လိပ်ကလေးတွေလိုမျိုး ရှင်သန်လိုက်ပါ

မိခင်လိပ်မကြီးက လိပ်ကလေးတွေ ပေါက်ဖို့ လှိုင်းနဲ့ဝေးတဲ့ သဲသောင်မှာ ဥ ဥတယ်။ ပြီးတော့ သဲတွေနဲ့ ဥကို ဖုံးပြီး ပင်လယ်ထဲကို ပြန်လာတယ်။ ဥပေါက်ဖို့အတွက် အဝေးကပဲ မေတ္ထာ ပို့ပေးနိုင်တယ်။

ဥက ထွက်တာနဲ့ လိပ်ကလေးတွေဟာ တကောင်ထဲ ရပ်တည်ရတော့မယ်။ သူတို့ကို ကူညီမဲ့သူ မရှိဘူး။ သူတို့ရဲ့ အခက်အခဲဟာ အဲဒီအချိန်မှာပဲ စတင်ပါတယ်။

အပေါ်ကို ရောက်ဖို့ သဲတွေကို စတင် ထိုးဖောက်ရတယ်။ ပင်လယ်ထဲရောက်ဖို့ သဲသောင်ကနေ တဖြေးဖြေး ဖြတ်သန်းရတယ်။

အဲဒီအချိန်မှာ သူတို့ကို ထိုးချီပြီး စားဖို့ ငှက်တွေကလည်း စောင့်နေလေရဲ့။ ငှက်တွေကို ကြောက်လို့ သူတို့ နောက်ကြောင်းပြန်မလှည့်ဘူး။ သူတို့ရဲ့ တွင်းထဲမှာ ပုန်းမနေကြဘူး။ သူတို့ရဲ့ ပန်းတိုင် ဖြစ်တဲ့ ပင်လယ်ဆီကို ဦးတည် သွားနေကြတုန်းပဲ။

အောင်နိုင်သူတွေက ပင်လယ်ထဲ ရောက်သွားတယ်။ ပိုတော်တဲ့ သူတွေက ဧရာမလိပ်ကြီးတွေအဖြစ် စာရင်းဝင်သွားတာပေါ့။

ဒါကြောင့် ကျနော်တို့တတွေလည်း ဘဝမှာ တယောက်ထဲဆိုပြီး စိတ်ပျက်အားငယ် မနေပါနဲ့။ လိပ်ကလေးလိုမျိုး ရှင်သန်ပါ။

စိတ်ဖိစီးမှုနဲ့ ဖိနှိပ်ခြင်းကနေ ရုန်းထွက်လိုက်ပါ။ အပေါ်က ဖိထားတဲ့ သူတွေကို ရှိသမျှ ခွန်အားတွေနဲ့ တွန်းထုတ်လိုက်ပါ။ မနာလို ဝန်တိုတဲ့သူတွေ ချောက်တွန်းဖို့ ချောင်းနေတဲ့သူတွေကို သတိထားပါ။ သူတို့ကို ကြောက်ပြီး ပုန်းမနေပါနဲ့။

သတ္ထိရှိရှိရင်ဆိုင်ပါ။ သူတို့ကြောင့် သွားမဲ့ဦးတည်ချက်ကို မပြောင်းလဲပါနဲ့။ မဆုတ်မနစ်နဲ့ ကြိုးစားမယ်ဆိုရင် ဧရာမလူသားတွေ ဖြစ်လာနိုင်ပါတယ်။ crd

Zawgyi

လိပ္ကေလးေတြလိုမ်ိုး ရွင္သန္လိုက္ပါ

မိခင္လိပ္မႀကီးက လိပ္ကေလးေတြ ေပါက္ဖို႔ လႈိင္းနဲ႔ေဝးတဲ့ သဲေသာင္မွာ ဥ ဥတယ္။ ၿပီးေတာ့ သဲေတြနဲ႔ ဥကို ဖုံးၿပီး ပင္လယ္ထဲကို ျပန္လာတယ္။ ဥေပါက္ဖို႔အတြက္ အေဝးကပဲ ေမတၳာ ပို႔ေပးႏိုင္တယ္။

ဥက ထြက္တာနဲ႔ လိပ္ကေလးေတြဟာ တေကာင္ထဲ ရပ္တည္ရေတာ့မယ္။ သူတို႔ကို ကူညီမဲ့သူ မရွိဘူး။ သူတို႔ရဲ႕ အခက္အခဲဟာ အဲဒီအခ်ိန္မွာပဲ စတင္ပါတယ္။ အေပၚကို ေရာက္ဖို႔ သဲေတြကို စတင္ ထိုးေဖာက္ရတယ္။ ပင္လယ္ထဲေရာက္ဖို႔ သဲေသာင္ကေန တေျဖးေျဖး ျဖတ္သန္းရတယ္။

အဲဒီအခ်ိန္မွာ သူတို႔ကို ထိုးခ်ီၿပီး စားဖို႔ ငွက္ေတြကလည္း ေစာင့္ေနေလရဲ႕။ ငွက္ေတြကို ေၾကာက္လို႔ သူတို႔ ေနာက္ေၾကာင္းျပန္မလွည့္ဘူး။ သူတို႔ရဲ႕ တြင္းထဲမွာ ပုန္းမေနၾကဘူး။ သူတို႔ရဲ႕ ပန္းတိုင္ ျဖစ္တဲ့ ပင္လယ္ဆီကို ဦးတည္ သြားေနၾကတုန္းပဲ။

ေအာင္ႏိုင္သူေတြက ပင္လယ္ထဲ ေရာက္သြားတယ္။ ပိုေတာ္တဲ့ သူေတြက ဧရာမလိပ္ႀကီးေတြအျဖစ္ စာရင္းဝင္သြားတာေပါ့။ ဒါေၾကာင့္ က်ေနာ္တို႔တေတြလည္း ဘဝမွာ တေယာက္ထဲဆိုၿပီး စိတ္ပ်က္အားငယ္ မေနပါနဲ႔။ လိပ္ကေလးလိုမ်ိဳး ရွင္သန္ပါ။

စိတ္ဖိစီးမႈနဲ႔ ဖိႏွိပ္ျခင္းကေန ႐ုန္းထြက္လိုက္ပါ။ အေပၚက ဖိထားတဲ့ သူေတြကို ရွိသမွ် ခြန္အားေတြနဲ႔ တြန္းထုတ္လိုက္ပါ။ မနာလို ဝန္တိုတဲ့သူေတြ ေခ်ာက္တြန္းဖို႔ ေခ်ာင္းေနတဲ့သူေတြကို သတိထားပါ။ သူတို႔ကို ေၾကာက္ၿပီး ပုန္းမေနပါနဲ႔။

သတၳိရွိရွိရင္ဆိုင္ပါ။ သူတို႔ေၾကာင့္ သြားမဲ့ဦးတည္ခ်က္ကို မေျပာင္းလဲပါနဲ႔။ မဆုတ္မနစ္နဲ႔ ႀကိဳးစားမယ္ဆိုရင္ ဧရာမလူသားေတြ ျဖစ္လာႏိုင္ပါတယ္။ crd

Post a Comment

0 Comments