အချိန်လေး စောင့်လိုက်ပါ

တရက်မှာ ပညာရှိအဖိုးအိုတဦးနဲ့ သူ့တပည့်တွေဟာ ခရီးတခုကို အတူ ထွက်လာခဲ့ကြတယ်။ လမ်းခရီးတခုမှာ တောနက်ထဲ ရောက်တဲ့အခါ သူတို့အားလုံး ခဏနားကြတယ်။

သောက်စရာ ရေလည်း ကုန်နေပြီ ဖြစ်တဲ့အတွက် မလှမ်းမကမ်းမှာ ရှိတဲ့ အိုင်ထဲကနေ ရေသွားခပ်ဖို့ အဖိုးအိုက စေညွှန်လိုက်တယ်။ ဒီတော့ တပည့်တွေလည်း ရေကန် ရှိရာကို သွားကြတယ်။

အဲဒီအခါမှာ ရေကန်မှာ မကြာသေးခင်ကမှ သမင်ဒရယ်တွေ ရေသောက် ဆင်းလာကြတဲ့ အတွက် ရေတွေနောက်ပြီး အနည်တွေ ထနေတာ တွေ့လိုက်ရတယ်။ ဒီတော့ တပည့်တွေလည်း စိတ်ပျက်လက်ပျက်နဲ့ အဖိုးအိုဆီ ပြန်လာခဲ့ကြတယ်။

အဖိုးအိုကလည်း ဘာမှမပြောပဲ ဒီအတိုင်းပဲ တိတ်တိတ်ဆိတ်ဆိတ် နေတယ်။ နောက်တနာရီလောက် ကြာတဲ့အခါ တပည့်တွေကို ရေသွားခပ်ခိုင်း ပြန်တယ်။

ဒီတခါတော့ ရေကန်ဟာ အနည်တွေ ထိုင်ပြီး အပေါ်က ရေတွေ ကြည် လင်နေတာကို တွေ့လိုက်ရတယ်။ ဒီတော့ ဝမ်းသာအားရနဲ့ တပည့်တွေ အားလုံး ရေခပ်ပြီး ပြန်လာကြတယ်။

ဒီတော့ အဖိုးအိုက မေးတယ်။ "ရေတွေ အားလုံး ကြည်လင်သွားအောင်ဘာ လုပ်လိုက်ကြသလဲ" "ဘာမှ မလုပ်ပါဘူး" လို့တပည့်တွေ အားလုံး ဝိုင်းဖြေကြတယ်။

အဲဒီထဲကမှ တပည့်တယောက်က ဖြေတယ်။ "အချိန်စောင့်လိုက်ရပါတယ်"

အဖိုးအိုက ပြုံးပြီး ပြောတယ်။ "ဟုတ်တယ် ရေကန်ထဲက ရေတွေအားလုံး ကြည်လင်ဖို့ ဘာမှမလုပ်ပဲ အချိန်တခုကို စောင့်ရပါတယ်။

အဲဒီလိုပဲ တစုံတခုက သင်တို့ကို ဒေါသထွက်အောင် နာကျင်အောင် ပြုလုပ်လို့ သင်တို့ စိတ်တွေ နောက်ကျိနေပြီဆိုရင် ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။

အချိန်ကာလတခု လွန်မြောက်ပြီးတဲ့အခါ ဒေါသတွေ အမုန်းတရားတွေ မရှိတော့ပဲ စိတ်ဟာ ပြန်လည် ကြည်လင် လာပါလိမ့်မယ်"

သင့်စိတ်ကို တစုံတယောက်က နာကျင်အောင် ထိခိုက်အောင် ဒေါသ ထွက်အောင် ပြုလုပ်လို့ သင့်စိတ် နောက်ကျိနေပြီ ဆိုရင်တော့ Let it be ထားလိုက်ပါ။

ဘာမှမလုပ်ပဲ ဒီအတိုင်းပဲ ထားလိုက်ပါ။ အချိန်ပေးလိုက်ပါ။ အချိန်ကာလ တခု ကျော်လွန်ပြီးတဲ့အခါ အရာရာဟာ ပြန်လည် ကြည်လင် သွားပါလိမ့်မယ်။ crd

Post a Comment

0 Comments