SpoGomi ဆိုတာက အားကစား sport နဲ့ Gomi (ဂျပန်ဘာသာစကားဖြင့်အမှိုက်) ကို ပေါင်းစပ်ထားတာပါ။ SpoGomi က တစ်ဖွဲ့မှာ ၃ ယောက်ကနေ ၅ ယောက်အထိ ပါဝင်တဲ့ အားကစားတစ်မျိုးဖြစ်လာပြီး လူကြိုက်များလာပါတယ်။
၂၀၂၃ ခုနှစ် နိုဝင်ဘာလမှာ SpoGomi ကမ္ဘာ့ဖလားပွဲကို ကျင်းပမယ်ဆိုတဲ့အကြောင်း ဂျပန်နိုင်ငံက မကြာသေးခင်က ကြေညာခဲ့ပါတယ်။ ဂျပန်နိုင်ငံက အမှိုက်ကောက်တာက အားကစားတစ်ရပ်အဖြစ် ပြောင်းလဲခဲ့တာပါ။
ပြိုင်ပွဲဝင်တွေက အဖွဲ့တွေဖွဲ့ပြီး တိုကျိုမြို့က လမ်းတွေပေါ်မှာ အမှိုက်တွေကို လိုက်ရှာပြီး ကောက်ရမှာပါ။ တစ်သင်းမှာ ကစားသမား ၃ ယောက်ပါဝင်မှာဖြစ်ပြီး အမှိုက်တွေကို ကောက်ဖို့ အချိန်မိနစ် ၆၀ ရရှိမှာပါ။
ဒါ့အပြင် ရရှိတဲ့အမှိုက်တွေကိုလည်း မီးရှို့လို့ရတဲ့အမှိုက်၊ ပြန်လည်အသုံးပြုလို့ရတဲ့အမှိုက်၊ ပလက်စတစ်၊ သံဘူးစသဖြင့် ခွဲခြားပေးရမှာပါ။ အချိန်စေတဲ့အခါ အမှိုက်အများဆုံးရရှိပြီး အမျိုးအစားတွေ တိကျအောင် ခွဲခြားပေးနိုင်တဲ့အသင်းက အနိုင်ရရှိမှာပါ။
အမှိုက်ကောက်တာကို အားကစားတစ်ရပ်အဖြစ် ပြောင်းလဲလိုက်တဲ့ရည်ရွယ်ချက်ကတော့ ကမ္ဘာမြေကြီးကို သန့်ရှင်းစေဖို့၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းတတ်စေဖို့ ရည်ရွယ်ချက်ပါ။ ဂျပန်နိုင်ငံမှာ သန့်ရှင်းတာကြောင့်လည်း နာမည်ကြီးပါတယ်။
ရုပ်သံ ၁
ဂျပန်နိုင်ငံမှာ SpoGomi အားကစားကို ၂၀၀၈ ခုနှစ်ကတည်းက ဒေသတွင်းမှာ ပြိုင်ပွဲတွေ ပြုလုပ်ပေးခဲ့ပါတယ်။ ပြိုင်ပွဲကို ယှဉ်ပြိုင်ဖို့အတွက် စာရင်းပေးသူတွေက နှစ်စဉ်နှစ်တိုင်း လူပေါင်းရာနဲ့ချီပြီး ရှိပါတယ်။
SpoGomi ပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေက လက်အိတ်တွေကို ဝတ်ဆင်ထားရပါတယ်။ ပြိုင်ပွဲစပြီဆိုတာနဲ့ "အမှိုက်ကောက်တာက အားကစား" လို့အော်ပြီး သတ်မှတ်ထားတဲ့နေရာမှာ အမှိုက်တွေ ကောက်ကြပါတယ်။ ပြိုင်ပွဲမှာ ဆုရတဲ့သူတွေကိုလည်း လက်မှတ်နဲ့ ဆုတံဆိပ်တွေကို ချီးမြှင့်ပါသေးတယ်။
ရုပ်သံ ၂
ပြိုင်ပွဲဝင်တွေက ဆုရဖို့ကို အလေးမထားဘဲ ယှဉ်ပြိုင်ရတာကို ပျော်စရာတစ်ရပ်လို့ ယူဆပြီး အမှိုက်ကောက်ပြိုင်ပွဲကို လာရောက်ယှဉ်ပြိုင်ကြပါတယ်။
အမှိုက်ကောက်တာကို အားကစားတစ်ရပ်အဖြစ် ကြေညာလိုက်တာကြောင့် ပတ်ဝန်းကျင်လည်း သန့်ရှင်းလှပသွားသလို စည်းလုံးညီညွတ်မှုကိုလည်း ရရှိသွားစေပါတယ်။
Zombie (lovemedia)
0 Comments