Skincare ပစ္စည်းတွေက ဈေးကြီးပေမယ့် အသားအရေလှပအောင် ငွေမကုန်ဘဲ ပြုလုပ်လို့ရမယ့်နည်းလမ်းလေးတွေ ရှိပါတယ်။ အောက်ပါနည်းလမ်းတွေကို နေ့စဉ်ပြုလုပ်ပေးတဲ့အခါ အသားအရေ ကြည်လင်ပြီး အသားအရေနဲ့ပတ်သက်တဲ့ပြဿနာတွေလည်း လျော့ပါးသွားမှာပါ။
၁။ မျက်နှာကို စက္ကန့် ၆၀ ကြာအောင် သစ်ပါ။
မျက်နှာမှာ ချွေးပေါက်တွေကြောင့် ဝက်ခြံတွေဖြစ်လာပါတယ်။ မျက်နှာက ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားတွေကလည်း ဝက်ခြံဖြစ်စေတဲ့ အကြောင်းအရင်းတွေပါပဲ။
အဲဒါကြောင့် မျက်နှာကို ခဏလေးမသစ်ဘဲ စက္ကန့် ၆၀ ကြာအောင် သစ်ကြည့်ပါ။ အသားအရေက ချောမွေ့လာပြီး ဝက်ခြံတွေ သိသိသာသာ လျော့နည်းလာမှာပါ။
၂။ Cleanser ကို နေ့စဉ်အသုံးပြုပါ။
Skin care ပစ္စည်းတွေ အများကြီးအသုံးမပြုဘူးဆိုရင်တောင် cleanser ကိုတော့ သုံးပေးသင့်ပါတယ်။ Cleanser ကို အသားအရေအမျိုးအစားပေါ်မှာ မူတည်ပြီး ရွေးချယ်နိုင်ပါတယ်။
Oil-based cleanser က မျက်နှာအသားအရေနဲ့ပတ်သက်တဲ့ ပြဿနာတော်တော်များများကို ဖြေရှင်းပေးနိုင်ပါတယ်။ အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကတော့ water-based cleanser ကို ရွေးချယ်သင့်ပါတယ်။
၃။ ရှာလကာရည်နဲ့ ဒိန်ချဉ်
ဒူးက မဲနေတာကြောင့် အတိုလေးတွေ ဝတ်ဖို့ မဝံ့မရဲဖြစ်နေမှာပါ။ ဒိန်ချဉ် လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ ပန်းသီးရှာလကာရည်လက်ဖက်ရည်ဇွန်းတစ်ဇွန်းတို့ကို ရောမွှေလိုက်ပါ။
ပြီးနောက် ဒူးမှာ ၁၅ မိနစ်ကြာအောင် လိမ်းထားပြီး ရေဆေးချလိုက်လို့ရပါပြီ။ တစ်ပတ်ကို ၃ ကြိမ်ခန့် ပြုလုပ်ပေးရုံနဲ့ ဒူးအသားအရေက တောက်ပလာမှာပါ။
၄။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးတွေကို ပါးပါးလေးလှီးပြီး သကြားအနည်းငယ်ဖြူးလိုက်ပါ။ ခရမ်းချဉ်သီးလေးတွေကို မျက်နှာမှာ စက်ဝိုင်းပုံစံ ပွတ်တိုက်ပေးပါ။ ပြီးရင်တော့ ရေနွေးနဲ့ မျက်နှာသစ်လိုက်လို့ ရပါပြီ။ ဒီနည်းကတော့ မျက်နှာအသားအရေကို ကြည်လင်လှပလာစေပါတယ်။
၅။ မျက်နှာကို အလွန်အကျွံသန့်စင်တာက အသားအရေရဲ့ pH ကို လျော့နည်းစေပါတယ်။
မျက်နှာအသားအရေကို အရမ်းသန့်ရှင်းချင်တာကြောင့် အလွန်အကျွံ cleansing လုပ်ပေးဖို့ မလိုအပ်ပါဘူး။ တစ်နေ့တည်းကို အကြိမ်ပေါင်းများစွာ cleansing လုပ်တာက အသားအရေပြဿနာတွေ ပိုဆိုးလာစေပါတယ်။
၆။ သံပရိုသီးနဲ့ မုန့်ဖုတ်ဆော်ဒါ
တံတောင်ဆစ်တွေမည်းနေတာက တော်တော်နဲ့ မပြောင်လွယ်ပါဘူး။ သံပရိုသီးထဲကို မုန့်ဖုတ်ဆော်ဒါဖြူးပြီး တံတောင်ဆစ်မှာ လိမ်းပေးနိုင်ပါတယ်။ သံပရိုသီးက အသားအရေကို တောက်ပစေတဲ့အစွမ်းရှိပါတယ်။
၇။ စပျစ်သီးနဲ့ ကြက်ဥ
စပျစ်သီး ၇ လုံးနဲ့ ကြက်ဥတစ်လုံးကို မွှေစက်ထဲမှာ ကြိတ်လိုက်ပါ။ ရလာတဲ့အနှစ်ကို လည်ပင်းနဲ့ မျက်နှာမှာ လိမ်းပေးနိုင်ပါတယ်။ ၁၅ မိနစ်ကြာတဲ့အခါမှာတော့ ရေနဲ့ဆေးချလိုက်လို့ရပါပြီ။ ဒီနည်းကတော့ နေရောင်ခြည်ကြောင့် ပင်ပန်းနေတဲ့မျက်နှာအသားအရေကို ပြန်လည် လန်းဆန်းလာစေပါတယ်။
၈။ ကော်ဖီ
ကော်ဖီအကြမ်းမှုန့်လက်ဖက်ရည်ဇွန်းတစ်ဇွန်းနဲ့ သံလွင်ဆီလက်ဖက်ရည်ဇွန်းတစ်ဇွန်းကို ရောလိုက်ပါ။ ခပ်ပျစ်ပျစ်အနေအထားရအောင် မွှေပြီးတော့ နှုတ်ခမ်းမှာ သုတ်လိမ်းပေးနိုင်ပါတယ်။ ဒီလိုသုတ်လိမ်းပေးခြင်းဖြင့် နှုတ်ခမ်းမှာ ရေဓာတ်ပြည့်ပြီး ဆဲလ်သေတွေကိုလည်း ဖယ်ရှားပြီးသား ဖြစ်စေပါတယ်။
၉။ ပဲတီစိမ်းနဲ့ နှင်းဆီရည်
ပဲတီစိမ်းမှုန့်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ နှင်းဆီရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ သံပုရာရည်လက်ဖက်ရည်ဇွန်း ၂ ဇွန်းတို့ကို ရောမွှေလိုက်ပါ။
ခန္ဓာကိုယ်ပေါ်က အမွေးအမျှင်တွေ ဖယ်ရှားချင်တဲ့နေရာမှာ ရလာတဲ့အနှစ်ကို လိမ်းပေးပြီး မိနစ် ၂၀ ကြာ ထားလိုက်ပါ။ မိနစ် ၂၀ ကြာထားပြီးနောက်မှာတော့ ဖြည်းဖြည်းချင်း ဆွဲခွာလိုက်လို့ရပါပြီ။
၁၀။ မျက်နှာအမည်းစက်
မျက်နှာမှာ နေရောင်ခြည်ဒဏ်ကြောင့် အမည်းစက်တွေ ပေါ်ပေါက်လာပါတယ်။ သံလွင်ဆီ၊ နနွင်း၊ ပျားရည်တို့ကို ရောပြီး မျက်နှာမှာ လိမ်းပေးနိုင်ပါတယ်။ နောက်တစ်နည်းကတော့ စန္ဒကူးပါ။
စန္ဒကူးမှုန့်ကို သံပုရာရည် ၊ နှင်းဆီရည်တို့နဲ့ ရောလိုက်ပါ။ ရလာတဲ့ခပ်ပျစ်ပျစ်အနှစ်လေးကို မျက်နှာမှာ တစ်ညကြာလိမ်းထားပြီး မနက်မှာတော့ ရေဆေးချလိုက်လို့ရပါပြီ။
Zombie (lovemedia)
for zawgyi
Skincare ပစၥည္းေတြက ေဈးႀကီးေပမယ့္ အသားအေရလွပေအာင္ ေငြမကုန္ဘဲ ျပဳလုပ္လို႔ရမယ့္နည္းလမ္းေလးေတြ ရွိပါတယ္။ ေအာက္ပါနည္းလမ္းေတြကို ေန႔စဥ္ျပဳလုပ္ေပးတဲ့အခါ အသားအေရ ၾကည္လင္ၿပီး အသားအေရနဲ႔ပတ္သက္တဲ့ျပႆနာေတြလည္း ေလ်ာ့ပါးသြားမွာပါ။
၁။ မ်က္ႏွာကို စကၠန႔္ ၆၀ ၾကာေအာင္ သစ္ပါ။
မ်က္ႏွာမွာ ေခြၽးေပါက္ေတြေၾကာင့္ ဝက္ၿခံေတြျဖစ္လာပါတယ္။ မ်က္ႏွာက ဆဲလ္ေသေတြနဲ႔ ဘက္တီးရီးယားေတြကလည္း ဝက္ၿခံျဖစ္ေစတဲ့ အေၾကာင္းအရင္းေတြပါပဲ။
အဲဒါေၾကာင့္ မ်က္ႏွာကို ခဏေလးမသစ္ဘဲ စကၠန႔္ ၆၀ ၾကာေအာင္ သစ္ၾကည့္ပါ။ အသားအေရက ေခ်ာေမြ႕လာၿပီး ဝက္ၿခံေတြ သိသိသာသာ ေလ်ာ့နည္းလာမွာပါ။
၂။ Cleanser ကို ေန႔စဥ္အသုံးျပဳပါ။
Skin care ပစၥည္းေတြ အမ်ားႀကီးအသုံးမျပဳဘူးဆိုရင္ေတာင္ cleanser ကိုေတာ့ သုံးေပးသင့္ပါတယ္။ Cleanser ကို အသားအေရအမ်ိဳးအစားေပၚမွာ မူတည္ၿပီး ေ႐ြးခ်ယ္ႏိုင္ပါတယ္။
Oil-based cleanser က မ်က္ႏွာအသားအေရနဲ႔ပတ္သက္တဲ့ ျပႆနာေတာ္ေတာ္မ်ားမ်ားကို ေျဖရွင္းေပးႏိုင္ပါတယ္။ အဆီျပန္တဲ့အသားအေရပိုင္ရွင္ေတြကေတာ့ water-based cleanser ကို ေ႐ြးခ်ယ္သင့္ပါတယ္။
၃။ ရွာလကာရည္နဲ႔ ဒိန္ခ်ဥ္
ဒူးက မဲေနတာေၾကာင့္ အတိုေလးေတြ ဝတ္ဖို႔ မဝံ့မရဲျဖစ္ေနမွာပါ။ ဒိန္ခ်ဥ္ လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ ပန္းသီးရွာလကာရည္လက္ဖက္ရည္ဇြန္းတစ္ဇြန္းတို႔ကို ေရာေမႊလိုက္ပါ။
ၿပီးေနာက္ ဒူးမွာ ၁၅ မိနစ္ၾကာေအာင္ လိမ္းထားၿပီး ေရေဆးခ်လိုက္လို႔ရပါၿပီ။ တစ္ပတ္ကို ၃ ႀကိမ္ခန႔္ ျပဳလုပ္ေပး႐ုံနဲ႔ ဒူးအသားအေရက ေတာက္ပလာမွာပါ။
၄။ ခရမ္းခ်ဥ္သီး
ခရမ္းခ်ဥ္သီးေတြကို ပါးပါးေလးလွီးၿပီး သၾကားအနည္းငယ္ျဖဴးလိုက္ပါ။ ခရမ္းခ်ဥ္သီးေလးေတြကို မ်က္ႏွာမွာ စက္ဝိုင္းပုံစံ ပြတ္တိုက္ေပးပါ။ ၿပီးရင္ေတာ့ ေရေႏြးနဲ႔ မ်က္ႏွာသစ္လိုက္လို႔ ရပါၿပီ။ ဒီနည္းကေတာ့ မ်က္ႏွာအသားအေရကို ၾကည္လင္လွပလာေစပါတယ္။
၅။ မ်က္ႏွာကို အလြန္အကြၽံသန႔္စင္တာက အသားအေရရဲ႕ pH ကို ေလ်ာ့နည္းေစပါတယ္။
မ်က္ႏွာအသားအေရကို အရမ္းသန႔္ရွင္းခ်င္တာေၾကာင့္ အလြန္အကြၽံ cleansing လုပ္ေပးဖို႔ မလိုအပ္ပါဘူး။ တစ္ေန႔တည္းကို အႀကိမ္ေပါင္းမ်ားစြာ cleansing လုပ္တာက အသားအေရျပႆနာေတြ ပိုဆိုးလာေစပါတယ္။
၆။ သံပ႐ိုသီးနဲ႔ မုန႔္ဖုတ္ေဆာ္ဒါ
တံေတာင္ဆစ္ေတြမည္းေနတာက ေတာ္ေတာ္နဲ႔ မေျပာင္လြယ္ပါဘူး။ သံပ႐ိုသီးထဲကို မုန႔္ဖုတ္ေဆာ္ဒါျဖဴးၿပီး တံေတာင္ဆစ္မွာ လိမ္းေပးႏိုင္ပါတယ္။ သံပ႐ိုသီးက အသားအေရကို ေတာက္ပေစတဲ့အစြမ္းရွိပါတယ္။
၇။ စပ်စ္သီးနဲ႔ ၾကက္ဥ
စပ်စ္သီး ၇ လုံးနဲ႔ ၾကက္ဥတစ္လုံးကို ေမႊစက္ထဲမွာ ႀကိတ္လိုက္ပါ။ ရလာတဲ့အႏွစ္ကို လည္ပင္းနဲ႔ မ်က္ႏွာမွာ လိမ္းေပးႏိုင္ပါတယ္။ ၁၅ မိနစ္ၾကာတဲ့အခါမွာေတာ့ ေရနဲ႔ေဆးခ်လိုက္လို႔ရပါၿပီ။ ဒီနည္းကေတာ့ ေနေရာင္ျခည္ေၾကာင့္ ပင္ပန္းေနတဲ့မ်က္ႏွာအသားအေရကို ျပန္လည္ လန္းဆန္းလာေစပါတယ္။
၈။ ေကာ္ဖီ
ေကာ္ဖီအၾကမ္းမႈန႔္လက္ဖက္ရည္ဇြန္းတစ္ဇြန္းနဲ႔ သံလြင္ဆီလက္ဖက္ရည္ဇြန္းတစ္ဇြန္းကို ေရာလိုက္ပါ။ ခပ္ပ်စ္ပ်စ္အေနအထားရေအာင္ ေမႊၿပီးေတာ့ ႏႈတ္ခမ္းမွာ သုတ္လိမ္းေပးႏိုင္ပါတယ္။ ဒီလိုသုတ္လိမ္းေပးျခင္းျဖင့္ ႏႈတ္ခမ္းမွာ ေရဓာတ္ျပည့္ၿပီး ဆဲလ္ေသေတြကိုလည္း ဖယ္ရွားၿပီးသား ျဖစ္ေစပါတယ္။
၉။ ပဲတီစိမ္းနဲ႔ ႏွင္းဆီရည္
ပဲတီစိမ္းမႈန႔္လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ ႏွင္းဆီရည္လက္ဖက္ရည္ဇြန္း ၂ ဇြန္း၊ သံပုရာရည္လက္ဖက္ရည္ဇြန္း ၂ ဇြန္းတို႔ကို ေရာေမႊလိုက္ပါ။
ခႏၶာကိုယ္ေပၚက အေမြးအမွ်င္ေတြ ဖယ္ရွားခ်င္တဲ့ေနရာမွာ ရလာတဲ့အႏွစ္ကို လိမ္းေပးၿပီး မိနစ္ ၂၀ ၾကာ ထားလိုက္ပါ။ မိနစ္ ၂၀ ၾကာထားၿပီးေနာက္မွာေတာ့ ျဖည္းျဖည္းခ်င္း ဆြဲခြာလိုက္လို႔ရပါၿပီ။
၁၀။ မ်က္ႏွာအမည္းစက္
မ်က္ႏွာမွာ ေနေရာင္ျခည္ဒဏ္ေၾကာင့္ အမည္းစက္ေတြ ေပၚေပါက္လာပါတယ္။ သံလြင္ဆီ၊ နႏြင္း၊ ပ်ားရည္တို႔ကို ေရာၿပီး မ်က္ႏွာမွာ လိမ္းေပးႏိုင္ပါတယ္။ ေနာက္တစ္နည္းကေတာ့ စႏၵကူးပါ။
စႏၵကူးမႈန႔္ကို သံပုရာရည္ ၊ ႏွင္းဆီရည္တို႔နဲ႔ ေရာလိုက္ပါ။ ရလာတဲ့ခပ္ပ်စ္ပ်စ္အႏွစ္ေလးကို မ်က္ႏွာမွာ တစ္ညၾကာလိမ္းထားၿပီး မနက္မွာေတာ့ ေရေဆးခ်လိုက္လို႔ရပါၿပီ။
Zombie (lovemedia)
0 Comments