စိတ်ဖိစီးမှုဖြစ်လာတဲ့အခါ ဘယ်လိုနည်းတွေနဲ့ ဖြေဖျောက်သင့်လဲ

လေ့လာချက်တွေအရ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် စိတ်ဖိစီးမှုပိုများပြီး ခေါင်းကိုက်တာတွေ ပိုဖြစ်လေ့ရှိကြောင်း တွေ့ရပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှုတွေကို ပြေပျောက်အောင် ပြုလုပ်ပုံခြင်းမတူညီပါဘူး။ အဲဒါကြောင့် အမျိုးသမီးတွေက စိတ်ဖိစီးမှုကို ကြာရှည် ပိုမိုခံစားရလေ့ရှိပါတယ်။

ဟော်မုန်း

စိတ်ဖိစီးမှုကို အဓိကဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေကတော့ cortisol, epinephrine, oxytocin တို့ဖြစ်ပါတယ်။ အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုတွေဖြစ်ပေါ်လာရင် cortisol ဟော်မုန်းနဲ့ epinephrine ဟော်မုန်းတွေက သွေးကြောတွေထဲကို ဝင်သွားပါတယ်။

Oxytocin ဟော်မုန်းကတော့ ဦးနှောက်ကနေ ထွက်လာပြီး စိတ်ခံစားချက်တွေကို ဖြစ်ပေါ်လာစေပါတယ်။ အမျိုးသားတွေမှာတော့ oxytocin ဟော်မုန်းက အနည်းငယ်သာ ထွက်တာကြောင့် စိတ်ခံစားချက်ကိုလည်း အနည်းငယ်သာ ခံစားရပါတယ်။

အမျိုးသားနဲ့ အမျိုးသမီးဟာ စိတ်ဖိစီးမှုကို တုံ့ပြန်ပုံချင်း မတူညီပါဘူး။

လေ့လာချက်တွေအရ အမျိုးသမီးတွေက စိတ်ဖိစီးမှုဖြစ်ပေါ်လာတဲ့အခါ ချစ်ရတဲ့သူတွေရဲ့ အားပေးမှုကို လိုလားလာပါတယ်။ သူတို့အတွက် စိတ်လုံခြုံမှု ရရှိလေ စိတ်ဖိစီးမှုတွေ လျော့နည်းလာလေပါ။

အဲဒါကြောင့် ပတ်ဝန်းကျင်က အမျိုးသမီးတွေမှာ စိတ်ဖိစီးမှုတွေ ခံစားနေရတဲ့အခါ နွေးထွေးတဲ့ နှစ်သိမ့်မှုမျိုး ပေးသင့်ပါတယ်။ အမျိုးသားတွေမှာတော့ စိတ်ဖိစီးမှုတွေဖြစ်လာရင် ထွက်ပေါက်ရှာတာ သို့မဟုတ် ရန်တုံ့ပြန်တာတို့ကို ပြုလုပ်တတ်ပါတယ်။

စိတ်ဖိစီးမှုတွေကို ပြေပျောက်ပုံချင်းမတူတာကြောင့် တစ်ခါတရံမှာ အမျိုးသားနဲ့ အမျိုးသမီးကြားမှာ ညှိမရတဲ့ပြဿနာတွေ ကြီးထွားလာပါတယ်။

စိတ်ဖိစီးမှုဖြစ်ပေါ်နေချိန်မှာ ပြေပျောက်ဖို့အတွက် နည်းလမ်းတွေ ရှာဖွေဖို့ လိုအပ်ပါတယ်။

လေ့လာချက်တွေအရ အမျိုးသမီးတွေက စိတ်ဖိစီးမှုတွေ ဖြစ်လာရင် စာဖတ်တာ၊ လူအများနဲ့ ဆက်သွယ်တာ၊ မိသားစု၊ သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးတာတို့ ပြုလုပ်လေ့ရှိပါတယ်။

အမျိုးသားတွေကတော့ စိတ်ဖိစီးမှု ဖြစ်ပေါ်လာတဲ့အခါ အားကစားလုပ်တာ၊ သီချင်းနားထောင်တို့ ပြုလုပ်ရင် မြန်မြန်ပြေပျောက်လွယ်ပါတယ်။

အမျိုးသမီးတွေက စိတ်နာကျင်မှုကနေ ရုန်းထွက်နိုင်ဖို့ အချိန်ကြာကြာယူလေ့ရှိပါတယ်။ အမျိုးသားတွေကတော့ အချိန်ခဏတာအတွင်းမှာပဲ စိတ်ဖိစီးမှုတွေကို လျော့ပါးသွားအောင် ပြုလုပ်နိုင်ပါတယ်။

Zombie (lovemedia)

for zawgyi

စိတ္ဖိစီးမႈျဖစ္လာတဲ့အခါ ဘယ္လိုနည္းေတြနဲ႔ ေျဖေဖ်ာက္သင့္လဲ

ေလ့လာခ်က္ေတြအရ အမ်ိဳးသမီးေတြဟာ အမ်ိဳးသားေတြထက္ စိတ္ဖိစီးမႈပိုမ်ားၿပီး ေခါင္းကိုက္တာေတြ ပိုျဖစ္ေလ့ရွိေၾကာင္း ေတြ႕ရပါတယ္။

အမ်ိဳးသားနဲ႔ အမ်ိဳးသမီးေတြဟာ စိတ္ဖိစီးမႈေတြကို ေျပေပ်ာက္ေအာင္ ျပဳလုပ္ပုံျခင္းမတူညီပါဘူး။ အဲဒါေၾကာင့္ အမ်ိဳးသမီးေတြက စိတ္ဖိစီးမႈကို ၾကာရွည္ ပိုမိုခံစားရေလ့ရွိပါတယ္။

ေဟာ္မုန္း

စိတ္ဖိစီးမႈကို အဓိကျဖစ္ေပၚေစတဲ့ ေဟာ္မုန္းေတြကေတာ့ cortisol, epinephrine, oxytocin တို႔ျဖစ္ပါတယ္။ အမ်ိဳးသမီးေတြမွာ စိတ္ဖိစီးမႈေတြျဖစ္ေပၚလာရင္ cortisol ေဟာ္မုန္းနဲ႔ epinephrine ေဟာ္မုန္းေတြက ေသြးေၾကာေတြထဲကို ဝင္သြားပါတယ္။

Oxytocin ေဟာ္မုန္းကေတာ့ ဦးေႏွာက္ကေန ထြက္လာၿပီး စိတ္ခံစားခ်က္ေတြကို ျဖစ္ေပၚလာေစပါတယ္။ အမ်ိဳးသားေတြမွာေတာ့ oxytocin ေဟာ္မုန္းက အနည္းငယ္သာ ထြက္တာေၾကာင့္ စိတ္ခံစားခ်က္ကိုလည္း အနည္းငယ္သာ ခံစားရပါတယ္။

အမ်ိဳးသားနဲ႔ အမ်ိဳးသမီးဟာ စိတ္ဖိစီးမႈကို တုံ႔ျပန္ပုံခ်င္း မတူညီပါဘူး။

ေလ့လာခ်က္ေတြအရ အမ်ိဳးသမီးေတြက စိတ္ဖိစီးမႈျဖစ္ေပၚလာတဲ့အခါ ခ်စ္ရတဲ့သူေတြရဲ႕ အားေပးမႈကို လိုလားလာပါတယ္။ သူတို႔အတြက္ စိတ္လုံၿခဳံမႈ ရရွိေလ စိတ္ဖိစီးမႈေတြ ေလ်ာ့နည္းလာေလပါ။

အဲဒါေၾကာင့္ ပတ္ဝန္းက်င္က အမ်ိဳးသမီးေတြမွာ စိတ္ဖိစီးမႈေတြ ခံစားေနရတဲ့အခါ ေႏြးေထြးတဲ့ ႏွစ္သိမ့္မႈမ်ိဳး ေပးသင့္ပါတယ္။ အမ်ိဳးသားေတြမွာေတာ့ စိတ္ဖိစီးမႈေတြျဖစ္လာရင္ ထြက္ေပါက္ရွာတာ သို႔မဟုတ္ ရန္တုံ႔ျပန္တာတို႔ကို ျပဳလုပ္တတ္ပါတယ္။

စိတ္ဖိစီးမႈေတြကို ေျပေပ်ာက္ပုံခ်င္းမတူတာေၾကာင့္ တစ္ခါတရံမွာ အမ်ိဳးသားနဲ႔ အမ်ိဳးသမီးၾကားမွာ ညႇိမရတဲ့ျပႆနာေတြ ႀကီးထြားလာပါတယ္။

စိတ္ဖိစီးမႈျဖစ္ေပၚေနခ်ိန္မွာ ေျပေပ်ာက္ဖို႔အတြက္ နည္းလမ္းေတြ ရွာေဖြဖို႔ လိုအပ္ပါတယ္။

ေလ့လာခ်က္ေတြအရ အမ်ိဳးသမီးေတြက စိတ္ဖိစီးမႈေတြ ျဖစ္လာရင္ စာဖတ္တာ၊ လူအမ်ားနဲ႔ ဆက္သြယ္တာ၊ မိသားစု၊ သူငယ္ခ်င္းေတြနဲ႔ အခ်ိန္ကုန္ဆုံးတာတို႔ ျပဳလုပ္ေလ့ရွိပါတယ္။

အမ်ိဳးသားေတြကေတာ့ စိတ္ဖိစီးမႈ ျဖစ္ေပၚလာတဲ့အခါ အားကစားလုပ္တာ၊ သီခ်င္းနားေထာင္တို႔ ျပဳလုပ္ရင္ ျမန္ျမန္ေျပေပ်ာက္လြယ္ပါတယ္။

အမ်ိဳးသမီးေတြက စိတ္နာက်င္မႈကေန ႐ုန္းထြက္ႏိုင္ဖို႔ အခ်ိန္ၾကာၾကာယူေလ့ရွိပါတယ္။ အမ်ိဳးသားေတြကေတာ့ အခ်ိန္ခဏတာအတြင္းမွာပဲ စိတ္ဖိစီးမႈေတြကို ေလ်ာ့ပါးသြားေအာင္ ျပဳလုပ္ႏိုင္ပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments