ခုန်ထွက်ရမည့်အချိန်

ဖားအရှင် တကောင်ကို ရေထည့်ထားတဲ့ အိုးထဲထည့်လို့ မီးအပူ ပေးလိုက်ပါ။ ရေရဲ့ အပူချိန် မြင့်တက်လာလေလေ၊ ဖားရဲ့ ကိုယ်ခန္ဓာ အပူချိန်ဟာလည်း သဘာဝအလျောက် ရေအပူချိန်နဲ့ လိုက်လို့ ပြောင်းလဲ လာပါလိမ့်မယ်။ ဒီလိုပဲ ရေရဲ့အပူချိန် မြင့်လာလေလေ၊ ဖားရဲ့ ခန္ဓာကိုယ် အပူချိန်လည်း မြင့်လာလေလေပေါ့။

ဒါပေမယ့် တဖြည်းဖြည်းနဲ့ ရေဟာ ရေဆူမှတ်ကို ရောက်လာချိန်မှာတော့ ဖားဟာ ရေရဲ့ အပူချိန်အတိုင်း သူ့ခန္ဓာကိုယ် အပူချိန်ကို လိုက်မပြောင်းနိုင်တော့ဘူး။ ထိုအချိန်မှာ ဖားဟာ အိုးထဲက ခုန်ထွက်ဖို့ ကြိုးစားပါလိမ့်မယ်။

ဒါပေမယ့် သူ့ရဲ့ကြိုးစားမှုဟာ မအောင်မြင်တော့ပါဘူး။ ဘာလို့လဲဆိုတော့ ရေရဲ့ အပူချိန်အတိုင်း လိုက်ပြောင်းရင်းနဲ့ သူ့ရဲ့ခွန်အားတွေဟာ ဆုံးရှုံးခဲ့ရပြီ ဖြစ်လို့ပါပဲ။ ဒီလိုနဲ့ ဖားဟာ အသက်ဆုံးရှုံး သွားရပါတယ်။

ဒါဆို ဖားကို ဘာက သေစေတာလဲ။ အများစုက ရေနွေးပူကြောင့်လို့ ဖြေကြပါလိမ့်မယ်။ ဒါပေမယ့် အမှန်တကယ်ကတော့ ခုန်ထွက်လို့ရတဲ့ အချိန်မှာ ခုန်ထွက်ဖို့ မစဉ်းစားတတ်ခဲ့တဲ့ သူ့ရဲ့ ဆုံးဖြတ်နိုင်စွမ်း ကြောင့်ပါပဲ။

ကျွန်တော်တို့ အားလုံးဟာ ပတ်ဝန်းကျင်က လူတွေအားလုံးနဲ့ ညှိနှိုင်းဖို့၊ အဆင်ပြေအောင် နေဖို့လိုတယ် ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်မှာ ညှိနှိုင်းရမယ်၊ ဘယ်လိုအခါမှ ရင်ဆိုင်ရမယ် ဆိုတာတော့ စဉ်းစားဖို့ လိုပါတယ်။

တခါတရံမှာ လူတွေဟာ ကိုယ့်ရဲ့ သည်းခံမှု နားလည်ပေးတတ်မှုအပေါ် ဆက်လက်အနိုင်ယူဖို့ ကြိုးစားတတ်လို့၊ အဲ့ဒီအခြေအနေကနေ ဘယ်လိုအချိန်မှာ ခုန်ထွက်ကြမလဲ ဆိုတာကတော့ သင့်ရဲ့ ဆုံးဖြတ်ချက်ပါပဲ။ crd

Zawgyi

ခုန္ထြက္ရမည့္အခ်ိန္

ဖားအရွင္ တေကာင္ကို ေရထည့္ထားတဲ့ အိုးထဲထည့္လို႔ မီးအပူ ေပးလိုက္ပါ။ ေရရဲ႕ အပူခ်ိန္ ျမင့္တက္လာေလေလ၊ ဖားရဲ႕ ကိုယ္ခႏၶာ အပူခ်ိန္ဟာလည္း သဘာဝအေလ်ာက္ ေရအပူခ်ိန္နဲ႔ လိုက္လို႔ ေျပာင္းလဲ လာပါလိမ့္မယ္။ ဒီလိုပဲ ေရရဲ႕အပူခ်ိန္ ျမင့္လာေလေလ၊ ဖားရဲ႕ ခႏၶာကိုယ္ အပူခ်ိန္လည္း ျမင့္လာေလေလေပါ့။

ဒါေပမယ့္ တျဖည္းျဖည္းနဲ႔ ေရဟာ ေရဆူမွတ္ကို ေရာက္လာခ်ိန္မွာေတာ့ ဖားဟာ ေရရဲ႕ အပူခ်ိန္အတိုင္း သူ႔ခႏၶာကိုယ္ အပူခ်ိန္ကို လိုက္မေျပာင္းႏိုင္ေတာ့ဘူး။ ထိုအခ်ိန္မွာ ဖားဟာ အိုးထဲက ခုန္ထြက္ဖို႔ ႀကိဳးစားပါလိမ့္မယ္။

ဒါေပမယ့္ သူ႔ရဲ႕ႀကိဳးစားမႈဟာ မေအာင္ျမင္ေတာ့ပါဘူး။ ဘာလို႔လဲဆိုေတာ့ ေရရဲ႕ အပူခ်ိန္အတိုင္း လိုက္ေျပာင္းရင္းနဲ႔ သူ႔ရဲ႕ခြန္အားေတြဟာ ဆုံးရႈံးခဲ့ရၿပီ ျဖစ္လို႔ပါပဲ။ ဒီလိုနဲ႔ ဖားဟာ အသက္ဆုံးရႈံး သြားရပါတယ္။

ဒါဆို ဖားကို ဘာက ေသေစတာလဲ။ အမ်ားစုက ေရေႏြးပူေၾကာင့္လို႔ ေျဖၾကပါလိမ့္မယ္။ ဒါေပမယ့္ အမွန္တကယ္ကေတာ့ ခုန္ထြက္လို႔ရတဲ့ အခ်ိန္မွာ ခုန္ထြက္ဖို႔ မစဥ္းစားတတ္ခဲ့တဲ့ သူ႔ရဲ႕ ဆုံးျဖတ္ႏိုင္စြမ္း ေၾကာင့္ပါပဲ။

ကြၽန္ေတာ္တို႔ အားလုံးဟာ ပတ္ဝန္းက်င္က လူေတြအားလုံးနဲ႔ ညႇိႏႈိင္းဖို႔၊ အဆင္ေျပေအာင္ ေနဖို႔လိုတယ္ ဆိုတာ မွန္ပါတယ္။ ဒါေပမယ့္ ဘယ္အခ်ိန္မွာ ညႇိႏႈိင္းရမယ္၊ ဘယ္လိုအခါမွ ရင္ဆိုင္ရမယ္ ဆိုတာေတာ့ စဥ္းစားဖို႔ လိုပါတယ္။

တခါတရံမွာ လူေတြဟာ ကိုယ့္ရဲ႕ သည္းခံမႈ နားလည္ေပးတတ္မႈအေပၚ ဆက္လက္အႏိုင္ယူဖို႔ ႀကိဳးစားတတ္လို႔၊ အဲ့ဒီအေျခအေနကေန ဘယ္လိုအခ်ိန္မွာ ခုန္ထြက္ၾကမလဲ ဆိုတာကေတာ့ သင့္ရဲ႕ ဆုံးျဖတ္ခ်က္ပါပဲ။ crd

Post a Comment

0 Comments