တခါက တောနက်ကြီးတခုထဲမှ ဆင်ကြီးတကောင်ဟာ အရှိန်ဟုန်ပြင်းစွာဖြင့် ပြေးလာခဲ့သည်။ ၎င်းဆင်ကြီး ပြေးလာရာလမ်းတည့်တည့်မှာ နှာပြည်စုတ် ငှက်မလေးက ရှေ့မှာ သူမ၏ အသိုက်လေးရှိကြောင်း ထိုအသိုက်လေးထဲမှာ သူမ၏ သားငယ် သမီးငယ် အကောင်ပေါက်လေးတွေ ရှိသောကြောင့် ထိုနေရာရောက်လျှင် ရှောင်ကွင်းသွားပါ ဟု ဆင်ကြီးအား မေတ္တာရပ်ခံလေသည်။
ထိုအခါ ဆင်ကြီးက ပြောသည်။ "နင်လို မလောက်လေး မလောက်စား ငှက်မလေးကများ ငါ့ကို ဆရာလုပ်ရမလား ဆိုပြီး သူမ၏ သားငယ် သမီးငယ် ငှက်ပေါက်လေးများကို ခြေထောက်ကြီးဖြင့် နင်းခြေ ဖျက်ဆီး ပစ်လေသည်။
ထိုအခါ နှာပြည်စုတ်ငှက်လေးမှာ အသဲကွဲမတတ် ဝမ်းနည်း ငိုကြွေးနေချိန်မှာ တောစပ်တနေရာ ရေအိုင်ကြီးဘေးရှိ ညောင်ပင်ကြီးပေါ်မှ ကျီးကန်းအုပ်ကြီးတအုပ်သည် ထိုငှက်မလေး ရှိရာသို့ လာလေသည်။
"အသင် ငှက်မလေး အသင်ဘာမှ အားမငယ်ပါနဲ့ သင်၏ မိသားစု အသိုက်မြုံလေးကို ဖျက်ဆီးတဲ့ ဒီဆင်ကြီးကို ဒီနေ့ကစပြီး ငါတို့ နှိမ်နင်းတော့မယ်။ ဒီအတွက် ငါတို့ ယင်ကောင်တွေရယ် ဖားတွေနဲ့ ငါတို့ တိုင်ပင်ထားကြ ပြီးပါပြီ"
ဒီလိုနဲ့ ကျီးကန်းတသိုက်ဟာ ထိုဆင်ကြီးရဲ့ နောက်ကိုလိုက်၍ ထိုဆင်ကြီးရဲ့ ဦးခေါင်းမှ မျက်လုံး ၂ လုံးကို ဝိုင်းအုံပြီး တကောင်ပြီး တကောင် အတောင်များနှင့် ပုတ်ခပ်ပြီး နှုတ်သီးများဖြင့် ထိုးစိတ်လိုက်ကြတာ မကြာခင်မှာပဲ ကျီးကန်းတွေရဲ့ ထိုးစိတ်တဲ့ ဒဏ်ချက်တွေကြောင့် ဆင်ကြီးရဲ့ မျက်လုံးအိမ်ထဲမှ သွေးများ ယိုစီး၍ ကျလာသည်။
ထိုအခါ ယင်ကောင်လေးတွေဟာ ထိုဆင်ကြီး၏ မျက်လုံးအိမ်မှ ဒဏ်ရာတွေပေါ်မှာ ဝိုင်းအုံပြီး ဥများကို ဥစေသည်။ ဒီလိုနဲ့ နောက်တော့ ဆင်ကြီးဟာ ရက်တွေက တရက်ပြီးတရက် ကြာလာသည်နှင့် အမျှ အနာကြီးမှာ ရင်းပြီး မျက်လုံး နှစ်လုံးစလုံး ကွယ်သွားတော့သည်။
ဒီလိုနဲ့ ဆင်ကြီးဟာ ထိုတောနက်ကြီးထဲမှာ ဆင်ကန်းတောတိုး ဆိုတဲ့အတိုင်း ဟိုလျှောက်သွား ဒီလျှောက်သွားနဲ့ အစာတွေ ငတ် ရေတွေကလည်း ငတ်နေတဲ့ အချိန်မှာ သူ၏ နားထဲမှာ ဖားအော်သံလေးကို ကြားလိုက်ရသည်။
ဒီတော့ ဆင်ကြီးက "ဖားရှိတဲ့ နေရာဟာ ရေအိုင်ဖြစ်ရမယ်" ဆိုသော အတွေးဖြင့် ဖားအော်သံနောက်ကို တဖြေးဖြေးနဲ့ လိုက်သွားလေသည်။ ဖားလေးဟာ တဖြေးဖြေးနဲ့ မျှားပြီးခေါ်သွားလိုက်တာ တနေရာအရောက်မှာ ဖားတွေဟာ အစုလိုက် အပြုံလိုက်နဲ့ ဝိုင်းအော်ကြလေသည်။
ထိုအခါ ဆင်ကြီးဟာ ရေအိုင်ကြီး ရှိသည်ဆိုပြီး အရှိန်နဲ့ ခုန်ချလိုက်တာ သူထင်ထားတဲ့ ရေအိုင်မဟုတ်ပဲ ပေပေါင်း ထောင်ချီနက်တဲ့ ချောက်ကမ်းပါးပျက်ကြီးထဲသို့ မျက်မမြင် ဆင်ကန်းကြီး ထိုးကျသွားလေသည်။ ဒီတော့မှ ထိုတောနက်ထဲရှိ တိရိစ္ဆာန်အားလုံးသည် ကျီးကန်း၊ ယင်ကောင်၊ ဖားလေးတွေရဲ့ ညီညွတ်မှုတွေကြောင့် ဆင်ကြီးရန်မှ ကင်းဝေးပြီး ပျော်ရွှင်စွာ နေထိုင်နိုင်ကြ လေတော့သည်။
ပညာအတွက် မာန်တက်တဲ့ နေ့ဟာ ပညာပျောက်တဲ့နေ့ပါ။ ဥစ္စာအတွက် မာန်တက်တဲ့နေဟာ ဥစ္စာပျောက်တဲ့နေ့ပါ။ အလှအတွက် မာန်တက်တဲ့နေ့ဟာ အလှပျောက်တဲ့နေ့ပါ။ ရာထူးအတွက် မာန်တက်တဲ့နေ့ဟာ ရာထူးပျောက်တဲ့နေ့ပါ။ တခုခုကြောင့် မာန်တက်တော့မယ်ဆိုရင် ဒီအကြောင်းအရာလေးကို သတိရဖို့ သင်ခန်းစာပေးထားတာ ဖြစ်ပါတယ်။ Crd
for zawgyi
အင္အားႀကီးတိုင္း အႏိုင္မရႏိုင္ဘူး
တခါက ေတာနက္ႀကီးတခုထဲမွ ဆင္ႀကီးတေကာင္ဟာ အရွိန္ဟုန္ျပင္းစြာျဖင့္ ေျပးလာခဲ့သည္။ ၎ဆင္ႀကီး ေျပးလာရာလမ္းတည့္တည့္မွာ ႏွာျပည္စုတ္ ငွက္မေလးက ေရွ႕မွာ သူမ၏ အသိုက္ေလးရွိေၾကာင္း ထိုအသိုက္ေလးထဲမွာ သူမ၏ သားငယ္ သမီးငယ္ အေကာင္ေပါက္ေလးေတြ ရွိေသာေၾကာင့္ ထိုေနရာေရာက္လွ်င္ ေရွာင္ကြင္းသြားပါ ဟု ဆင္ႀကီးအား ေမတၱာရပ္ခံေလသည္။
ထိုအခါ ဆင္ႀကီးက ေျပာသည္။ "နင္လို မေလာက္ေလး မေလာက္စား ငွက္မေလးကမ်ား ငါ့ကို ဆရာလုပ္ရမလား ဆိုၿပီး သူမ၏ သားငယ္ သမီးငယ္ ငွက္ေပါက္ေလးမ်ားကို ေျခေထာက္ႀကီးျဖင့္ နင္းေျခ ဖ်က္ဆီး ပစ္ေလသည္။
ထိုအခါ ႏွာျပည္စုတ္ငွက္ေလးမွာ အသဲကြဲမတတ္ ဝမ္းနည္း ငိုေႂကြးေနခ်ိန္မွာ ေတာစပ္တေနရာ ေရအိုင္ႀကီးေဘးရွိ ေညာင္ပင္ႀကီးေပၚမွ က်ီးကန္းအုပ္ႀကီးတအုပ္သည္ ထိုငွက္မေလး ရွိရာသို႔ လာေလသည္။
"အသင္ ငွက္မေလး အသင္ဘာမွ အားမငယ္ပါနဲ႔ သင္၏ မိသားစု အသိုက္ၿမဳံေလးကို ဖ်က္ဆီးတဲ့ ဒီဆင္ႀကီးကို ဒီေန႔ကစၿပီး ငါတို႔ ႏွိမ္နင္းေတာ့မယ္။ ဒီအတြက္ ငါတို႔ ယင္ေကာင္ေတြရယ္ ဖားေတြနဲ႔ ငါတို႔ တိုင္ပင္ထားၾက ၿပီးပါၿပီ"
ဒီလိုနဲ႔ က်ီးကန္းတသိုက္ဟာ ထိုဆင္ႀကီးရဲ႕ ေနာက္ကိုလိုက္၍ ထိုဆင္ႀကီးရဲ႕ ဦးေခါင္းမွ မ်က္လုံး ၂ လုံးကို ဝိုင္းအုံၿပီး တေကာင္ၿပီး တေကာင္ အေတာင္မ်ားႏွင့္ ပုတ္ခပ္ၿပီး ႏႈတ္သီးမ်ားျဖင့္ ထိုးစိတ္လိုက္ၾကတာ မၾကာခင္မွာပဲ က်ီးကန္းေတြရဲ႕ ထိုးစိတ္တဲ့ ဒဏ္ခ်က္ေတြေၾကာင့္ ဆင္ႀကီးရဲ႕ မ်က္လုံးအိမ္ထဲမွ ေသြးမ်ား ယိုစီး၍ က်လာသည္။
ထိုအခါ ယင္ေကာင္ေလးေတြဟာ ထိုဆင္ႀကီး၏ မ်က္လုံးအိမ္မွ ဒဏ္ရာေတြေပၚမွာ ဝိုင္းအုံၿပီး ဥမ်ားကို ဥေစသည္။ ဒီလိုနဲ႔ ေနာက္ေတာ့ ဆင္ႀကီးဟာ ရက္ေတြက တရက္ၿပီးတရက္ ၾကာလာသည္ႏွင့္ အမွ် အနာႀကီးမွာ ရင္းၿပီး မ်က္လုံး ႏွစ္လုံးစလုံး ကြယ္သြားေတာ့သည္။
ဒီလိုနဲ႔ ဆင္ႀကီးဟာ ထိုေတာနက္ႀကီးထဲမွာ ဆင္ကန္းေတာတိုး ဆိုတဲ့အတိုင္း ဟိုေလွ်ာက္သြား ဒီေလွ်ာက္သြားနဲ႔ အစာေတြ ငတ္ ေရေတြကလည္း ငတ္ေနတဲ့ အခ်ိန္မွာ သူ၏ နားထဲမွာ ဖားေအာ္သံေလးကို ၾကားလိုက္ရသည္။
ဒီေတာ့ ဆင္ႀကီးက "ဖားရွိတဲ့ ေနရာဟာ ေရအိုင္ျဖစ္ရမယ္" ဆိုေသာ အေတြးျဖင့္ ဖားေအာ္သံေနာက္ကို တေျဖးေျဖးနဲ႔ လိုက္သြားေလသည္။ ဖားေလးဟာ တေျဖးေျဖးနဲ႔ မွ်ားၿပီးေခၚသြားလိုက္တာ တေနရာအေရာက္မွာ ဖားေတြဟာ အစုလိုက္ အၿပဳံလိုက္နဲ႔ ဝိုင္းေအာ္ၾကေလသည္။
ထိုအခါ ဆင္ႀကီးဟာ ေရအိုင္ႀကီး ရွိသည္ဆိုၿပီး အရွိန္နဲ႔ ခုန္ခ်လိုက္တာ သူထင္ထားတဲ့ ေရအိုင္မဟုတ္ပဲ ေပေပါင္း ေထာင္ခ်ီနက္တဲ့ ေခ်ာက္ကမ္းပါးပ်က္ႀကီးထဲသို႔ မ်က္မျမင္ ဆင္ကန္းႀကီး ထိုးက်သြားေလသည္။ ဒီေတာ့မွ ထိုေတာနက္ထဲရွိ တိရိစာၦန္အားလုံးသည္ က်ီးကန္း၊ ယင္ေကာင္၊ ဖားေလးေတြရဲ႕ ညီၫြတ္မႈေတြေၾကာင့္ ဆင္ႀကီးရန္မွ ကင္းေဝးၿပီး ေပ်ာ္႐ႊင္စြာ ေနထိုင္ႏိုင္ၾက ေလေတာ့သည္။
ပညာအတြက္ မာန္တက္တဲ့ ေန႔ဟာ ပညာေပ်ာက္တဲ့ေန႔ပါ။ ဥစၥာအတြက္ မာန္တက္တဲ့ေနဟာ ဥစၥာေပ်ာက္တဲ့ေန႔ပါ။ အလွအတြက္ မာန္တက္တဲ့ေန႔ဟာ အလွေပ်ာက္တဲ့ေန႔ပါ။ ရာထူးအတြက္ မာန္တက္တဲ့ေန႔ဟာ ရာထူးေပ်ာက္တဲ့ေန႔ပါ။ တခုခုေၾကာင့္ မာန္တက္ေတာ့မယ္ဆိုရင္ ဒီအေၾကာင္းအရာေလးကို သတိရဖို႔ သင္ခန္းစာေပးထားတာ ျဖစ္ပါတယ္။ Crd
0 Comments