ခံတွင်းသန့်စင်ဆေးရည်က သွားပိုးပေါက်တွေမဖြစ်အောင် ကာကွယ်ပေးပြီး ခံတွင်းနံ့ကိုလည်း မွှေးပျံ့စေပါတယ်။
ခံတွင်းထဲက ဘက်တီးရီးယားတွေကိုလည်း ဖယ်ရှားပေးပါသေးတယ်။ ဒါပေမယ့် ခံတွင်းသန့်စင်ဆေးရည်ကို နေ့စဉ်အသုံးပြုတဲ့အခါမှာ ထင်မထားတဲ့ ဆိုးကျိုးတွေ ဖြစ်ပေါ်လာမှာပါ။
၁။ ခံတွင်းခြောက်သွေ့ခြင်း
ခံတွင်းသန့်စင်ဆေးရည်ကို နေ့စဉ်အသုံးပြုတဲ့အခါ xerostomia လို့ခေါ်တဲ့ ခံတွင်းခြောက်သွေ့တာကို ခံစားရမှာပါ။ ခံတွင်းထဲမှာ တံတွေးဂလင်းတွေက တံတွေးတွေကို လိုအပ်သလောက် မထုတ်ပေးနိုင်တော့တာကြောင့် ခံတွင်းခြောက်သွေ့လာပါတယ်။
ခံတွင်းခြောက်သွေ့လာတာကနေ သွားဖုံးရောဂါ၊ သွားပိုးပေါက်နဲ့ အခြားသော ခံတွင်းရောဂါတွေလည်း ဖြစ်ပေါ်စေပါတယ်။
၂။ အကျိုးပြုတဲ့ဘက်တီးရီးယားတွေကိုပါ ဖယ်ရှားခြင်း
ခံတွင်းထဲမှာ မကောင်းတဲ့ဘက်တီးရီးယားတွေက ခံတွင်းအနံ့ဆိုးနဲ့ သွားပိုးပေါက်တွေ ဖြစ်ပေါ်စေပါတယ်။ အကျိုးပြုဘက်တီးရီးယားတွေကတော့ သွားနဲ့ သွားဖုံးကို ကျန်းမာစေပါတယ်။
ခံတွင်းသန့်စင်ဆေးရည်ကို နေ့စဉ်အသုံးပြုတဲ့အခါ မကောင်းတဲ့ဘက်တီးရီးယားတွေရော အကျိုးပြုဘက်တီးရီးယားတွေပါ ပါသွားပြီး ခံတွင်းကျန်းမာရေးကို ထိခိုက်လာစေပါတယ်။
၃။ သွားဝါလာခြင်း
သွားတွေ ဝါလာရခြင်းအကြောင်းအရင်းတွေထဲမှာ ခံတွင်းသန့်စင်ဆေးရည်ကို နေ့စဉ်အသုံးပြုတာလည်း ပါဝင်ပါတယ်။
ခံတွင်းသန့်စင်ဆေးရည်ရဲ့ အချို့သောပါဝင်ပစ္စည်းတွေနဲ့ အစားအသောက်ရဲ့အရောင်တွေ ပေါင်းစပ်သွားတဲ့အခါ သွားမှာ အစွန်းအထင်းတွေ ဖြစ်ပေါ်လာပါတယ်။ ခံတွင်းသန့်စင်ဆေးရည်ကို ခဏခဏအသုံးမပြုသင့်ဘဲ ညအိပ်ရာမဝင်ခင်မှာ တစ်ကြိမ်ပဲ သုံးပေးသင့်ပါတယ်။
၄။ သွားအပေါ်ယံကြွေသား ပါးလာခြင်း
အချို့သော ခံတွင်းသန့်စင်ဆေးရည်တွေမှာ အက်စစ်ပါဝင်မှုက အရမ်းကို များပြားနေပါတယ်။ အက်စစ်ပါဝင်မှုများတာကြောင့် ခံတွင်းသန့်စင်ဆေးရည်ကို ခဏခဏအသုံးပြုရင် သွားအပေါ်ယံကြွေသွားတွေ ပါးလာပါတယ်။
သွားက အပူကိုရော အအေးကိုပါ အထိမခံနိုင်ဖြစ်လာပါတယ်။ ခံတွင်းသန့်စင်ဆေးရည်ကို သွားမတိုက်ခင်မှာ အသုံးမပြုသင့်ပါဘူး။
၅။ ဆီးချိုရောဂါဖြစ်လာနိုင်ခြင်း
လေ့လာချက်တွေအရ ခံတွင်းသန့်စင်ဆေးရည်ကို တစ်နေ့နှစ်ကြိမ်ခန့် အသုံးပြုသူတွေဟာ ဆီးချိုရောဂါဖြစ်လာနိုင်ချေ ပိုများလာပါတယ်။
ခံတွင်းသန့်စင်ဆေးရည်က ခံတွင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ဖယ်ထုတ်လိုက်တာကြောင့် သွေးတွင်းသကြားဓာတ်ကို အပြောင်းအလဲဖြစ်သွားစေပါတယ်။ အဲဒီကနေ ဆီးချိုရောဂါကိုပါ ဖြစ်လာစေနိုင်ပါတယ်။
Zombie (lovemedia)
for zawgyi
ခံတြင္းသန႔္စင္ေဆးရည္ကို ေန႔စဥ္အသုံးျပဳတဲ့အခါ ခႏၶာကိုယ္မွာေျပာင္းလဲသြားတဲ့အခ်က္ (၅) ခ်က္
ခံတြင္းသန႔္စင္ေဆးရည္က သြားပိုးေပါက္ေတြမျဖစ္ေအာင္ ကာကြယ္ေပးၿပီး ခံတြင္းနံ႔ကိုလည္း ေမႊးပ်ံ႕ေစပါတယ္။
ခံတြင္းထဲက ဘက္တီးရီးယားေတြကိုလည္း ဖယ္ရွားေပးပါေသးတယ္။ ဒါေပမယ့္ ခံတြင္းသန႔္စင္ေဆးရည္ကို ေန႔စဥ္အသုံးျပဳတဲ့အခါမွာ ထင္မထားတဲ့ ဆိုးက်ိဳးေတြ ျဖစ္ေပၚလာမွာပါ။
၁။ ခံတြင္းေျခာက္ေသြ႕ျခင္း
ခံတြင္းသန႔္စင္ေဆးရည္ကို ေန႔စဥ္အသုံးျပဳတဲ့အခါ xerostomia လို႔ေခၚတဲ့ ခံတြင္းေျခာက္ေသြ႕တာကို ခံစားရမွာပါ။ ခံတြင္းထဲမွာ တံေတြးဂလင္းေတြက တံေတြးေတြကို လိုအပ္သေလာက္ မထုတ္ေပးႏိုင္ေတာ့တာေၾကာင့္ ခံတြင္းေျခာက္ေသြ႕လာပါတယ္။
ခံတြင္းေျခာက္ေသြ႕လာတာကေန သြားဖုံးေရာဂါ၊ သြားပိုးေပါက္နဲ႔ အျခားေသာ ခံတြင္းေရာဂါေတြလည္း ျဖစ္ေပၚေစပါတယ္။
၂။ အက်ိဳးျပဳတဲ့ဘက္တီးရီးယားေတြကိုပါ ဖယ္ရွားျခင္း
ခံတြင္းထဲမွာ မေကာင္းတဲ့ဘက္တီးရီးယားေတြက ခံတြင္းအနံ႔ဆိုးနဲ႔ သြားပိုးေပါက္ေတြ ျဖစ္ေပၚေစပါတယ္။ အက်ိဳးျပဳဘက္တီးရီးယားေတြကေတာ့ သြားနဲ႔ သြားဖုံးကို က်န္းမာေစပါတယ္။
ခံတြင္းသန႔္စင္ေဆးရည္ကို ေန႔စဥ္အသုံးျပဳတဲ့အခါ မေကာင္းတဲ့ဘက္တီးရီးယားေတြေရာ အက်ိဳးျပဳဘက္တီးရီးယားေတြပါ ပါသြားၿပီး ခံတြင္းက်န္းမာေရးကို ထိခိုက္လာေစပါတယ္။
၃။ သြားဝါလာျခင္း
သြားေတြ ဝါလာရျခင္းအေၾကာင္းအရင္းေတြထဲမွာ ခံတြင္းသန႔္စင္ေဆးရည္ကို ေန႔စဥ္အသုံးျပဳတာလည္း ပါဝင္ပါတယ္။
ခံတြင္းသန႔္စင္ေဆးရည္ရဲ႕ အခ်ိဳ႕ေသာပါဝင္ပစၥည္းေတြနဲ႔ အစားအေသာက္ရဲ႕အေရာင္ေတြ ေပါင္းစပ္သြားတဲ့အခါ သြားမွာ အစြန္းအထင္းေတြ ျဖစ္ေပၚလာပါတယ္။ ခံတြင္းသန႔္စင္ေဆးရည္ကို ခဏခဏအသုံးမျပဳသင့္ဘဲ ညအိပ္ရာမဝင္ခင္မွာ တစ္ႀကိမ္ပဲ သုံးေပးသင့္ပါတယ္။
၄။ သြားအေပၚယံေႂကြသား ပါးလာျခင္း
အခ်ိဳ႕ေသာ ခံတြင္းသန႔္စင္ေဆးရည္ေတြမွာ အက္စစ္ပါဝင္မႈက အရမ္းကို မ်ားျပားေနပါတယ္။ အက္စစ္ပါဝင္မႈမ်ားတာေၾကာင့္ ခံတြင္းသန႔္စင္ေဆးရည္ကို ခဏခဏအသုံးျပဳရင္ သြားအေပၚယံေႂကြသြားေတြ ပါးလာပါတယ္။
သြားက အပူကိုေရာ အေအးကိုပါ အထိမခံႏိုင္ျဖစ္လာပါတယ္။ ခံတြင္းသန႔္စင္ေဆးရည္ကို သြားမတိုက္ခင္မွာ အသုံးမျပဳသင့္ပါဘူး။
၅။ ဆီးခ်ိဳေရာဂါျဖစ္လာႏိုင္ျခင္း
ေလ့လာခ်က္ေတြအရ ခံတြင္းသန႔္စင္ေဆးရည္ကို တစ္ေန႔ႏွစ္ႀကိမ္ခန႔္ အသုံးျပဳသူေတြဟာ ဆီးခ်ိဳေရာဂါျဖစ္လာႏိုင္ေခ် ပိုမ်ားလာပါတယ္။
ခံတြင္းသန႔္စင္ေဆးရည္က ခံတြင္းထဲက အက်ိဳးျပဳဘက္တီးရီးယားေတြကို ဖယ္ထုတ္လိုက္တာေၾကာင့္ ေသြးတြင္းသၾကားဓာတ္ကို အေျပာင္းအလဲျဖစ္သြားေစပါတယ္။ အဲဒီကေန ဆီးခ်ိဳေရာဂါကိုပါ ျဖစ္လာေစႏိုင္ပါတယ္။
Zombie (lovemedia)
0 Comments