ဒီလိုလူ ဆယ်မျိုးထဲ မပါစေနဲ့
၁။ ကောင်းကွက်ရှိလျက်နဲ့ မကောင်းကွက်ကိုမှ ရွေးပြီး ကြည့်တတ်တဲ့လူ။
၂။ သူတပါးရဲ့ ဂုဏ်သတင်းကို အခြားလူ တယောက်ကို ဖွင့်ဟပြောရမှာ ဝန်လေးတတ်တဲ့လူ။
၃။ ကိုယ်နဲ့ မထိုက်တာ သိရဲ့သားနဲ့ သူတပါး ရမှာကြောက်လို့ မကောင်းကြံတတ်တဲ့လူ။
၄။ ကိုယ်မလုပ်နိုင်မှန်း သိလျက်နဲ့ သူတပါး လုပ်နိုင်တာကို မနာလို ဝန်တိုတတ်တဲ့လူ။
၅။ အခြားလူဘက်မှာ အမှန်တရား ရှိတာသိလျက်နဲ့ ငွေကြေးရှိတဲ့သူဘက်က ရပ်တည်တတ်တဲ့လူ။
၆။ ငါသာ ဗိုက်ဝရင် ပြီးရော သူတပါးငတ်ငတ် ဆိုတဲ့ စာနာစိတ် မရှိတဲ့လူ။
၇။ ပိုက်ဆံမျက်နှာ တခုအတွက်နဲ့ အကုသိုလ်ကို ပြုလုပ်ရဲတဲ့လူ။
၈။ သူတပါးကို အပေါ်ယံ ကြည့်ပြီး အထင်သေး တတ်တဲ့လူ။
၉။ ငွေကြေး ချမ်းသာတဲ့သူကို တမျိုး၊ ငွေကြေး ဆင်းရဲတဲ့ သူတွေကို တမျိုး၊ လိုတမျိုး မလိုတမျိုး ဖြစ်တတ်တဲ့လူ။
၁၀။ ရိုးသားတဲ့ လူတွေအပေါ်မှာ လိမ်ညာ ကောက်ကျစ်ကြပြီး ဖိနှိပ် ဆက်ဆံတတ်တဲ့လူ။
အဲ့ဒီလို လူမျိုးတွေထဲ ကိုယ်မပါစေနဲ့။ အဲဒီလို လူတွေနဲ့ တွေ့ကြုံခဲ့ရင်လည်း အပေါင်းအသင်း မလုပ်ပါနဲ့။ Crd
Zawgyi
Post a Comment
0 Comments