ဆွီဒင်နိုင်ငံနဲ့ပတ်သက်ပြီး သဘောကျစရာကောင်းတဲ့အချက် (၈) ချက်

လှပတဲ့ပန်းခင်းတွေ၊ မတူညီတဲ့စည်းမျဉ်းစည်းကမ်းတွေ၊ ရေခဲနဲ့တည်ဆောက်ထားတဲ့အဆောက်အဦတွေ စတဲ့အရာတွေနဲ့ ဆွီဒင်နိုင်ငံက နာမည်ကျော်ကြားပါတယ်။

အဲဒါကြောင့် ဆွီဒင်နိုင်ငံနဲ့ပတ်သက်ပြီး သဘောကျစရာကောင်းတဲ့အချက် (၈) ချက်ကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ဆွီဒင်နိုင်ငံက သဘာဝပတ်ဝန်းကျင်ကို အလေးထားထိန်းသိမ်းတဲ့နိုင်ငံထဲမှာ တစ်နိုင်ငံအပါအဝင်ပါ။

ဆွီဒင်နိုင်ငံက ဥရောပတိုက်မှာ ဇီဝလောင်စာဆီကို အသုံးများတဲ့နိုင်ငံတွေထဲမှာ ပါတင်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးချဖို့ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်ပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုတဲ့နေရာမှာ စံထားရမယ့်နိုင်ငံတွေထဲ ဆွီဒင်နိုင်ငံပါဝင်ပါတယ်။

၂။ ဆွီဒင်နိုင်ငံမှာ ရေခဲတွေနဲ့ တည်ဆောက်ထားတဲ့ဟော်တည်ရှိပါတယ်။

ဒီဟော်တယ်ကတော့ ကမ္ဘာပေါ်မှာ ရေခဲနဲ့တည်ဆောက်ထားတဲ့ ပထမဆုံးဟော်တယ်ပါ။ ရေခဲနဲ့တည်ဆောက်ထားတာကြောင့် နှစ်စဉ်ပြန်ဆောက်ရပါတယ်။

ဒီဇင်ဘာကနေ ဧပြီလအထိ ရေခဲဟော်တယ်ကို ဖွင့်ပါတယ်။ နံရံ၊ ပရိဘောဂအသုံးအဆောင်၊ ဘားနဲ့ မှန်တွေကိုတောင် ရေခဲနဲ့သာပြုလုပ်ထားတဲ့ ဟော်တယ်ပါ။

၃။ ဆွီဒင်နိုင်ငံမှာ Jante ဥပဒေနဲ့အညီနေထိုင်ပါတယ်။

Jante ဥပဒေကို ဥရောပနိုင်ငံတော်တော်များများမှာလည်း ကျင့်သုံးပါတယ်။ အဲဒီဥပဒေနဲ့အညီ နေထိုင်တာကြောင့် ဆွီဒင်နိုင်ငံသားတွေက သူတို့ရဲ့ပိုင်ဆိုင်မှုတွေကို ကြွားလုံးထုတ်တာတွေကို မပြုလုပ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ်နှိမ့်ချတဲ့စိတ်ကို ထားရှိပြီး တစ်ဖက်သားကို ဦးစားပေးတတ်ကြပါတယ်။

၄။ ကော်ဖီသောက်ချိန်

ဆွီဒင်နိုင်ငံမှာ Fika လို့ခေါ်တဲ့ တစ်နေ့တာအတွင်း ကော်ဖီသောက်ချိန်ရှိပါတယ်။ ဒီအချိန်က ဆွီဒင်နိုင်ငံသားတွေအတွက် လုံးဝကို အရေးပါတဲ့အချိန်ပါ။

ဆွီဒင်နိုင်ငံသားတွေက ကော်ဖီကို အရမ်းကြိုက်နှစ်သက်တာကြောင့် သူတို့ရဲ့ရှေ့မှာ ကော်ဖီမကောင်းကြောင်းကို သွားပြောလို့တော့ မဖြစ်ပါဘူးနော်။

၅။ ဆွီဒင်နိုင်ငံသားတွေက ပုံမှန်မဟုတ်တဲ့ ပီဇာကိုလည်း သဘောကျကြပါတယ်။

ဆွီဒင်နိုင်ငံမှာ အီတလီစားသောက်ဆိုင်တွေ အများကြီးရှိပါတယ်။ ဒါပေမယ့် မီနူးကတော့ အနည်းငယ်ကွဲပြားပါတယ်။ ဆွီဒင်နိုင်ငံမှာ လူကြိုက်များတဲ့ပီဇာကတော့ kebab လို့ခေါ်တဲ့ပီဇာပါ။

ပီဇာပေါ်မှာ အသားနဲ့ ဆော့တွေ တင်ထားပါတယ်။ ဒါ့အပြင် ငှက်ပျောသီးပီဇာကလည်း လူကြိုက်များတဲ့ ပီဇာတစ်မျိုးပါ။

၆။ ကိုယ်ပိုင်အချိန်ကို အလေးထားပါတယ်။

ဆွီဒင်နိုင်ငံသားတွေက အခြားသူရဲ့ ကိုယ်ပိုင်အချိန်ကို လေးစားပါတယ်။ အရေးကြီးကိစ္စမဟုတ်တဲ့အခါ အခြားသူရဲ့ကိုယ်ပိုင်အချိန်ကို မနှောင့်ယှက်ပါဘူး။

ဘတ်စ်ကားမှတ်တိုင်တွေမှာတောင် တစ်ယောက်နဲ့တစ်ယောက် ခပ်ဝေးဝေးမှာရပ်ပြီး ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာကို ဦးစားပေးကြပါတယ်။

၇။ ထူးခြားတဲ့ဂိမ်းလည်း ရှိပါသေးတယ်။

ဆွီဒင်နိုင်ငံကို ရောက်တဲ့အခါ ငါးတွေကို စည်ပိုင်းထဲ ပစ်ထည့်တဲ့ဂိမ်းကို ဆော့ကြည့်သင့်ပါတယ်။ အဲဒီဂိမ်းမှာ အနိုင်ရသူကတော့ ငါးကို ရရှိမှာပါ။

၈။ ဆွီဒင်နိုင်ငံမှာ ငွေသားမဲ့ ပေးချေမှုတွေနဲ့ ငွေပေးချေကြပါတယ်။

လွန်ခဲ့တဲ့နှစ်ပိုင်းအတွင်း ဆွီဒင်နိုင်ငံမှာ ငွေသားနဲ့ ငွေပေးချေမှုတွေ လျင်လျင်မြန်မြန်ကျဆင်းသွားပါတယ်။ အများသုံးသန့်စင်ခန်းမှာတောင် ကတ်နဲ့ပဲ ငွေပေးချေကြပါတယ်။

အများသုံးအိမ်သာတွေရဲ့လက်ကိုင်မှာ LED မီးလေးတွေ ဆင်ထားပါတယ်။ အနီရောင်မီးလင်းနေရင် သန့်စင်ခန်း မအားတာကို ဖော်ပြတာဖြစ်ပြီး အစိမ်းရောင်မီးဆိုရင်တော့ သန့်စင်ခန်းကို အသုံးပြုလို့ရပါတယ်။

Bonus

ဆွီဒင်နိုင်ငံရဲ့ ဂီတအဖွဲ့တစ်ခုဖြစ်တဲ့ ABBA အဖွဲ့က ထူးခြားတဲ့ဝတ်စုံ၊ ထူးခြားတဲ့အရောင်တွေကို ဝတ်လေ့ရှိပါတယ်။ ဒီလိုထူးခြားဝတ်စုံတွေကို ဝတ်ရတဲ့အကြောင်းအရင်းကတော့ အခွန်သက်သာအောင်လို့ပါ။

ဆွီဒင်ဥပဒေအရ အဝတ်အစားတွေကို နေ့စဉ်ဝတ်နေကျအတွက် ဝယ်ထားတာမဟုတ်ကြောင်း သက်သေပြနိုင်ရင် အခွန်ရှောင်နိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

ဆြီဒင္ႏိုင္ငံနဲ႔ပတ္သက္ၿပီး သေဘာက်စရာေကာင္းတဲ့အခ်က္ (၈) ခ်က္

လွပတဲ့ပန္းခင္းေတြ၊ မတူညီတဲ့စည္းမ်ဥ္းစည္းကမ္းေတြ၊ ေရခဲနဲ႔တည္ေဆာက္ထားတဲ့အေဆာက္အဦေတြ စတဲ့အရာေတြနဲ႔ ဆြီဒင္ႏိုင္ငံက နာမည္ေက်ာ္ၾကားပါတယ္။

အဲဒါေၾကာင့္ ဆြီဒင္ႏိုင္ငံနဲ႔ပတ္သက္ၿပီး သေဘာက်စရာေကာင္းတဲ့အခ်က္ (၈) ခ်က္ကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ဆြီဒင္ႏိုင္ငံက သဘာဝပတ္ဝန္းက်င္ကို အေလးထားထိန္းသိမ္းတဲ့ႏိုင္ငံထဲမွာ တစ္ႏိုင္ငံအပါအဝင္ပါ။

ဆြီဒင္ႏိုင္ငံက ဥေရာပတိုက္မွာ ဇီဝေလာင္စာဆီကို အသုံးမ်ားတဲ့ႏိုင္ငံေတြထဲမွာ ပါတင္ပါတယ္။ စြန႔္ပစ္ပစၥည္းေတြကို ျပန္လည္အသုံးခ်ဖို႔ က်ယ္က်ယ္ျပန႔္ျပန္လုပ္ေဆာင္ပါတယ္။ စြန႔္ပစ္ပစၥည္းေတြကို ျပန္လည္အသုံးျပဳတဲ့ေနရာမွာ စံထားရမယ့္ႏိုင္ငံေတြထဲ ဆြီဒင္ႏိုင္ငံပါဝင္ပါတယ္။

၂။ ဆြီဒင္ႏိုင္ငံမွာ ေရခဲေတြနဲ႔ တည္ေဆာက္ထားတဲ့ေဟာ္တည္ရွိပါတယ္။

ဒီေဟာ္တယ္ကေတာ့ ကမာၻေပၚမွာ ေရခဲနဲ႔တည္ေဆာက္ထားတဲ့ ပထမဆုံးေဟာ္တယ္ပါတယ္။ ေရခဲနဲ႔တည္ေဆာက္ထားတာေၾကာင့္ ႏွစ္စဥ္ျပန္ေဆာက္ရပါတယ္။

ဒီဇင္ဘာကေန ဧၿပီလအထိ ေရခဲေဟာ္တယ္ကို ဖြင့္ပါတယ္။ နံရံ၊ ပရိေဘာဂအသုံးအေဆာင္၊ ဘားနဲ႔ မွန္ေတြကိုေတာင္ ေရခဲနဲ႔သာျပဳလုပ္ထားတဲ့ ေဟာ္တယ္ပါ။

၃။ ဆြီဒင္ႏိုင္ငံမွာ Jante ဥပေဒနဲ႔အညီေနထိုင္ပါတယ္။

Jante ဥပေဒကို ဥေရာပႏိုင္ငံေတာ္ေတာ္မ်ားမ်ားမွာလည္း က်င့္သုံးပါတယ္။ အဲဒီဥပေဒနဲ႔အညီ ေနထိုင္တာေၾကာင့္ ဆြီဒင္ႏိုင္ငံသားေတြက သူတို႔ရဲ႕ပိုင္ဆိုင္မႈေတြကို ႂကြားလုံးထုတ္တာေတြကို မျပဳလုပ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ႏွိမ့္ခ်တဲ့စိတ္ကို ထားရွိၿပီး တစ္ဖက္သားကို ဦးစားေပးတတ္ၾကပါတယ္။

၄။ ေကာ္ဖီေသာက္ခ်ိန္

ဆြီဒင္ႏိုင္ငံမွာ Fika လို႔ေခၚတဲ့ တစ္ေန႔တာအတြင္း ေကာ္ဖီေသာက္ခ်ိန္ရွိပါတယ္။ ဒီအခ်ိန္က ဆြီဒင္ႏိုင္ငံသားေတြအတြက္ လုံးဝကို အေရးပါတဲ့အခ်ိန္ပါ။

ဆြီဒင္ႏိုင္ငံသားေတြက ေကာ္ဖီကို အရမ္းႀကိဳက္ႏွစ္သက္တာေၾကာင့္ သူတို႔ရဲ႕ေရွ႕မွာ ေကာ္ဖီမေကာင္းေၾကာင္းကို သြားေျပာလို႔ေတာ့ မျဖစ္ပါဘူးေနာ္။

၅။ ဆြီဒင္ႏိုင္ငံသားေတြက ပုံမွန္မဟုတ္တဲ့ ပီဇာကိုလည္း သေဘာက်ၾကပါတယ္။

ဆြီဒင္ႏိုင္ငံမွာ အီတလီစားေသာက္ဆိုင္ေတြ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ မီႏူးကေတာ့ အနည္းငယ္ကြဲျပားပါတယ္။ ဆြီဒင္ႏိုင္ငံမွာ လူႀကိဳက္မ်ားတဲ့ပီဇာကေတာ့ kebab လို႔ေခၚတဲ့ပီဇာပါ။

ပီဇာေပၚမွာ အသားနဲ႔ ေဆာ့ေတြ တင္ထားပါတယ္။ ဒါ့အျပင္ ငွက္ေပ်ာသီးပီဇာကလည္း လူႀကိဳက္မ်ားတဲ့ ပီဇာတစ္မ်ိဳးပါ။

၆။ ကိုယ္ပိုင္အခ်ိန္ကို အေလးထားပါတယ္။

ဆြီဒင္ႏိုင္ငံသားေတြက အျခားသူရဲ႕ ကိုယ္ပိုင္အခ်ိန္ကို ေလးစားပါတယ္။ အေရးႀကီးကိစၥမဟုတ္တဲ့အခါ အျခားသူရဲ႕ကိုယ္ပိုင္အခ်ိန္ကို မေႏွာင့္ယွက္ပါဘူး။

ဘတ္စ္ကားမွတ္တိုင္ေတြမွာေတာင္ တစ္ေယာက္နဲ႔တစ္ေယာက္ ခပ္ေဝးေဝးမွာရပ္ၿပီး ကိုယ္ပိုင္အခ်ိန္၊ ကိုယ္ပိုင္ေနရာကို ဦးစားေပးၾကပါတယ္။

၇။ ထူးျခားတဲ့ဂိမ္းလည္း ရွိပါေသးတယ္။

ဆြီဒင္ႏိုင္ငံကို ေရာက္တဲ့အခါ ငါးေတြကို စည္ပိုင္းထဲ ပစ္ထည့္တဲ့ဂိမ္းကို ေဆာ့ၾကည့္သင့္ပါတယ္။ အဲဒီဂိမ္းမွာ အႏိုင္ရသူကေတာ့ ငါးကို ရရွိမွာပါ။

၈။ ဆြီဒင္ႏိုင္ငံမွာ ေငြသားမဲ့ ေပးေခ်မႈေတြနဲ႔ ေငြေပးေခ်ၾကပါတယ္။

လြန္ခဲ့တဲ့ႏွစ္ပိုင္းအတြင္း ဆြီဒင္ႏိုင္ငံမွာ ေငြသားနဲ႔ ေငြေပးေခ်မႈေတြ လ်င္လ်င္ျမန္ျမန္က်ဆင္းသြားပါတယ္။ အမ်ားသုံးသန႔္စင္ခန္းမွာေတာင္ ကတ္နဲ႔ပဲ ေငြေပးေခ်ၾကပါတယ္။

အမ်ားသုံးအိမ္သာေတြရဲ႕လက္ကိုင္မွာ LED မီးေလးေတြ ဆင္ထားပါတယ္။ အနီေရာင္မီးလင္းေနရင္ သန႔္စင္ခန္း မအားတာကို ေဖာ္ျပတာျဖစ္ၿပီး အစိမ္းေရာင္မီးဆိုရင္ေတာ့ သန႔္စင္ခန္းကို အသုံးျပဳလို႔ရပါတယ္။

Bonus

ဆြီဒင္ႏိုင္ငံရဲ႕ ဂီတအဖြဲ႕တစ္ခုျဖစ္တဲ့ ABBA အဖြဲ႕က ထူးျခားတဲ့ဝတ္စုံ၊ ထူးျခားတဲ့အေရာင္ေတြကို ဝတ္ေလ့ရွိပါတယ္။ ဒီလိုထူးျခားဝတ္စုံေတြကို ဝတ္ရတဲ့အေၾကာင္းအရင္းကေတာ့ အခြန္သက္သာေအာင္လို႔ပါ။

ဆြီဒင္ဥပေဒအရ အဝတ္အစားေတြကို ေန႔စဥ္ဝတ္ေနက်အတြက္ ဝယ္ထားတာမဟုတ္ေၾကာင္း သက္ေသျပႏိုင္ရင္ အခြန္ေရွာင္ႏိုင္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments