သူ့အတွေး ကိုယ့်အတွေး

တခါတုန်းက ရွာတရွာမှာ သူခိုးဝင်ခိုးတော့ ရွာသားတွေ ဝိုင်းပြီး ဖမ်းကြသတဲ့။ သူခိုးကလည်း ကြံရာမရ ဖြစ်ပြီးတော့ မနီးမဝေးမှာ ရှိနေတဲ့ သင်္ချိုင်းထဲကို ဝင်ပြေးပြီး ပုန်းနေရပါသတဲ့။

ရွာသားတွေ ပြန်လည် ထွက်ခွါသွားတော့မှ ပုန်းနေရာကနေ ခေါင်းကလေးပြူပြီး ဟိုဟိုဒီဒီ ကြည့်လိုက်တော့ သူနဲ့ မလှမ်းမကမ်းမှာ ရသေ့တပါး တရားထိုင်နေတာကို သွားပြီး မြင်ပါသတဲ့။

ဒီတော့ သူခိုးက တွေးလိုက်တာက "သြော် လက်စသတ်တော့ ဒီသင်္ချိုင်းထဲမှာ ငါတယောက်တည်းမှ မဟုတ်ပဲ။ ဟိုဖက်မှာလည်း သူခိုးတယောက် ပုန်းနေပါပကော" လို့ တွေးမိပါသတဲ့။

ရသေ့ကြီးကလည်းပဲ လူသံသူသံ ကြားရတာနှင့် ဘာတွေများပါလိမ့်လို့ ခေါင်းကလေး မော့ပြီး ကြည့်လိုက်တော့၊ မလှမ်းမကန်းမှာ ရှိနေတဲ့ သူခိုးကို မြင်လိုက်ရတော့ ရသေ့ကြီးက တွေးပါသတဲ့။

"သြော် ဒီသင်္ချိုင်းထဲမှာ ငါတယောက်တည်း တရားအားထုတ်နေတယ်လို့ ထင်နေတာ။ ဟိုဖက်မှာလည်း သူတော်ကောင်းတယောက် တရားအားထုတ်နေပါပကော" လို့ တွေးပြီး သာဓု အကြိမ်ကြိမ် ခေါ်မိပါသတဲ့။

လူတွေဟာ မိမိစိတ်အတိုင်း သူများကို မြင်တတ်ကြတယ်လို့ ဆိုလိုတာပါပဲ။ စိတ်ထားမကောင်းသူက သူများကိုလည်း မကောင်းမြင်တတ် ကြတယ်။ မကောင်းပြောတတ် ကြတယ်။ မကောင်းကြံတတ်ကြတယ်။

စိတ်ထားကောင်းသူများကတော့ မကောင်းတဲ့သူကိုတောင်မှ ဖြည့်ပြီး အကောင်းပြောတတ် ကြတယ်။ ဥပမာ မကောင်းလို့ အပေါင်းအသင်း မလုပ်ရင် ပိုဆိုးသွာမှာပေါ့လို့ ပြောတတ်ကြတယ်။

ဒါ့ကြောင့် အရာရာတွင် အကောင်းမြင်ခြင်းသည် အကောင်းကြီး မဟုတ်ပေမယ့် အဆိုးမြင်ထက် ကောင်းသေးတယ်လို့ လက်ခံနိုင်ဖို့ လိုပါတယ်။ crd

Zawgyi

သူ႔အေတြး ကို္ယ့္အေတြး

တခါတုန္းက ႐ြာတ႐ြာမွာ သူခိုးဝင္ခိုးေတာ့ ႐ြာသားေတြ ဝိုင္းၿပီး ဖမ္းၾကသတဲ့။ သူခိုးကလည္း ႀကံရာမရ ျဖစ္ၿပီးေတာ့ မနီးမေဝးမွာ ရွိေနတဲ့ သခ်ႋဳင္းထဲကို ဝင္ေျပးၿပီး ပုန္းေနရပါသတဲ့။

႐ြာသားေတြ ျပန္လည္ ထြက္ခြါသြားေတာ့မွ ပုန္းေနရာကေန ေခါင္းကေလးျပဴၿပီး ဟိုဟိုဒီဒီ ၾကည့္လိုက္ေတာ့ သူနဲ႔ မလွမ္းမကမ္းမွာ ရေသ့တပါး တရားထိုင္ေနတာကို သြားၿပီး ျမင္ပါသတဲ့။

ဒီေတာ့ သူခိုးက ေတြးလိုက္တာက "ေၾသာ္ လက္စသတ္ေတာ့ ဒီသခ်ႋဳင္းထဲမွာ ငါတေယာက္တည္းမွ မဟုတ္ပဲ။ ဟိုဖက္မွာလည္း သူခိုးတေယာက္ ပုန္းေနပါပေကာ" လို႔ ေတြးမိပါသတဲ့။

ရေသ့ႀကီးကလည္းပဲ လူသံသူသံ ၾကားရတာႏွင့္ ဘာေတြမ်ားပါလိမ့္လို႔ ေခါင္းကေလး ေမာ့ၿပီး ၾကည့္လိုက္ေတာ့၊ မလွမ္းမကန္းမွာ ရွိေနတဲ့ သူခိုးကို ျမင္လိုက္ရေတာ့ ရေသ့ႀကီးက ေတြးပါသတဲ့။ "ေၾသာ္ ဒီသခ်ႋဳင္းထဲမွာ ငါတေယာက္တည္း တရားအားထုတ္ေနတယ္လို႔ ထင္ေနတာ။ ဟိုဖက္မွာလည္း သူေတာ္ေကာင္းတေယာက္ တရားအားထုတ္ေနပါပေကာ" လို႔ ေတြးၿပီး သာဓု အႀကိမ္ႀကိမ္ ေခၚမိပါသတဲ့။

လူေတြဟာ မိမိစိတ္အတိုင္း သူမ်ားကို ျမင္တတ္ၾကတယ္လို႔ ဆိုလိုတာပါပဲ။ စိတ္ထားမေကာင္းသူက သူမ်ားကိုလည္း မေကာင္းျမင္တတ္ ၾကတယ္။ မေကာင္းေျပာတတ္ ၾကတယ္။ မေကာင္းႀကံတတ္ၾကတယ္။

စိတ္ထားေကာင္းသူမ်ားကေတာ့ မေကာင္းတဲ့သူကိုေတာင္မွ ျဖည့္ၿပီး အေကာင္းေျပာတတ္ ၾကတယ္။ ဥပမာ မေကာင္းလို႔ အေပါင္းအသင္း မလုပ္ရင္ ပိုဆိုးသြာမွာေပါ့လို႔ ေျပာတတ္ၾကတယ္။ ဒါ့ေၾကာင့္ အရာရာတြင္ အေကာင္းျမင္ျခင္းသည္ အေကာင္းႀကီး မဟုတ္ေပမယ့္ အဆိုးျမင္ထက္ ေကာင္းေသးတယ္လို႔ လက္ခံႏိုင္ဖို႔ လိုပါတယ္။ crd

Post a Comment

0 Comments