အဖိုးပြောပြတဲ့ ပညာရှိက (၁) မျက်လုံးကျယ်တယ်။ (၂) လျှာတိုတယ်။ (၃) နားရွက်ရှည်တယ်လို့ ပြောဖူးတယ်။ အဲဒီတုန်းက သေချာ မသိလိုက်ရဘူး။ ကလေးဆိုတော့ စိတ်ထဲမှာ ကိုယ်ထင်ချင်ရာ ထင်မိ မြင်မိတယ်။
နောက် အသက်တွေလည်း တဖြည်းဖြည်း ကြီးလာတယ်။ ဒါပေမယ့် လိုချင်တဲ့ အဖြေက မသိသေးဘူး။ အဖိုးက မေးတယ် "အဖိုးပြောတဲ့ ပညာရှိဆိုတာကို သိပြီလား" တဲ့။ ကျနော်လည်း ကျနော် ထင်တာတွေကို ပြောပြလိုက်တယ်။
အဖိုးက ရယ်တာပေါ့။ ဟက်ဟက်ပက်ပက်ကို ရယ်တယ်။ "အဲဒီလို မဟုတ်ဘူး ငါ့မြေးရဲ့။ မျက်လုံးကျယ်တယ်ဆိုတာ အမြင်ကျယ်တာကို ပြောတာ၊ မျက်လုံးပြူးတယ်လို့ ပြောတာ မဟုတ်ဘူး။
လျှာတိုတယ်ဆိုတာ နေရာတကာ ဝင်စွက်ဖက်တာတွေ မရှိဘူး၊ မမေးပဲ ဖြေလေ့ မရှိဘူး။ စကားတလုံးကို ပါးစပ်က ထွက်ရင်ပြီးရော မပြောတတ်တာကို လျှာတိုတယ်လို့ ခေါ်တယ်။
နားရွက်ရှည်တယ်ဆိုတာ ကောင်းနိုးရာရာ မှတ်သားစရာ အားလုံးကို အကြားအာရုံကောင်းစွာ လုပ်ဆောင်ပေးတယ်။
အပြုသဘော ဆောင်တဲ့ အကြားအာရုံကိုသာ အဓိကထား နားထောင်တတ်ပြီး အပျက်သဘောဆောင်တဲ့ စကားတွေကို နားဝမှာ တွန်းထုတ်တတ်လို့ နားရွက်ရှည်တယ်လို့ ပြောတာ" တဲ့။
တကယ်ပါ အဲဒီတုန်းက မတွေးမိခဲ့ပါဘူး။ သူတို့ ၃ ခု ပေါင်းစည်းလိုက်ရင် ပညာရှိလို့ ခေါ်ထိုက်ပါတယ်တဲ့။ Crd
Zawgyi
အဘိုးအိုေျပာေသာ ပညာရွိ
အဖိုးေျပာျပတဲ့ ပညာရွိက (၁) မ်က္လုံးက်ယ္တယ္။ (၂) လွ်ာတိုတယ္။ (၃) နား႐ြက္ရွည္တယ္လို႔ ေျပာဖူးတယ္။ အဲဒီတုန္းက ေသခ်ာ မသိလိုက္ရဘူး။ ကေလးဆိုေတာ့ စိတ္ထဲမွာ ကိုယ္ထင္ခ်င္ရာ ထင္မိ ျမင္မိတယ္။
ေနာက္ အသက္ေတြလည္း တျဖည္းျဖည္း ႀကီးလာတယ္။ ဒါေပမယ့္ လိုခ်င္တဲ့ အေျဖက မသိေသးဘူး။ အဖိုးက ေမးတယ္.. "အဖိုးေျပာတဲ့ ပညာရွိဆိုတာကို သိၿပီလား" တဲ့။ က်ေနာ္လည္း က်ေနာ္ ထင္တာေတြကို ေျပာျပလိုက္တယ္။
အဖိုးက ရယ္တာေပါ့။ ဟက္ဟက္ပက္ပက္ကို ရယ္တယ္။ "အဲဒီလို မဟုတ္ဘူး ငါ့ေျမးရဲ႕။ မ်က္လုံးက်ယ္တယ္ဆိုတာ အျမင္က်ယ္တာကို ေျပာတာ၊ မ်က္လုံးျပဴးတယ္လို႔ ေျပာတာ မဟုတ္ဘူး။
လွ်ာတိုတယ္ဆိုတာ ေနရာတကာ ဝင္စြက္ဖက္တာေတြ မရွိဘူး၊ မေမးပဲ ေျဖေလ့ မရွိဘူး။ စကားတလုံးကို ပါးစပ္က ထြက္ရင္ၿပီးေရာ မေျပာတတ္တာကို လွ်ာတိုတယ္လို႔ ေခၚတယ္။
နား႐ြက္ရွည္တယ္ဆိုတာ ေကာင္းႏိုးရာရာ မွတ္သားစရာ အားလုံးကို အၾကားအာ႐ုံေကာင္းစြာ လုပ္ေဆာင္ေပးတယ္။အျပဳသေဘာ ေဆာင္တဲ့ အၾကားအာ႐ုံကိုသာ အဓိကထား နားေထာင္တတ္ၿပီး အပ်က္သေဘာေဆာင္တဲ့ စကားေတြကို နားဝမွာ တြန္းထုတ္တတ္လို႔ နား႐ြက္ရွည္တယ္လို႔ ေျပာတာ" တဲ့။
တကယ္ပါ အဲဒီတုန္းက မေတြးမိခဲ့ပါဘူး။ သူတို႔ ၃ ခု ေပါင္းစည္းလိုက္ရင္ ပညာရွိလို႔ ေခၚထိုက္ပါတယ္တဲ့။ Crd
0 Comments