မျက်တောင်ခတ်တာနဲ့ ပတ်သက်ပြီး လူသိနည်းတဲ့အချက် (၆) ချက်

လူတစ်ယောက်ဟာ ပျမ်းမျှအားဖြင့် တစ်မိနစ်ကို ၁၀ ကြိမ်ကနေ ၁၅ ကြိမ်ခန့် မျက်တောင်ခတ်လေ့ရှိပါတယ်။ မျက်တောင်ခတ်တာက မျက်လုံးထဲကို အမှုန်တွေ မဝင်အောင် သန့်စင်ပေးပါတယ်။

ဒါ့အပြင် မျက်တောင်ခတ်တာက မျက်လုံးကို အောက်ဆီဂျင်ရရှိစေပြီး အစိုဓာတ်လည်း ဖြည့်ပေးပါတယ်။ မျက်တောင်ခတ်တာနဲ့ပတ်သက်ပြီး လူသိနည်းတဲ့ အချက် (၆) ချက် ရှိပါသေးတယ်။

၁။ မျက်တောင်ခတ်တဲ့အချိန်မှာ ဦးနှောက်က ခဏတာ အနားရပါတယ်။

ခန္ဓာကိုယ်ရဲ့လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ မျက်တောင်ခတ်တာက အရေးပါတဲ့အရာတစ်ခုပါ။ မျက်တောင်ခတ်ခြင်းကြောင့် မျက်လုံးထဲကို ပိုးမွှားတွေ၊ ဖုန်တွေ၊ မဝင်တော့သလို မျက်လုံးကြည့်ရတာလည်း ကြည်လင်လာပါတယ်။

မျက်တောင်ခတ်တဲ့ခဏအတွင်းမှာ ဦးနှောက်ကလည်း ခဏတာအနားရပါတယ်။ ဦးနှောက်က စက္ကန့်ပိုင်းခန့်အနားရတာကြောင့် စဉ်းစားဖို့အချိန်တွေ ပိုရလာပါတယ်။

၂။ လူအများနဲ့ရှိတဲ့အခါ မျက်တောင်ခတ်တာက နည်းပါးသွားလေ့ရှိပါတယ်။

ကွန်ပျူတာ သို့မဟုတ် ဖုန်းသုံးနေချိန်မှာ မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက်က နည်းပါးသွားပါတယ်။ ဒါ့အပြင် စိတ်ဝင်စားစရာတစ်ခုခုပြောနေချိန်မှာလည်း မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက် နည်းပါးသွားပါတယ်။

ဒါပေမယ့် လူစုပြီးတဲ့ ရုပ်ရှင်ကြည့်တဲ့အခါ၊ သတင်းတစ်ခုခုကို အာရုံစိုက်ကြည့်တဲ့အခါ မျက်တောင်ခတ်တဲ့အရေအတွက်က အလိုလိုနည်းပါးသွားပါတယ်။

၃။ တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါ မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက် နည်းပါးသွားပါတယ်။

စိတ်ဝင်စားတဲ့အရာတစ်ခုခုကို တိုက်ရိုက်ကြည့်နေရရင် မျက်တောင်ခတ်ဖို့တောင် သတိမရတော့ပါဘူး။ သဘောကျတဲ့သူတစ်ယောက်ယောက်ကို တွေ့လိုက်ရင် မျက်တောင်မခတ်တမ်းကြည့်မိနေတတ်ပါတယ်။

သင် သဘောကျသူတစ်ယောက်ယောက်ကို တွေ့တဲ့အခါ ခန္ဓာကိုယ်က phenethylamine ဟော်မုန်းနဲ့ oxytocin ဟော်မုန်းထွက်လာပါတယ်။ ချစ်တဲ့စိတ်တွေ၊ သဘောကျတဲ့စိတ်တွေ ဖြစ်ပေါ်လာရင် မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက်က လျော့နည်းသွားပါတယ်။

၄။ တစ်စုံတစ်ယောက်က လိမ်နေလားဆိုတာကို မျက်တောင်ခတ်တာကို ကြည့်ပြီး သိနိုင်ပါတယ်။

လိမ်ပြောတာက စိတ်ဖိစီးမှု ဖြစ်ပေါ်စေပါတယ်။ လိမ်ပြောနေတဲ့အချိန်မှာ စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်တာကြောင့် ပုံမှန်ထက်ပိုပြီး မျက်တောင်ခတ်တဲ့အကြိမ်အရေအတွက် များလာပါတယ်။

ဦးနှောက်က လိမ်ညာဖို့ အချက်အလက်တွေကို ဆက်တိုက်စဉ်းစားနေရတာကြောင့် မျက်တောင်ခဏခဏခတ်ပါတယ်။

၅။ မျက်လုံးတစ်ဖက်တည်းမှိတ်ပြတာက အဓိပ္ပါယ်အများကြီးဖြစ်ပေါ်စေပါတယ်။

တစ်စုံတစ်ယောက်ကို စနောက်လိုတဲ့အခါမှာ မျက်စိတစ်ဖက်မှိတ်ပြတတ်ကြပါတယ်။ ဒီအပြုအမူက ပျော်ရွှင်တဲ့အပြုအမူလို့ ထင်ရစေပါတယ်။

ဒါပေမယ့် အချို့သောနိုင်ငံတွေမှာတော့ မျက်စိတစ်ဖက်မှိတ်ပြတာကို ရိုင်းပျတဲ့အပြုအမူလို့ သတ်မှတ်လေ့ရှိပါတယ်။ မတူညီတဲ့ဒေသတွေကို ခရီးသွားတဲ့အခါ မျက်လုံးတစ်ဖက်မှိတ်ပြတာကို မပြုလုပ်သင့်ပါဘူး။

၆။ မျက်တောင်ခတ်တာကို လေ့ကျင့်လို့ရပါတယ်။

မျက်လုံးထဲကို တစ်ခုခု ဝင်သွားတဲ့အခါ၊ အမြင်အာရုံဝေဝါးလာတဲ့အခါ မျက်တောင်က အလိုလိုခတ်ပြီးသားဖြစ်သွားပါတယ်။

မျက်တောင်ခတ်တာကြောင့် မျက်လုံးခြောက်သွေ့တာ၊ နီရဲတာ၊ ယားတာ သက်သာသွားပါတယ်။ မျက်လုံးကို အပေါ်အောက်၊ ဘယ်ညာပြောင်းကြည့်ပြီး မျက်တေင်ခတ်ရင် မျက်လုံးကျန်းမာရေးအတွက် အကျိုးပြုပါတယ်။

Zombie (lovemedia)

for zawgyi

မ်က္ေတာင္ခတ္တာနဲ႔ ပတ္သက္ၿပီး လူသိနည္းတဲ့အခ်က္ (၆) ခ်က္

လူတစ္ေယာက္ဟာ ပ်မ္းမွ်အားျဖင့္ တစ္မိနစ္ကို ၁၀ ႀကိမ္ကေန ၁၅ ႀကိမ္ခန႔္ မ်က္ေတာင္ခတ္ေလ့ရွိပါတယ္။ မ်က္ေတာင္ခတ္တာက မ်က္လုံးထဲကို အမႈန္ေတြ မဝင္ေအာင္ သန႔္စင္ေပးပါတယ္။

ဒါ့အျပင္ မ်က္ေတာင္ခတ္တာက မ်က္လုံးကို ေအာက္ဆီဂ်င္ရရွိေစၿပီး အစိုဓာတ္လည္း ျဖည့္ေပးပါတယ္။ မ်က္ေတာင္ခတ္တာနဲ႔ပတ္သက္ၿပီး လူသိနည္းတဲ့ အခ်က္ (၆) ခ်က္ ရွိပါေသးတယ္။

၁။ မ်က္ေတာင္ခတ္တဲ့အခ်ိန္မွာ ဦးေႏွာက္က ခဏတာ အနားရပါတယ္။

ခႏၶာကိုယ္ရဲ႕လုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔ မ်က္ေတာင္ခတ္တာက အေရးပါတဲ့အရာတစ္ခုပါ။ မ်က္ေတာင္ခတ္ျခင္းေၾကာင့္ မ်က္လုံးထဲကို ပိုးမႊားေတြ၊ ဖုန္ေတြ၊ မဝင္ေတာ့သလို မ်က္လုံးၾကည့္ရတာလည္း ၾကည္လင္လာပါတယ္။

မ်က္ေတာင္ခတ္တဲ့ခဏအတြင္းမွာ ဦးေႏွာက္ကလည္း ခဏတာအနားရပါတယ္။ ဦးေႏွာက္က စကၠန႔္ပိုင္းခန႔္အနားရတာေၾကာင့္ စဥ္းစားဖို႔အခ်ိန္ေတြ ပိုရလာပါတယ္။

၂။ လူအမ်ားနဲ႔ရွိတဲ့အခါ မ်က္ေတာင္ခတ္တာက နည္းပါးသြားေလ့ရွိပါတယ္။

ကြန္ပ်ဴတာ သို႔မဟုတ္ ဖုန္းသုံးေနခ်ိန္မွာ မ်က္ေတာင္ခတ္တဲ့အႀကိမ္အေရအတြက္က နည္းပါးသြားပါတယ္။ ဒါ့အျပင္ စိတ္ဝင္စားစရာတစ္ခုခုေျပာေနခ်ိန္မွာလည္း မ်က္ေတာင္ခတ္တဲ့အႀကိမ္အေရအတြက္ နည္းပါးသြားပါတယ္။

ဒါေပမယ့္ လူစုၿပီးတဲ့ ႐ုပ္ရွင္ၾကည့္တဲ့အခါ၊ သတင္းတစ္ခုခုကို အာ႐ုံစိုက္ၾကည့္တဲ့အခါ မ်က္ေတာင္ခတ္တဲ့အေရအတြက္က အလိုလိုနည္းပါးသြားပါတယ္။

၃။ တစ္စုံတစ္ေယာက္ကို ခ်စ္မိတဲ့အခါ မ်က္ေတာင္ခတ္တဲ့အႀကိမ္အေရအတြက္ နည္းပါးသြားပါတယ္။

စိတ္ဝင္စားတဲ့အရာတစ္ခုခုကို တိုက္႐ိုက္ၾကည့္ေနရရင္ မ်က္ေတာင္ခတ္ဖို႔ေတာင္ သတိမရေတာ့ပါဘူး။ သေဘာက်တဲ့သူတစ္ေယာက္ေယာက္ကို ေတြ႕လိုက္ရင္ မ်က္ေတာင္မခတ္တမ္းၾကည့္မိေနတတ္ပါတယ္။

သင္ သေဘာက်သူတစ္ေယာက္ေယာက္ကို ေတြ႕တဲ့အခါ ခႏၶာကိုယ္က phenethylamine ေဟာ္မုန္းနဲ႔ oxytocin ေဟာ္မုန္းထြက္လာပါတယ္။ ခ်စ္တဲ့စိတ္ေတြ၊ သေဘာက်တဲ့စိတ္ေတြ ျဖစ္ေပၚလာရင္ မ်က္ေတာင္ခတ္တဲ့အႀကိမ္အေရအတြက္က ေလ်ာ့နည္းသြားပါတယ္။

၄။ တစ္စုံတစ္ေယာက္က လိမ္ေနလားဆိုတာကို မ်က္ေတာင္ခတ္တာကို ၾကည့္ၿပီး သိႏိုင္ပါတယ္။

လိမ္ေျပာတာက စိတ္ဖိစီးမႈ ျဖစ္ေပၚေစပါတယ္။ လိမ္ေျပာေနတဲ့အခ်ိန္မွာ စိတ္ဖိစီးမႈေတြ ျဖစ္ေပၚတာေၾကာင့္ ပုံမွန္ထက္ပိုၿပီး မ်က္ေတာင္ခတ္တဲ့အႀကိမ္အေရအတြက္ မ်ားလာပါတယ္။

ဦးေႏွာက္က လိမ္ညာဖို႔ အခ်က္အလက္ေတြကို ဆက္တိုက္စဥ္းစားေနရတာေၾကာင့္ မ်က္ေတာင္ခဏခဏခတ္ပါတယ္။

၅။ မ်က္လုံးတစ္ဖက္တည္းမွိတ္ျပတာက အဓိပၸါယ္အမ်ားႀကီးျဖစ္ေပၚေစပါတယ္။

တစ္စုံတစ္ေယာက္ကို စေနာက္လိုတဲ့အခါမွာ မ်က္စိတစ္ဖက္မွိတ္ျပတတ္ၾကပါတယ္။ ဒီအျပဳအမူက ေပ်ာ္႐ႊင္တဲ့အျပဳအမူလို႔ ထင္ရေစပါတယ္။

ဒါေပမယ့္ အခ်ိဳ႕ေသာႏိုင္ငံေတြမွာေတာ့ မ်က္စိတစ္ဖက္မွိတ္ျပတာကို ႐ိုင္းပ်တဲ့အျပဳအမူလို႔ သတ္မွတ္ေလ့ရွိပါတယ္။ မတူညီတဲ့ေဒသေတြကို ခရီးသြားတဲ့အခါ မ်က္လုံးတစ္ဖက္မွိတ္ျပတာကို မျပဳလုပ္သင့္ပါဘူး။

၆။ မ်က္ေတာင္ခတ္တာကို ေလ့က်င့္လို႔ရပါတယ္။

မ်က္လုံးထဲကို တစ္ခုခု ဝင္သြားတဲ့အခါ၊ အျမင္အာ႐ုံေဝဝါးလာတဲ့အခါ မ်က္ေတာင္က အလိုလိုခတ္ၿပီးသားျဖစ္သြားပါတယ္။

မ်က္ေတာင္ခတ္တာေၾကာင့္ မ်က္လုံးေျခာက္ေသြ႕တာ၊ နီရဲတာ၊ ယားတာ သက္သာသြားပါတယ္။ မ်က္လုံးကို အေပၚေအာက္၊ ဘယ္ညာေျပာင္းၾကည့္ၿပီး မ်က္ေတင္ခတ္ရင္ မ်က္လုံးက်န္းမာေရးအတြက္ အက်ိဳးျပဳပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments