တခါတုန်းက မြစ်ငယ်တခုရဲ့ ကမ်းနားဘေးမှာ သစ်ပင်လေးတပင် ရှင်သန်နေသလို အဲဒီသစ်ပင်ရဲ့ အရိပ်ကို ခိုနေတဲ့ မိချောင်း နှစ်ကောင်ကလည်း မြစ်ထဲမှာ နေထိုင်နေကြသည်။

သစ်ပင်ရဲ့ အောက်ခြေ အခေါင်းပေါက်ထဲမှာ မြွေတကောင်ကလည်း နေထိုင်နေသလို အဲဒီမြွေကို စားချင်နေသည့် နှစ်ပေါင်းများစွာ ချောင်းနေသော ထိုနားဝန်ကျင် ကျင်လည်နေသည့် ခြင်္သေ့ကြီးတကောင်ကလည်း ရှိသည်။

တနေ့ ထင်းခုတ်သား လုလင်တယောက်ဟာ ထင်းရရန်အတွက် လိုက်ရှာဖွေနေရင်း ကမ်းနာတွင် ရှင်သန်နေသော သစ်ပင်ကိုဝမ်းသာအားရ အားကြိုးမာန်တက်ဖြင့် ခုတ်လှဲနေစဉ် လူ၏ အနံ့ကိုရသော သစ်ခေါင်းထဲမှ မြွေဟာ ကိုက်ခဲဖို့ရန် ထွက်လာခဲ့သည်။

သစ်ခုတ်သမားလည်း ထိုမြွေကို မြင်ရ၍ ကြောက်လန့်ကာ အသက်ဘေးနှင့် ရင်ဆိုင် ကြောက်လန့်သည့်အတွက် ပုဆိန်ဖြင့် ထိုမြွေကို ခုတ်ဖြတ်ဖို့ မေ့လျော့ကာ ပုဆိန်ကို ပစ်ချ၍ အပင်ပေါ်သို့ အတင်း တက်ပြေးလေသည်။

လုလင်၏ အဖြစ်ကို မြင်နေသော မိချောင်းနှစ်ကောင်ကလည်း အပင်မှ ပြုတ်ကျလာလျင် ကိုက်သတ်စားရန် အရန်သင့် စောင့်ဆိုင်းနေလေသည်။ ခြင်္သေ့ကြီးကလည်း တွင်းခေါင်းထဲမှ ထွက်လာသော မြွေကို မြင်ကာ အခွင့်ရေးကျပြီဟု ဆိုကာ ထိုမြွေ၏ အဆင်းကို အောက်မှစောင့်မျှော်နေလေသည်။

ထင်းခုတ်သမားလုလင်သည် သစ်ကိုင်းအား တွဲခိုလျက် အခက်ခဲဖြင့် ရင်ဆိုင်နေရတဲ့အချိန် လွတ်မြောက်ရန်အတွက် လက်နက်ဆိုတာလည်း ဘာမျှမရှိ၊ ဦးနှောက်ကို အသုံးချပြုမှ အသက်ဘေးက လွတ်မြောက်မည်ကို သုံးသပ်မိလိုက်သည်။

ထို့နောက် သစ်ခုတ်သမားဟာ သူ အောက်ကို ပြုတ်ကျသောအခါ စားသောက်ရန် အသင့်စောင့်နေသော မိချောင်းနှစ်ကောင်ကို ကြည့်ကာ အားပါးတရ ဟားတိုက်ကာဖြင့် ရယ်လိုက်သည်။

မိချောင်းနှစ်ကောင်ဟာ လုလင်၏ အဖြစ်သနစ်ကို ကြည့်၍ "အသက်ဘေးနဲ့ ရင်ဆိုင်နေရတာတောင် ရယ်နိုင်သေးတယ်။ ဘာကြောင့်များလဲ" ဟု မေးမြန်းလိုက်လေ၏။

"ငါရယ်လိုက်ရတဲ့ အကြောင်းက တခြားမဟုတ် မြွေကိုက်၍ အောက်ကို ပြုတ်ကျခဲ့လျှင် ငါ့ခန္ဓာသည်ကား ပကတိ ခန္ဓာကိုယ် အနေထားမျိုး မဟုတ်တော့ အဆိပ်သင့်နေတဲ့ ခန္ဓာ၊ အဆိပ်တုံးကြီးသာ ဖြစ်မည်။

အဆိပ်တွေ ဖုံးလွှမ်းနေတဲ့ ငါ့ခန္ဓာကိုယ်ကို သင်တို့ စားသောက်ခဲ့ပါလျှင် ငါ့လိုပဲ သင်တို့လည်း မကြာမီအချိန်မှာ အဆိပ်သင့်လို့သေရတော့မည်ကို တွေး၍ ဒါကို မသိရလေသလားဟု သင်တို့ရဲ့ အတွေးခေါ်ဉာဏ်သည် နုံချာလွန်းလှ၍ ငါသည် ရယ်မောရခြင်းဖြစ်သည်" လို့ ဖြေလေ၏။

ထိုအချိန်မှာ မိချောင်းနှစ်ကောင်ဟာ ဖြစ်လာမယ့် ဖြစ်စဉ်ကို ပြန်သုံးသပ်လိုက်သောအခါ လုလင်ပြောတာ ဟုတ်နေတာပဲ ဆိုကာဖြင့် မိချောင်းများသည် ထိန့်လန့်ကာ နေလေ၏။ ထင်းခုတ်သမားလုလင်သည် မြွေဘက်သို့ လှည့်၍

"အသင်မြွေမင်း ငါ့ကို သင်ကိုက်လိုက ကိုက်လို့ရပါသည်။ သို့သော်လည်း ငါသေသလို သင်လည်း ခြင်္သေ့က ပြန်လည်ကိုက်သတ်၍ သေရမည့်သူသာ ဖြစ်၏" လို့ ပြောလိုက်လေသည်။

ထိုအခါ ခြင်္သေ့ကလည်း "လုလင်ပြောတာ မှန်၏။ သင့်ကိုစားချင်သည်မှာ နှစ်ပေါင်းများမက စောင့်စားခဲ့ရသည်။ ဒီနေ့တော့ စောင့်ရကျိုးနပ်ပြီ" လို့ ခြင်္သေ့က မြွေကို ပြောလိုက်သည်။

ထိုအခါ မြွေကလည်း "ခြင်္သေ့ကြီး အသင်ဟာ ငါ့ကို သုံးချက်လောက် ကိုက်ပါက သင့်ကို ငါကလည်း တချက်လောက်တော့ ပြန်ကိုက်နိုင်သေး၏။ သင့်ကြောင့် ငါသေရသလို သင်လည်း ငါ့ရဲ့ အဆိပ်ကြောင့် သေရမည် မဟုတ်လား" ဟု မြွေက ပြောပြလေ၏။

အားလုံးဟာ အပြန်အလှန် သေရတော့မည်ကို ကြောက်လန့်ကြသောအခါ မိချောင်းက "အသင်လုလင် ငါတို့သည် အဆိပ်သင့်နေသော သင့်ခန္ဓာကိုအား လုံးဝအလိုမရှိ" ခြင်္သေ့ကြီးကလည်း

"သင်မြွေမင်း တဝမ်းဝရုံဖြင့် ငါ့အသက်အား မလဲနိုင်" မြွေကလည်း "အသင်လုလင်၊ သင်သည် ငါမသိသော ငါ့အသက်အန္တရာယ်ကို သင်ဖော်ပြပေး၏။ ကျေးဇူးရှင်ဖြစ်သော သင့်အား ငါသည် မကိုက်လို"

ဤသို့ဖြင့် တယောက်နှင့် တယောက်တို့၏ အသက်အန္တရာယ် အခက်အခဲတို့ကို အတူတကွ ဖြေရှင်းလိုက်ကြပါတယ်။ အဲဒီနောက်မှာတော့ အဆိုပါ သတ္တဝါတွေဟာ မေတ္တာတွေ ဂဟေဆက် ပေါင်းဖတ်ကာ သင့်မြတ်သွားကြလို့ တသက်လုံး အတူတကွနေထိုင်သွားကြ ပါတော့သည်။ Crd

for zawgyi

ဉာဏ္ေကာင္းေသာ သစ္ခုတ္သမား

တခါတုန္းက ျမစ္ငယ္တခုရဲ႕ ကမ္းနားေဘးမွာ သစ္ပင္ေလးတပင္ ရွင္သန္ေနသလို အဲဒီသစ္ပင္ရဲ႕ အရိပ္ကို ခိုေနတဲ့ မိေခ်ာင္း ႏွစ္ေကာင္ကလည္း ျမစ္ထဲမွာ ေနထိုင္ေနၾကသည္။

သစ္ပင္ရဲ႕ ေအာက္ေျခ အေခါင္းေပါက္ထဲမွာ ေႁမြတေကာင္ကလည္း ေနထိုင္ေနသလို အဲဒီေႁမြကို စားခ်င္ေနသည့္ ႏွစ္ေပါင္းမ်ားစြာ ေခ်ာင္းေနေသာ ထိုနားဝန္က်င္ က်င္လည္ေနသည့္ ျခေသၤ့ႀကီးတေကာင္ကလည္း ရွိသည္။

တေန႔ ထင္းခုတ္သား လုလင္တေယာက္ဟာ ထင္းရရန္အတြက္ လိုက္ရွာေဖြေနရင္း ကမ္းနာတြင္ ရွင္သန္ေနေသာ သစ္ပင္ကိုဝမ္းသာအားရ အားႀကိဳးမာန္တက္ျဖင့္ ခုတ္လွဲေနစဥ္ လူ၏ အနံ႔ကိုရေသာ သစ္ေခါင္းထဲမွ ေႁမြဟာ ကိုက္ခဲဖို႔ရန္ ထြက္လာခဲ့သည္။

သစ္ခုတ္သမားလည္း ထိုေႁမြကို ျမင္ရ၍ ေၾကာက္လန႔္ကာ အသက္ေဘးႏွင့္ ရင္ဆိုင္ ေၾကာက္လန႔္သည့္အတြက္ ပုဆိန္ျဖင့္ ထိုေႁမြကို ခုတ္ျဖတ္ဖို႔ ေမ့ေလ်ာ့ကာ ပုဆိန္ကို ပစ္ခ်၍ အပင္ေပၚသို႔ အတင္း တက္ေျပးေလသည္။

လုလင္၏ အျဖစ္ကို ျမင္ေနေသာ မိေခ်ာင္းႏွစ္ေကာင္ကလည္း အပင္မွ ျပဳတ္က်လာလ်င္ ကိုက္သတ္စားရန္ အရန္သင့္ ေစာင့္ဆိုင္းေနေလသည္။ ျခေသၤ့ႀကီးကလည္း တြင္းေခါင္းထဲမွ ထြက္လာေသာ ေႁမြကို ျမင္ကာ အခြင့္ေရးက်ၿပီဟု ဆိုကာ ထိုေႁမြ၏ အဆင္းကို ေအာက္မွေစာင့္ေမွ်ာ္ေနေလသည္။

ထင္းခုတ္သမားလုလင္သည္ သစ္ကိုင္းအား တြဲခိုလ်က္ အခက္ခဲျဖင့္ ရင္ဆိုင္ေနရတဲ့အခ်ိန္ လြတ္ေျမာက္ရန္အတြက္ လက္နက္ဆိုတာလည္း ဘာမွ်မရွိ၊ ဦးေႏွာက္ကို အသုံးခ်ျပဳမွ အသက္ေဘးက လြတ္ေျမာက္မည္ကို သုံးသပ္မိလိုက္သည္။

ထို႔ေနာက္ သစ္ခုတ္သမားဟာ သူ ေအာက္ကို ျပဳတ္က်ေသာအခါ စားေသာက္ရန္ အသင့္ေစာင့္ေနေသာ မိေခ်ာင္းႏွစ္ေကာင္ကို ၾကည့္ကာ အားပါးတရ ဟားတိုက္ကာျဖင့္ ရယ္လိုက္သည္။

မိေခ်ာင္းႏွစ္ေကာင္ဟာ လုလင္၏ အျဖစ္သနစ္ကို ၾကည့္၍ "အသက္ေဘးနဲ႔ ရင္ဆိုင္ေနရတာေတာင္ ရယ္ႏိုင္ေသးတယ္။ ဘာေၾကာင့္မ်ားလဲ" ဟု ေမးျမန္းလိုက္ေလ၏။

"ငါရယ္လိုက္ရတဲ့ အေၾကာင္းက တျခားမဟုတ္ ေႁမြကိုက္၍ ေအာက္ကို ျပဳတ္က်ခဲ့လွ်င္ ငါ့ခႏၶာသည္ကား ပကတိ ခႏၶာကိုယ္ အေနထားမ်ိဳး မဟုတ္ေတာ့ အဆိပ္သင့္ေနတဲ့ ခႏၶာ၊ အဆိပ္တုံးႀကီးသာ ျဖစ္မည္။

အဆိပ္ေတြ ဖုံးလႊမ္းေနတဲ့ ငါ့ခႏၶာကိုယ္ကို သင္တို႔ စားေသာက္ခဲ့ပါလွ်င္ ငါ့လိုပဲ သင္တို႔လည္း မၾကာမီအခ်ိန္မွာ အဆိပ္သင့္လို႔ေသရေတာ့မည္ကို ေတြး၍ ဒါကို မသိရေလသလားဟု သင္တို႔ရဲ႕ အေတြးေခၚဉာဏ္သည္ ႏုံခ်ာလြန္းလွ၍ ငါသည္ ရယ္ေမာရျခင္းျဖစ္သည္" လို႔ ေျဖေလ၏။

ထိုအခ်ိန္မွာ မိေခ်ာင္းႏွစ္ေကာင္ဟာ ျဖစ္လာမယ့္ ျဖစ္စဥ္ကို ျပန္သုံးသပ္လိုက္ေသာအခါ လုလင္ေျပာတာ ဟုတ္ေနတာပဲ ဆိုကာျဖင့္ မိေခ်ာင္းမ်ားသည္ ထိန႔္လန႔္ကာ ေနေလ၏။ ထင္းခုတ္သမားလုလင္သည္ ေႁမြဘက္သို႔ လွည့္၍

"အသင္ေႁမြမင္း ငါ့ကို သင္ကိုက္လိုက ကိုက္လို႔ရပါသည္။ သို႔ေသာ္လည္း ငါေသသလို သင္လည္း ျခေသၤ့က ျပန္လည္ကိုက္သတ္၍ ေသရမည့္သူသာ ျဖစ္၏" လို႔ ေျပာလိုက္ေလသည္။

ထိုအခါ ျခေသၤ့ကလည္း "လုလင္ေျပာတာ မွန္၏။ သင့္ကိုစားခ်င္သည္မွာ ႏွစ္ေပါင္းမ်ားမက ေစာင့္စားခဲ့ရသည္။ ဒီေန႔ေတာ့ ေစာင့္ရက်ိဳးနပ္ၿပီ" လို႔ ျခေသၤ့က ေႁမြကို ေျပာလိုက္သည္။

ထိုအခါ ေႁမြကလည္း "ျခေသၤ့ႀကီး အသင္ဟာ ငါ့ကို သုံးခ်က္ေလာက္ ကိုက္ပါက သင့္ကို ငါကလည္း တခ်က္ေလာက္ေတာ့ ျပန္ကိုက္ႏိုင္ေသး၏။ သင့္ေၾကာင့္ ငါေသရသလို သင္လည္း ငါ့ရဲ႕ အဆိပ္ေၾကာင့္ ေသရမည္ မဟုတ္လား" ဟု ေႁမြက ေျပာျပေလ၏။

အားလုံးဟာ အျပန္အလွန္ ေသရေတာ့မည္ကို ေၾကာက္လန႔္ၾကေသာအခါ မိေခ်ာင္းက "အသင္လုလင္ ငါတို႔သည္ အဆိပ္သင့္ေနေသာ သင့္ခႏၶာကိုအား လုံးဝအလိုမရွိ" ျခေသၤ့ႀကီးကလည္း

"သင္ေႁမြမင္း တဝမ္းဝ႐ုံျဖင့္ ငါ့အသက္အား မလဲႏိုင္" ေႁမြကလည္း "အသင္လုလင္၊ သင္သည္ ငါမသိေသာ ငါ့အသက္အႏၲရာယ္ကို သင္ေဖာ္ျပေပး၏။ ေက်းဇူးရွင္ျဖစ္ေသာ သင့္အား ငါသည္ မကိုက္လို"

ဤသို႔ျဖင့္ တေယာက္ႏွင့္ တေယာက္တို႔၏ အသက္အႏၲရာယ္ အခက္အခဲတို႔ကို အတူတကြ ေျဖရွင္းလိုက္ၾကပါတယ္။ အဲဒီေနာက္မွာေတာ့ အဆိုပါ သတၱဝါေတြဟာ ေမတၱာေတြ ဂေဟဆက္ ေပါင္းဖတ္ကာ သင့္ျမတ္သြားၾကလို႔ တသက္လုံး အတူတကြေနထိုင္သြားၾက ပါေတာ့သည္။ Crd