အမေရိကန်နိုင်ငံ Norwalk မှာ နေထိုင်တဲ့ Joseph DeRuvo Jr. က ဖိနပ်မပါဘဲ လမ်းလျှောက်ခဲ့တာ နှစ်ပေါင်း ၂၀ ကျော်ခဲ့ပါပြီ။ ခြေမပထမအဆစ်မှာ အနာစိမ်းဖြစ်ပေါ်ပြီးနောက်မှာ ဖိနပ်မစီးဘဲ ခြေဗလာနဲ့သာ လမ်းလျှောက်ခဲ့ပါတယ်။
ဓာတ်ပုံဆရာတစ်ယောက်ဖြစ်တဲ့ Joseph DeRuvo Jr. က အခုတော့ အသက် ၅၉ နှစ်အရွယ်ရှိပါပြီ။ ၂၀၀၂ ခုနှစ်တုန်းက သူ့ရဲ့ခြေထောက်မှာ အနာစိမ်းဖြစ်ပေါ်ခဲ့ပြီး ပြေးလို့တောင် မရတော့ပါဘူး။
ဆရာဝန်က အနာသက်သာဖို့အတွက် ခွဲစိတ်ဖို့ အကြံပေးပါတယ်။ ခွဲစိတ်ပြီးနောက်မှာ သတ္တုဝက်အူလှည့်တွေကို ခြေထောက်အတွင်းမှာ ထည့်ထားရမှာဖြစ်ပါတယ်။
အဲဒီသတ္တုက Joseph နဲ့ ဓာတ်မတည့်ပါဘူး။ အဲဒါကြောင့် Joseph က ခြေထောက်ကို မခွဲစိတ်တော့ဘဲ ခြေဗလာနဲ့သွားဖို့သာ ဆုံးဖြတ်ခဲ့ပါတယ်။
ဖိနပ်မစီးဘဲနဲ့ နေ့စဉ်ဘဝမှာ ဖြတ်သန်းဖို့ဆိုတာက အလွန်ကို ခက်ခဲပါတယ်။ ဇနီးသည်ဖြစ်သူရဲ့ အားပေးမှုကြောင့် Joseph မှာ အားအင်တွေ ရလာခဲ့ပါတယ်။
ဖိနပ်စီးပြီးတော့ သွားရမယ့် ပွဲတွေဆိုရင်တော့ ခြေညှပ်ဖိနပ်လေးကို စီးလေ့ရှိပါတယ်။ Joseph ဟာ နွေရာသီနဲ့ အေးခဲနေတဲ့ ဆောင်းရာသီတွေမှာတောင် ခြေဗလာနဲ့ သွားရတာကို ပိုသဘောကျပါတယ်။
ဖိနပ်မစီးဘဲ သွားရတာကြောင့် လွတ်လပ်ပြီး နာကျင်မှုလည်း မရှိတော့ပါဘူး။ ခြေဗလာနဲ့ သွားတာကြောင့် ခြေထောက်စူးတာ၊ နာကျင်တာတွေကိုတော့ ခံစားရပါတယ်။
ဒါပေမယ့် ခြေထောက် မြေကြီးနဲ့ အမြဲထိတွေ့နေတာကြောင့် အသားကျသွားခဲ့ပါတယ်။ Joseph က ဘာသာတရားကိုလည်း လိုက်စားတာကြောင့် သန့်စင်တဲ့ မြေကြီးကို ကျေးဇူးတင်ပြီး ခြေဗလာနဲ့သာ လမ်းလျှောက်နေဆဲပါ။
vdo
Zombie (lovemedia)
for zawgyi
ႏွစ္ေပါင္း ၂၀ လုံး ဖိနပ္မစီးဘဲ ေျခဗလာနဲ႔ လမ္းေလွ်ာက္ခဲ့တဲ့အမ်ိဳးသား
အေမရိကန္ႏိုင္ငံ Norwalk မွာ ေနထိုင္တဲ့ Joseph DeRuvo Jr. က ဖိနပ္မပါဘဲ လမ္းေလွ်ာက္ခဲ့တာ ႏွစ္ေပါင္း ၂၀ ေက်ာ္ခဲ့ပါၿပီ။ ေျခမပထမအဆစ္မွာ အနာစိမ္းျဖစ္ေပၚၿပီးေနာက္မွာ ဖိနပ္မစီးဘဲ ေျခဗလာနဲ႔သာ လမ္းေလွ်ာက္ခဲ့ပါတယ္။
ဓာတ္ပုံဆရာတစ္ေယာက္ျဖစ္တဲ့ Joseph DeRuvo Jr. က အခုေတာ့ အသက္ ၅၉ ႏွစ္အ႐ြယ္ရွိပါၿပီ။ ၂၀၀၂ ခုႏွစ္တုန္းက သူ႔ရဲ႕ေျခေထာက္မွာ အနာစိမ္းျဖစ္ေပၚခဲ့ၿပီး ေျပးလို႔ေတာင္ မရေတာ့ပါဘူး။
ဆရာဝန္က အနာသက္သာဖို႔အတြက္ ခြဲစိတ္ဖို႔ အႀကံေပးပါတယ္။ ခြဲစိတ္ၿပီးေနာက္မွာ သတၱဳဝက္အူလွည့္ေတြကို ေျခေထာက္အတြင္းမွာ ထည့္ထားရမွာျဖစ္ပါတယ္။
အဲဒီသတၱဳက Joseph နဲ႔ ဓာတ္မတည့္ပါဘူး။ အဲဒါေၾကာင့္ Joseph က ေျခေထာက္ကို မခြဲစိတ္ေတာ့ဘဲ ေျခဗလာနဲ႔သြားဖို႔သာ ဆုံးျဖတ္ခဲ့ပါတယ္။
ဖိနပ္မစီးဘဲနဲ႔ ေန႔စဥ္ဘဝမွာ ျဖတ္သန္းဖို႔ဆိုတာက အလြန္ကို ခက္ခဲပါတယ္။ ဇနီးသည္ျဖစ္သူရဲ႕ အားေပးမႈေၾကာင့္ Joseph မွာ အားအင္ေတြ ရလာခဲ့ပါတယ္။
ဖိနပ္စီးၿပီးေတာ့ သြားရမယ့္ ပြဲေတြဆိုရင္ေတာ့ ေျခညႇပ္ဖိနပ္ေလးကို စီးေလ့ရွိပါတယ္။ Joseph ဟာ ေႏြရာသီနဲ႔ ေအးခဲေနတဲ့ ေဆာင္းရာသီေတြမွာေတာင္ ေျခဗလာနဲ႔ သြားရတာကို ပိုသေဘာက်ပါတယ္။
ဖိနပ္မစီးဘဲ သြားရတာေၾကာင့္ လြတ္လပ္ၿပီး နာက်င္မႈလည္း မရွိေတာ့ပါဘူး။ ေျခဗလာနဲ႔ သြားတာေၾကာင့္ ေျခေထာက္စူးတာ၊ နာက်င္တာေတြကိုေတာ့ ခံစားရပါတယ္။
ဒါေပမယ့္ ေျခေထာက္ ေျမႀကီးနဲ႔ အၿမဲထိေတြ႕ေနတာေၾကာင့္ အသားက်သြားခဲ့ပါတယ္။ Joseph က ဘာသာတရားကိုလည္း လိုက္စားတာေၾကာင့္ သန႔္စင္တဲ့ ေျမႀကီးကို ေက်းဇူးတင္ၿပီး ေျခဗလာနဲ႔သာ လမ္းေလွ်ာက္ေနဆဲပါ။
Zombie (lovemedia)
0 Comments