြူရောင်
အဖြူရောင်နှာရည်တွေ ကျလာရင်လည်း စိတ်ပူစရာမလိုပါဘူး။ ပုံမှန်အအေးမိတာကြောင့်ဖြစ်ပြီး ရက်အနည်းငယ်အတွင်းမှာ ပျောက်သွားလေ့ရှိပါတယ်။ ဒါပေမယ့် အဖြူရောင်နှာရည်တွေ ကျလာပြီးတဲ့အခါ ခေါင်းကိုက်တာကို ခံစားရပါတယ်။
အဝါရောင်
အဝါရောင်နှာရည်တွေ ကျလာရတဲ့အဓိပ္ပါယ်ကတော့ ခန္ဓာကိုယ်ထဲမှာ ဝင်ရောက်နေတဲ့ ဗိုင်းရပ်စ်တွေကို ကိုယ်ခံအားက ပြန်လည်တိုက်ထုတ်နေတာပါ။ အဝါရောင်နှာရည်ကျတာက ကြာရှည်လေ့မရှိဘဲ ရက်အနည်းငယ်အတွင်းမှာ သက်သာသွားလေ့ရှိပါတယ်။
အစိမ်းရောင်
နေမကောင်းဖြစ်တဲ့အခါ အစိမ်းရောင် နှာရည်တွေ ကျလာရင်တော့ သတိထားသင့်ပါတယ်။ ခန္ဓာကိုယ်ကိုယ်ခံအားက ဗိုင်းရပ်စ်တွေကို ပြင်းပြင်းထန်ထန်တိုက်ထုတ်နေရရင် အစိမ်းရောင် နှာရည်တွေ ကျလာပါတယ်။ အဆက်မပြတ်ကျလာပြီး ရက်အနည်းငယ်နဲ့ မပျောက်သွားရင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
ပန်းရောင် သို့မဟုတ် အနီရောင်
ပန်းရောင် သို့မဟုတ် အနီရောင် နှာရည်တွေ ကျလာရင် နှာခေါင်းထဲ လက်ထည့်တာကို ရှောင်သင့်ပါတယ်။ နှာခေါင်းထဲ လက်ခဏခဏထည့်တာကြောင့် သွေးကြောလေးတွေ နာကျင်သွားတတ်ပါတယ်။
နှာခေါင်းထဲမှာ ရေနံဂျယ်လီလေးကို လိမ်းထားပေးလို့ရပါတယ်။ မကြာခဏနှာခေါင်းသွေးယိုနေရင်တော့ ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
အညိုရောင်
ဖုန် သို့မဟုတ် အရောင်ပါတဲ့အရာတစ်ခုခုကို ရှူရှိုက်မိတဲ့အခါ နှာရည်ရဲ့အရောင်က ပြောင်းလဲသွားပါတယ်။ ပုံမှန်ဖြစ်တာကြောင့် အရမ်းစိတ်ပူဖို့ မလိုအပ်ပါဘူး။
အနက်ရောင်
လေထုညစ်ညမ်းတာ၊ ဆေးလိပ်သောက်တာ၊ မူးယစ်ဆေးဝါးသုံးစွဲတာတို့ပြုလုပ်တဲ့အခါ နှာရည်က အနက် သို့မဟုတ် မီးခိုးရောင်ကို ပြောင်းလဲသွားတတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ပြင်းထန်တဲ့ကူးစက်ရောဂါဖြစ်တဲ့အခြေအနေမှာလည်း နှာရည်အရောင်က ပြောင်းလဲနေတတ်ပါတယ်။
Zombie (lovemedia)
for zawgyi
ႏွာရည္အေရာင္ကေန သိႏိုင္မယ့္ က်န္းမာေရးအေျခအေန
အေအးမိတာက ေနရခက္တဲ့ ခံစားခ်က္ပါ။ အေအးမိတာေၾကာင့္ ႏွာရည္ေတြ က်ေနရင္ အရမ္းကို စိတ္အေႏွာင့္အယွက္ျဖစ္ရမွာပါ။
အေအးမိတဲ့အခါ ႏွာရည္ေတြက မတူညီတဲ့အေရာင္ေတြနဲ႔ က်လာတတ္ပါတယ္။ ႏွာရည္အေရာင္ကေန သင့္ရဲ႕က်န္းမာေရးအေျခအေနကို သိရွိႏိုင္ပါတယ္။
အၾကည္
အေအးမိတဲ့အခါ ႏွာရည္အၾကည္ေတြ က်လာတာက ပုံမွန္ပါပဲ။ ႏွာရည္က်လာတဲ့အျပင္ ႏွာေခ်တာ၊ ႏွာေခါင္းမႊန္တာ၊ မ်က္ရည္ထြက္တာ၊ လည္ေခ်ာင္းယားတာကိုလည္း ခံစားရပါတယ္။ ကိုယ္ဝန္ေဆာင္ခ်ိန္မွာ ေနမေကာင္းမျဖစ္ဘဲနဲ႔ ႏွာရည္အၾကည္က်တာက ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ပါ။
အျဖဴေရာင္
အျဖဴေရာင္ႏွာရည္ေတြ က်လာရင္လည္း စိတ္ပူစရာမလိုပါဘူး။ ပုံမွန္အေအးမိတာေၾကာင့္ျဖစ္ၿပီး ရက္အနည္းငယ္အတြင္းမွာ ေပ်ာက္သြားေလ့ရွိပါတယ္။ ဒါေပမယ့္ အျဖဴေရာင္ႏွာရည္ေတြ က်လာၿပီးတဲ့အခါ ေခါင္းကိုက္တာကို ခံစားရပါတယ္။
အဝါေရာင္
အဝါေရာင္ႏွာရည္ေတြ က်လာရတဲ့အဓိပၸါယ္ကေတာ့ ခႏၶာကိုယ္ထဲမွာ ဝင္ေရာက္ေနတဲ့ ဗိုင္းရပ္စ္ေတြကို ကိုယ္ခံအားက ျပန္လည္တိုက္ထုတ္ေနတာပါ။ အဝါေရာင္ႏွာရည္က်တာက ၾကာရွည္ေလ့မရွိဘဲ ရက္အနည္းငယ္အတြင္းမွာ သက္သာသြားေလ့ရွိပါတယ္။
အစိမ္းေရာင္
ေနမေကာင္းျဖစ္တဲ့အခါ အစိမ္းေရာင္ ႏွာရည္ေတြ က်လာရင္ေတာ့ သတိထားသင့္ပါတယ္။ ခႏၶာကိုယ္ကိုယ္ခံအားက ဗိုင္းရပ္စ္ေတြကို ျပင္းျပင္းထန္ထန္တိုက္ထုတ္ေနရရင္ အစိမ္းေရာင္ ႏွာရည္ေတြ က်လာပါတယ္။ အဆက္မျပတ္က်လာၿပီး ရက္အနည္းငယ္နဲ႔ မေပ်ာက္သြားရင္ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။
ပန္းေရာင္ သို႔မဟုတ္ အနီေရာင္
ပန္းေရာင္ သို႔မဟုတ္ အနီေရာင္ ႏွာရည္ေတြ က်လာရင္ ႏွာေခါင္းထဲ လက္ထည့္တာကို ေရွာင္သင့္ပါတယ္။ ႏွာေခါင္းထဲ လက္ခဏခဏထည့္တာေၾကာင့္ ေသြးေၾကာေလးေတြ နာက်င္သြားတတ္ပါတယ္။
ႏွာေခါင္းထဲမွာ ေရနံဂ်ယ္လီေလးကို လိမ္းထားေပးလို႔ရပါတယ္။ မၾကာခဏႏွာေခါင္းေသြးယိုေနရင္ေတာ့ ဆရာဝန္နဲ႔ ျပသသင့္ပါတယ္။
အညိဳေရာင္
ဖုန္ သို႔မဟုတ္ အေရာင္ပါတဲ့အရာတစ္ခုခုကို ရႉရႈိက္မိတဲ့အခါ ႏွာရည္ရဲ႕အေရာင္က ေျပာင္းလဲသြားပါတယ္။ ပုံမွန္ျဖစ္တာေၾကာင့္ အရမ္းစိတ္ပူဖို႔ မလိုအပ္ပါဘူး။
အနက္ေရာင္
ေလထုညစ္ညမ္းတာ၊ ေဆးလိပ္ေသာက္တာ၊ မူးယစ္ေဆးဝါးသုံးစြဲတာတို႔ျပဳလုပ္တဲ့အခါ ႏွာရည္က အနက္ သို႔မဟုတ္ မီးခိုးေရာင္ကို ေျပာင္းလဲသြားတတ္ပါတယ္။ ခႏၶာကိုယ္ထဲမွာ ျပင္းထန္တဲ့ကူးစက္ေရာဂါျဖစ္တဲ့အေျခအေနမွာလည္း ႏွာရည္အေရာင္က ေျပာင္းလဲေနတတ္ပါတယ္။
Zombie (lovemedia)
0 Comments