ဒီစကားလေးဟာ ထူးဆန်းသလို ရှိပြီး ရိုင်းသလိုလည်း ဖြစ်နေမှာပါ။ အမှန်ကတော့ ကုသိုလ်ရေးတွေမှာ "မင်းလုပ်လိုက်ပါကွာ" ဆိုတဲ့ အမျိုးသားတွေကို သတိပေးတဲ့ စကားလေးပါ။
တချို့သော အမျိုးသားတွေက အိမ်ကို ဆွမ်းခံကြွလာရင် "မိန်းမရေ ဒီမှာဆွမ်းခံကြွလာပြီ" ဆိုပြီး စာဖတ်မပျက်၊ တီဗွီကြည့် မပျက်ကြပါဘူး။
ဥပုသ်ရက်တွေမှာ ဇနီးသည်က ဆရာတော်ကျောင်း သွားပေမယ့် သူတို့တွေက အလုပ်တွေကို အကြောင်းပြပြီး မသွားတာ၊ မိတ်ဆွေတွေစုပြီး ဝိုင်းဖွဲ့ နေတတ်တာက များပါတယ်။ တရားပွဲတို့၊ တရားစခန်းတို့ကို ကြည့်ရင် လူတထောင်မှာ အမျိုးသားက တရာပြည့်ဖို့ မလွယ်ပါဘူး။
တူညီသော သဒ္ဓါတရား၊ တူညီသော သီလ၊ တူညီသော စာဂ၊ တူညီသော ပညာ စတာတွေနဲ့ ပြည့်စုံမှသာ သံသ ရာမှာ မခွဲမခွာ နေကြရမှာလို့ ဘုရားရှင်က သုသုမာရဂီရမြို့မှာနေတဲ့ နကုလမာတာနဲ့ နကုလပီတာ အဖိုးအဖွား ဇနီးမောင်နှံကို အကြောင်းပြုပြီး ဟောကြားခဲ့ပါတယ်။
ကုသိုလ်ဖြစ်ဖြစ်၊ အကုသိုလ်ဖြစ်ဖြစ် ပြုလုပ်သူကသာ ခံရ စံရ တာပါ။ ကုသိုလ်ရေးတွေမှာ အတူမလုပ်ပဲ၊ အတူကျေနပ် ဝမ်းမြောက်မှု မရှိပဲ "မင်းလုပ်လိုက်ပါကွာ" ဆိုရင်တော့ မိမိ ခံစားရမှာ မဟုတ်တော့ဘူးလေ။
အဲဒီလိုနဲ့ မိန်းမဖြစ်သူက နတ်ပြည်ရောက်ပြီး နတ်သားကတော် သွားဖြစ်တော့ ကိုယ့်မယားက သူများမယား ဖြစ်သွားပြီပေါ့။
ဒါကြောင့် အိမ်ဦးနတ်တို့ရေ ဘာလုပ်လုပ် အတူတူ လုပ်ကြပါလို့ သတိပေးလိုက်ပါရစေ။ ကိုယ်ကျန်နေခဲ့ရင်တော့ ကိုယ့်မယား သူများကို ပေးလိုက်ရလိမ့်မယ်နော်။ Thet Khaing Win
Zawgyi
ကိုယ့္မယား သူမ်ားကိုမေပးနဲ႔
ဒီစကားေလးဟာ ထူးဆန္းသလို ရွိၿပီး ႐ိုင္းသလိုလည္း ျဖစ္ေနမွာပါ။ အမွန္ကေတာ့ ကုသိုလ္ေရးေတြမွာ "မင္းလုပ္လိုက္ပါကြာ" ဆိုတဲ့ အမ်ိဳးသားေတြကို သတိေပးတဲ့ စကားေလးပါ။
တခ်ိဳ႕ေသာ အမ်ိဳးသားေတြက အိမ္ကို ဆြမ္းခံႂကြလာရင္ "မိန္းမေရ ဒီမွာဆြမ္းခံႂကြလာၿပီ" ဆိုၿပီး စာဖတ္မပ်က္၊ တီဗြီၾကည့္ မပ်က္ၾကပါဘူး။
ဥပုသ္ရက္ေတြမွာ ဇနီးသည္က ဆရာေတာ္ေက်ာင္း သြားေပမယ့္ သူတို႔ေတြက အလုပ္ေတြကို အေၾကာင္းျပၿပီး မသြားတာ၊ မိတ္ေဆြေတြစုၿပီး ဝိုင္းဖြဲ႕ ေနတတ္တာက မ်ားပါတယ္။ တရားပြဲတို႔၊ တရားစခန္းတို႔ကို ၾကည့္ရင္ လူတေထာင္မွာ အမ်ိဳးသားက တရာျပည့္ဖို႔ မလြယ္ပါဘူး။
တူညီေသာ သဒၶါတရား၊ တူညီေသာ သီလ၊ တူညီေသာ စာဂ၊ တူညီေသာ ပညာ စတာေတြနဲ႔ ျပည့္စုံမွသာ သံသ ရာမွာ မခြဲမခြာ ေနၾကရမွာလို႔ ဘုရားရွင္က သုသုမာရဂီရၿမိဳ႕မွာေနတဲ့ နကုလမာတာနဲ႔ နကုလပီတာ အဖိုးအဖြား ဇနီးေမာင္ႏွံကို အေၾကာင္းျပဳၿပီး ေဟာၾကားခဲ့ပါတယ္။
ကုသိုလ္ျဖစ္ျဖစ္၊ အကုသိုလ္ျဖစ္ျဖစ္ ျပဳလုပ္သူကသာ ခံရ စံရ တာပါ။ ကုသိုလ္ေရးေတြမွာ အတူမလုပ္ပဲ၊ အတူေက်နပ္ ဝမ္းေျမာက္မႈ မရွိပဲ "မင္းလုပ္လိုက္ပါကြာ" ဆိုရင္ေတာ့ မိမိ ခံစားရမွာ မဟုတ္ေတာ့ဘူးေလ။
အဲဒီလိုနဲ႔ မိန္းမျဖစ္သူက နတ္ျပည္ေရာက္ၿပီး နတ္သားကေတာ္ သြားျဖစ္ေတာ့ ကိုယ့္မယားက သူမ်ားမယား ျဖစ္သြားၿပီေပါ့။ ဒါေၾကာင့္ အိမ္ဦးနတ္တို႔ေရ ဘာလုပ္လုပ္ အတူတူ လုပ္ၾကပါလို႔ သတိေပးလိုက္ပါရေစ။ ကိုယ္က်န္ေနခဲ့ရင္ေတာ့ ကိုယ့္မယား သူမ်ားကို ေပးလိုက္ရလိမ့္မယ္ေနာ္။ Thet Khaing Win
0 Comments