သင့်ဘဝကို အနှောက်အယှက်ပေးမယ့် လူ ၃ မျိုး

လူ့ဘဝမှာ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးက အရေးကြီးတဲ့ အပိုင်းမှာ ပါဝင်ပါတယ်။ လူဆိုတာလည်း အမျိုးမျိုး ရှိပါတယ်။

ဆက်ဆံရေး ကောင်းမွန်တဲ့သူကို တွေ့နိုင်သလို၊ စကားနားထောင် ကောင်းသောသူ၊ စကားပြောကောင်းသောသူ စသည်ဖြင့် အမျိုးမျိုးပါပဲ။

တဖက်မှာလည်း ကိုယ့်ကို ဒုက္ခပေးမယ့်သူကလည်း ရှိတယ်ဆိုတာကို မမေ့ထားပါနဲ့။ ကိုယ့်ရဲ့ဘဝကို သာသာယာယာ လျှောက်လှမ်းချင်တယ် ဆိုရင်တော့ အောက်မှာ ရေးထားတဲ့ လူ ၃ မျိုးကို ရှောင်သင့်ပါတယ်။

သူတို့ကို သတိထားပြီး ရှောင်ရင် ဖြစ်လာမယ့် ပြသနာတွေကို ကြိုတင်ပြီး တားဆီးနိုင်မှာပါ။

(၁) သူတပါးကို အမြဲအသုံးချရန် ကြိုးစားနေသောသူ

လူတွေကို ကောင်းကောင်း လိမ်တတ်သောသူ ဖြစ်ပါတယ်။ သူတပါးကို လိမ်ညာနေတယ်လို့ မထင်ရပင်မယ့်လည်း အသုံးချရန် ကြိုးစားနေသူပါ။ သူတပါးကို စိတ်ဆင်းရဲအောင်၊ ကောင်းမွန်သော ဆုံးဖြတ်ချက်ကို မချနိုင်အောင် အမြဲ ကြိုးစာနေသူပါ။

သူတို့ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင့်ထံမှ ယုံကြည်မှုကို ရရှိဖို့ရန်သာ ဖြစ်ပါတယ်။ ပိုက်ဆံ၊ အပေါင်းအသင်းကို ရယူရန်ကြိုးစားနေတာလဲ ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ် သင့်ကို အနိုင်ကျင့်ပြီး ပျော်ရွှင်နေတာလည်း ဖြစ်နိုင်ပါတယ်။ ဒီလိုလူမျိုးကို ကိုယ်တိုင်သာ စဉ်းစားဆုံးဖြတ်ပါ။

(၂) အနိုင်ကျင့်သောသူ

ဒီလိုလူမျိုးကတော့ သူတပါးက စိတ်ဆင်းရဲနေတာကို ကြည့်ပြီး အားရဝမ်းသာ ဖြစ်နေသောသူပါ။ သူတပါးကို နှိပ်စက်အပြစ်တင်နိုင်မှာသာ ကိုယ့်အတွက် ယုံကြည်ချက်တွေ ပြည့်ဝလာတယ်လို့ ခံယူထားပါတယ်။

သူတပါးကို အနိုင်ကျင့်နေချိန်မှာ ဒီလူက ကိုယ့်ထက်ကို ညံ့တယ်၊ ငါက သာလျှင် မင်းထက်တော်တယ်လို့ ခံယူထားသူပါ။

သူတို့နဲ့ ပြိုင်ပြီး ရန်ဖြစ်ရင်လည်း အချိန်ကုန်ပါတယ်။ သူတို့ရဲ့ တကယ့်ရန်သူကတော့ ကိုယ်တိုင်သာလျှင် ဖြစ်ပါတယ်။

(၃) တကိုယ်ကောင်းဆန်သူ

သူကတော့ သင့်ကို ပေါင်းသင်းဆက်ဆံတယ်ဆိုတာ သူ့အတွက် လိုအပ်လို့သာ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် သင့်အနားကနေ မခွာချင်ပါ။ ဖြစ်နိုင်ရန် သင့်အနားမှာ အမြဲတမ်းနေပြီး အသုံးချနေမှာပါ။

ဒါကြောင့် သူငယ်ချင်းမိတ်ဆွေ ဖြစ်တာကြောင့် သူ့အတွက် စဉ်းစားပေးရမယ်လို့လည်း မစဉ်းစားနိုင်ပါ။ ကိုယ့်အတွက်သာလျှင် အမြဲ စဉ်းစာနေသူပါ။

သင့်အနားမှာ ဒီလိုလူတွေ ရှိနေပြီဆိုရင် ပြတ်ပြတ်သားသား ငြင်းပြီး အဆက်ဖြတ်နိုင်ပါစေ။ မကုန်သင့်သော အချိန်တွေကို သူ့အတွက် မပေးလိုက်ပါနဲ့။ ကိုယ့်ရဲ့အချိန်ဆိုတာ အလွန်တန်ဖိုးရှိတယ် ဆိုတာကို မမေ့ပါနဲ့။ Crd

Post a Comment

0 Comments