မျက်နှာရဲ့တစ်ခြမ်းက အခြားတစ်ခြမ်းထက် ပိုပြီးဆွဲဆောင်မှုရှိနေရတဲ့ အကြောင်းအရင်းများ

ဩစတေးလျနိုင်ငံ La Trobe တက္ကသိုလ်က အာရုံကြောစိတ်ပညာရှင် ပါမောက္ခ Annukka Lindell ဟာ အင်စတာဂရမ်အသုံးပြုသူတွေရဲ့ ဆယ်လ်ဖီပုံ ၂၀၀၀ ကျော်ကို လေ့လာခဲ့ပါတယ်။

အဲဒီကနေ လူတွေရဲ့ မျက်နှာတစ်ခြမ်းက အခြားတစ်ခြမ်းထက် ပိုပြီး ဆွဲဆောင်မှုရှိကြောင်းကို တွေ့ရပါတယ်။ အဲဒါကြောင့် မျက်နှာတစ်ခြမ်းနဲ့တစ်ခြမ်း မတူဘဲ ဘာ့ကြောင့်တစ်ခြမ်းကပဲ ဆွဲဆောင်မှုရှိနေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

လေ့လာချက်တွေအရ လူအများစုဟာ ဆယ်လ်ဖီရိုက်တဲ့အခါ ဘယ်ဘက်ကို စောင်းပြီးရိုက်တာကို ပိုပြီးတွေ့ရပါတဘ်။ မှန်ရှေ့မှာ mirror selfie ရိုက်ရင်တောင် ဘယ်ဘက်ကိုသာ အသားပေးပြီး ရိုက်လေ့ရှိကြပါတယ်။

လူအများစုရဲ့ စိတ်ထဲမှာ မျက်နှာရဲ့ဘယ်ဘက်အခြမ်းက ပိုပြီးဆွဲဆောင်မှုရှိတယ်လို့ ထင်တာကြောင့်ပါ။ ပန်းချီဆရာတွေကလည်း ပန်းချီဆွဲတဲ့အခါမှာ ဘယ်ဘက်ကိုအသားပေးပြီး ဆွဲကြပါတယ်။

ညာဘက်ပါးပြင်ထက် ဘယ်ဘက်ပါးပြင်ကို ပေါ်လွင်အောင် ဖော်ပြကြပါတယ်။ လူတစ်ယောက်ရဲ့ မသိစိတ်က မျက်နှာရဲ့ဘယ်ဘက်အခြမ်းမှာ ပိုပြီး လွှမ်းမိုးတာကို တွေ့နိုင်ပါတယ်။

နောက်ထပ်စိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ မျက်နှာရဲ့ဘယ်ဘက်အခြမ်းက စိတ်ခံစားချက်တွေကို ပိုပြီးတော့ ဖော်ပြပေးနိုင်ပါတယ်။ ဦးနှောက်ရဲ့ ညာဘက်အခြမ်းက ခန္ဓာကိုယ်ရဲ့ဘယ်ဘက်အခြမ်းမှာရှိတဲ့ ကြွက်သားတွေကို ထိန်းချုပ်ပါတယ်။

အဲဒါကြောင့် လူတွေက စိတ်ခံစားချက်တွေကို ဖော်ပြတဲ့ဓာတ်ပုံတွေ ရိုက်တဲ့အခါ မျက်နှာရဲ့ဘယ်ဘက်အခြမ်းကို ဖော်ပြပြီးရိုက်လေ့ရှိကြပါတယ်။

Zombie (lovemedia)

for zawgyi

မ်က္ႏွာရဲ႕တစ္ျခမ္းက အျခားတစ္ျခမ္းထက္ ပိုၿပီးဆြဲေဆာင္မႈရွိေနရတဲ့ အေၾကာင္းအရင္းမ်ား

ဩစေတးလ်ႏိုင္ငံ La Trobe တကၠသိုလ္က အာ႐ုံေၾကာစိတ္ပညာရွင္ ပါေမာကၡ Annukka Lindell ဟာ အင္စတာဂရမ္အသုံးျပဳသူေတြရဲ႕ ဆယ္လ္ဖီပုံ ၂၀၀၀ ေက်ာ္ကို ေလ့လာခဲ့ပါတယ္။

အဲဒီကေန လူေတြရဲ႕ မ်က္ႏွာတစ္ျခမ္းက အျခားတစ္ျခမ္းထက္ ပိုၿပီး ဆြဲေဆာင္မႈရွိေၾကာင္းကို ေတြ႕ရပါတယ္။ အဲဒါေၾကာင့္ မ်က္ႏွာတစ္ျခမ္းနဲ႔တစ္ျခမ္း မတူဘဲ ဘာ့ေၾကာင့္တစ္ျခမ္းကပဲ ဆြဲေဆာင္မႈရွိေနလဲဆိုတာကို ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

ေလ့လာခ်က္ေတြအရ လူအမ်ားစုဟာ ဆယ္လ္ဖီ႐ိုက္တဲ့အခါ ဘယ္ဘက္ကို ေစာင္းၿပီး႐ိုက္တာကို ပိုၿပီးေတြ႕ရပါတဘ္။ မွန္ေရွ႕မွာ mirror selfie ႐ိုက္ရင္ေတာင္ ဘယ္ဘက္ကိုသာ အသားေပးၿပီး ႐ိုက္ေလ့ရွိၾကပါတယ္။

လူအမ်ားစုရဲ႕ စိတ္ထဲမွာ မ်က္ႏွာရဲ႕ဘယ္ဘက္အျခမ္းက ပိုၿပီးဆြဲေဆာင္မႈရွိတယ္လို႔ ထင္တာေၾကာင့္ပါ။ ပန္းခ်ီဆရာေတြကလည္း ပန္းခ်ီဆြဲတဲ့အခါမွာ ဘယ္ဘက္ကိုအသားေပးၿပီး ဆြဲၾကပါတယ္။

ညာဘက္ပါးျပင္ထက္ ဘယ္ဘက္ပါးျပင္ကို ေပၚလြင္ေအာင္ ေဖာ္ျပၾကပါတယ္။ လူတစ္ေယာက္ရဲ႕ မသိစိတ္က မ်က္ႏွာရဲ႕ဘယ္ဘက္အျခမ္းမွာ ပိုၿပီး လႊမ္းမိုးတာကို ေတြ႕ႏိုင္ပါတယ္။

ေနာက္ထပ္စိတ္ဝင္စားစရာေကာင္းတာတစ္ခုကေတာ့ မ်က္ႏွာရဲ႕ဘယ္ဘက္အျခမ္းက စိတ္ခံစားခ်က္ေတြကို ပိုၿပီးေတာ့ ေဖာ္ျပေပးႏိုင္ပါတယ္။ ဦးေႏွာက္ရဲ႕ ညာဘက္အျခမ္းက ခႏၶာကိုယ္ရဲ႕ဘယ္ဘက္အျခမ္းမွာရွိတဲ့ ႂကြက္သားေတြကို ထိန္းခ်ဳပ္ပါတယ္။

အဲဒါေၾကာင့္ လူေတြက စိတ္ခံစားခ်က္ေတြကို ေဖာ္ျပတဲ့ဓာတ္ပုံေတြ ႐ိုက္တဲ့အခါ မ်က္ႏွာရဲ႕ဘယ္ဘက္အျခမ္းကို ေဖာ္ျပၿပီး႐ိုက္ေလ့ရွိၾကပါတယ္။

Zombie (lovemedia)

Post a Comment

0 Comments