ရုပ်ရည်သွင်ပြင်ကနေ သိနိုင်မယ့် သင့်ရဲ့ပင်ကိုစိတ်နေစိတ်ထား (၈) ခု

လူတစ်ယောက်ကို ပထမဆုံးမြင်မြင်ချင်းမှာတင် သူက ဘယ်လိုလူဖြစ်လဲဆိုတာ မှန်းဆလို့ရကြောင်း ပညာရှင်တွေက ဆိုပါတယ်။ လူတစ်ယောက်ကို အကဲခတ်ဖို့အတွက် နည်းလမ်းတွေ အများကြီးထဲကမှ အချက် (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ချက်

ချက်နဲ့ အားကစားမှာ အောင်မြင်မှုက ဆက်စပ်နေတယ်လို့ ဆိုပါတယ်။ ချက်က ပိုမြင့်လေ အပြေးပိုမြန်လေပါပဲ။ ဒါ့အပြင် ချက်က အောက်ကို အနည်းငယ်ရောက်နေရင် ရေကူးတော်သူဖြစ်ကြောင်း ခန့်မှန်းနိုင်ပါတယ်။

၂။ ပါးပြင်နီရဲသွားခြင်း

တစ်ခါတရံမှာ ရှက်စိတ်တွေဖြစ်လာတဲ့အခါ ပါးပြင်က နီရဲသွားတတ်ပါတယ်။ ပျော်ရွှင်တဲ့အခါမှာလည်း ပါးပြင်က နီရဲသွားတတ်ပါတယ်။

ပါးပြင်နီရဲတာက ဆွဲဆောင်မှုရှိတဲ့ အရာတစ်ခုပါ။ ဒါ့အပြင် လွယ်လွယ်ကူကူနဲ့ ပါးပြင်နီရဲသွားရင် ရိုးသားသူဖြစ်ကြောင်း မှန်းဆနိုင်တယ်လို့ စိတ်ပညာရှင်တွေက ဆိုပါတယ်။

၃။ မုန့်အချို

ချိုတဲ့မုန့်တွေက ကျန်းမာရေးအတွက် အကျိုးမပြုပါဘူး။ ဒါပေမယ့် လေ့လာချက်တွေအရ မုန့်အချိုကြိုက်တတ်သူတွေဟာ ချစ်စရာကောင်းပြီး ဖော်ရွေတတ်သူဖြစ်ကြောင်း တွေ့ရပါတယ်။

၄။ ဖိနပ်

စီးတဲ့ဖိနပ်အမျိုးအစားကနေလည်း သင့်အကြောင်းကို လေ့လာလို့ရပါတယ်။ စိတ်ပူပန်မှုရှိတဲ့သူတွေက ထိပ်ချွန်ဖိနပ်တွေကို သဘောကျလေ့ရှိပါတယ်။ လက်တွေ့ကျပြီး အတွေးအခေါ်ဆန်းသစ်တဲ့သူတွေကတော့ သက်တောင့်သက်သာဖြစ်တဲ့ sneaker တွေကို ရွေးချယ်လေ့ရှိပါတဘ်။

၅။ ခန္ဓာကိုယ်အမူအရ

မိခင်တွေက သူတို့ရဲ့စိတ်ပူပန်နေတာကို ထုတ်ဖော်ပြီး မပြသင်ချင်ကြပါဘူး။ အမေရဲ့ခန္ဓာကိုယ်အမူအရာကို ကြည့်ပြီး စိတ်ဖိစီးမှုတွေရှိနေလားဆိုတာကို ခန့်မှန်းသိနိုင်ပါတယ်။

ကလေးကို ညာဘက်လက်နဲ့ပွေ့ချီထားရင် စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျတာတွေ ရှိနေနိုင်ပြီး ကလေးကို ဘယ်ဘက်လက်နဲ့ ပွေ့ချီထားရင်တော့ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်နေကြောင်း သိရှိနိုင်ပါတယ်။

၆။ စားသောက်တဲ့ပုံစံ

စားသောက်တဲ့ပုံစံက‌နေ လူတွေရဲ့ စိတ်ကို ဖိတ်ကြည့်နိုင်ပါတယ်။ အစားအစာတွေကို နှေးနှေးစားတဲ့သူတွေက စိတ်ကို တည်တည်ငြိမ်ငြိမ်ထားတတ်သူတွေပါ။ ခပ်မြန်မြန်စားတတ်သူတွေကတော့ စိတ်အရမ်းမြန်ပြီး လုပ်စရာရှိတာတွေကို အချိန်မီမပြီးမှာကို စိုးရိမ်နေတတ်သူတွေပါ။

၇။ လက်သည်းကိုက်ခြင်း

လက်သည်းကိုက်တာကို အချို့က မကောင်းတဲ့အမူအကျင့်လို့ ယူဆကြပါတယ်။ တကယ်တော့ လက်သည်းကိုက်တာက စိတ်ပူပန်လို့ ကိုက်တာမဟုတ်ဘဲ ပျင်းရိလို့ ကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ စိတ်ပညာရှင်တွေကတော့ လက်သည်းကိုက်တာက ပုံမှန်မဟုတ်တဲ့စိတ်အခြေအနေလို့ ဖော်ပြကြပါတယ်။

၈။ မျက်လုံးအရောင်

မျက်လုံးအရောင်ကနေ တစ်ဆင့် လူတွေရဲ့ အကြောင်းကို သိနိုင်ပါသေးတယ်။ Orebro တက္ကသိုလ်က တွေ့ရှိချက်တွေအရ မျက်လုံးအရောင်မတူတဲ့ စုံတွဲတွေက အချိန်ကြာကြာမတွဲဘဲ မကြာခင်မှာပဲ လမ်းခွဲတတ်ကြပါတယ်။ မျက်လုံးအရောင်တူသူတွေက စိတ်တူကိုယ်တူရှိကြပြီး အကျင့်စရိုက်ချင်းလည်း တူညီကြတယ်လို့ ဆိုပါတယ်။

Bonus

သန့်ရှင်းပြီး ချောမွေ့နေတဲ့ ခြေထောက်က အမျိုးသမီးတစ်ယောက်ရဲ့သန့်ရှင်းစွာ နေတတ်ပုံကို ဖော်ပြနိုင်ပါတယ်။ ခြေဖနောင့်အက်ကွဲတာက လူတွေကို လွယ်လွယ်နဲ့သတိထားမိစေတဲ့အရာပါ။

ခြေဖနောင့်ကွဲတဲ့အခါ ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပြီး ရေဓာတ်ဖြည့်ခရင်မ်တွေ အသုံးပြုနိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

႐ုပ္ရည္သြင္ျပင္ကေန သိႏိုင္မယ့္ သင့္ရဲ႕ပင္ကိုစိတ္ေနစိတ္ထား (၈) ခု

လူတစ္ေယာက္ကို ပထမဆုံးျမင္ျမင္ခ်င္းမွာတင္ သူက ဘယ္လိုလူျဖစ္လဲဆိုတာ မွန္းဆလို႔ရေၾကာင္း ပညာရွင္ေတြက ဆိုပါတယ္။ လူတစ္ေယာက္ကို အကဲခတ္ဖို႔အတြက္ နည္းလမ္းေတြ အမ်ားႀကီးထဲကမွ အခ်က္ (၈) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ခ်က္

ခ်က္နဲ႔ အားကစားမွာ ေအာင္ျမင္မႈက ဆက္စပ္ေနတယ္လို႔ ဆိုပါတယ္။ ခ်က္က ပိုျမင့္ေလ အေျပးပိုျမန္ေလပါပဲ။ ဒါ့အျပင္ ခ်က္က ေအာက္ကို အနည္းငယ္ေရာက္ေနရင္ ေရကူးေတာ္သူျဖစ္ေၾကာင္း ခန႔္မွန္းႏိုင္ပါတယ္။

၂။ ပါးျပင္နီရဲသြားျခင္း

တစ္ခါတရံမွာ ရွက္စိတ္ေတြျဖစ္လာတဲ့အခါ ပါးျပင္က နီရဲသြားတတ္ပါတယ္။ ေပ်ာ္႐ႊင္တဲ့အခါမွာလည္း ပါးျပင္က နီရဲသြားတတ္ပါတယ္။

ပါးျပင္နီရဲတာက ဆြဲေဆာင္မႈရွိတဲ့ အရာတစ္ခုပါ။ ဒါ့အျပင္ လြယ္လြယ္ကူကူနဲ႔ ပါးျပင္နီရဲသြားရင္ ႐ိုးသားသူျဖစ္ေၾကာင္း မွန္းဆႏိုင္တယ္လို႔ စိတ္ပညာရွင္ေတြက ဆိုပါတယ္။

၃။ မုန႔္အခ်ိဳ

ခ်ိဳတဲ့မုန႔္ေတြက က်န္းမာေရးအတြက္ အက်ိဳးမျပဳပါဘူး။ ဒါေပမယ့္ ေလ့လာခ်က္ေတြအရ မုန႔္အခ်ိဳႀကိဳက္တတ္သူေတြဟာ ခ်စ္စရာေကာင္းၿပီး ေဖာ္ေ႐ြတတ္သူျဖစ္ေၾကာင္း ေတြ႕ရပါတယ္။

၄။ ဖိနပ္

စီးတဲ့ဖိနပ္အမ်ိဳးအစားကေနလည္း သင့္အေၾကာင္းကို ေလ့လာလို႔ရပါတယ္။ စိတ္ပူပန္မႈရွိတဲ့သူေတြက ထိပ္ခြၽန္ဖိနပ္ေတြကို သေဘာက်ေလ့ရွိပါတယ္။ လက္ေတြ႕က်ၿပီး အေတြးအေခၚဆန္းသစ္တဲ့သူေတြကေတာ့ သက္ေတာင့္သက္သာျဖစ္တဲ့ sneaker ေတြကို ေ႐ြးခ်ယ္ေလ့ရွိပါတဘ္။

၅။ ခႏၶာကိုယ္အမူအရ

မိခင္ေတြက သူတို႔ရဲ႕စိတ္ပူပန္ေနတာကို ထုတ္ေဖာ္ၿပီး မျပသင္ခ်င္ၾကပါဘူး။ အေမရဲ႕ခႏၶာကိုယ္အမူအရာကို ၾကည့္ၿပီး စိတ္ဖိစီးမႈေတြရွိေနလားဆိုတာကို ခန႔္မွန္းသိႏိုင္ပါတယ္။

ကေလးကို ညာဘက္လက္နဲ႔ေပြ႕ခ်ီထားရင္ စိတ္ဖိစီးမႈေတြ၊ စိတ္ဓာတ္က်တာေတြ ရွိေနႏိုင္ၿပီး ကေလးကို ဘယ္ဘက္လက္နဲ႔ ေပြ႕ခ်ီထားရင္ေတာ့ စိတ္ပိုင္းဆိုင္ရာ တည္ၿငိမ္ေနေၾကာင္း သိရွိႏိုင္ပါတယ္။

၆။ စားေသာက္တဲ့ပုံစံ

စားေသာက္တဲ့ပုံစံက‌ေန လူေတြရဲ႕ စိတ္ကို ဖိတ္ၾကည့္ႏိုင္ပါတယ္။ အစားအစာေတြကို ေႏွးေႏွးစားတဲ့သူေတြက စိတ္ကို တည္တည္ၿငိမ္ၿငိမ္ထားတတ္သူေတြပါ။ ခပ္ျမန္ျမန္စားတတ္သူေတြကေတာ့ စိတ္အရမ္းျမန္ၿပီး လုပ္စရာရွိတာေတြကို အခ်ိန္မီမၿပီးမွာကို စိုးရိမ္ေနတတ္သူေတြပါ။

၇။ လက္သည္းကိုက္ျခင္း

လက္သည္းကိုက္တာကို အခ်ိဳ႕က မေကာင္းတဲ့အမူအက်င့္လို႔ ယူဆၾကပါတယ္။ တကယ္ေတာ့ လက္သည္းကိုက္တာက စိတ္ပူပန္လို႔ ကိုက္တာမဟုတ္ဘဲ ပ်င္းရိလို႔ ကိုက္တာလည္း ျဖစ္ႏိုင္ပါတယ္။ စိတ္ပညာရွင္ေတြကေတာ့ လက္သည္းကိုက္တာက ပုံမွန္မဟုတ္တဲ့စိတ္အေျခအေနလို႔ ေဖာ္ျပၾကပါတယ္။

၈။ မ်က္လုံးအေရာင္

မ်က္လုံးအေရာင္ကေန တစ္ဆင့္ လူေတြရဲ႕ အေၾကာင္းကို သိႏိုင္ပါေသးတယ္။ Orebro တကၠသိုလ္က ေတြ႕ရွိခ်က္ေတြအရ မ်က္လုံးအေရာင္မတူတဲ့ စုံတြဲေတြက အခ်ိန္ၾကာၾကာမတြဲဘဲ မၾကာခင္မွာပဲ လမ္းခြဲတတ္ၾကပါတယ္။ မ်က္လုံးအေရာင္တူသူေတြက စိတ္တူကိုယ္တူရွိၾကၿပီး အက်င့္စ႐ိုက္ခ်င္းလည္း တူညီၾကတယ္လို႔ ဆိုပါတယ္။

Bonus

သန႔္ရွင္းၿပီး ေခ်ာေမြ႕ေနတဲ့ ေျခေထာက္က အမ်ိဳးသမီးတစ္ေယာက္ရဲ႕သန႔္ရွင္းစြာ ေနတတ္ပုံကို ေဖာ္ျပႏိုင္ပါတယ္။ ေျခဖေနာင့္အက္ကြဲတာက လူေတြကို လြယ္လြယ္နဲ႔သတိထားမိေစတဲ့အရာပါ။

ေျခဖေနာင့္ကြဲတဲ့အခါ ေရဓာတ္ျပည့္ဝေအာင္ ေရမ်ားမ်ားေသာက္ၿပီး ေရဓာတ္ျဖည့္ခရင္မ္ေတြ အသုံးျပဳႏိုင္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments