ဝက်ဝံကြီးနှင့် မိတ်ဆွေစစ်

တခါတုန်းက သူငယ်ချင်းနှစ်ယောက် တောကြီးမျက်မည်းထဲမှာ လှည့်လည် သွားလာနေတုန်း ဗြုန်းဆို ခပ်လှမ်းလှမ်းက လာနေတဲ့ ဝက်ဝံကြီးတကောင်ကို တွေ့လိုက်ရသတဲ့။

တယောက်ဟာ ချက်ချင်းဆိုသလို ဝုန်းကနဲ ထွက်ပြေးသွားပြီး နီးစပ်ရာ အပင်ပေါ်ကို တွယ်တက်သွားတယ်။ နောက်တယောက်ကတော့ ဘာလုပ်ရမှန်းမသိဘဲ ဝက်ဝံကြီးလာရာ လမ်းကြောင်းတည့်တည့်မှာ ကျန်နေခဲ့တာပေါ့။ ကြံရာမရတဲ့အဆုံး သူဟာ မြေကြီးပေါ် လှဲချလိုက်ပြီး အသေကောင်လို ဟန်ဆောင်နေ လိုက်တယ်။

ဝက်ဝံကြီးဟာ သူ့လမ်းကြောင်းအတိုင်း လျှောက်လာပြီး လမ်းပေါ်မှာ လဲနေတဲ့ သူ့အနား ရောက်လာတဲ့အခါ ရပ်လိုက်တယ်။ ပြီးတော့ သူ့ရဲ့မျက်နှာနား ကပ်ပြီး အနံ့ခံလိုက်သတဲ့။

အောက်ကလူကတော့ အသက်ရှူ ရပ်မတတ်ကို ကြောက်လန့်နေ ရှာတော့တာပေါ့။ အသက်မရှူတဲ့သူကို တွေ့တဲ့ ဝက်ဝံကြီးဟာ အသေကောင်လို့ ထင်ပြီး အနားက ထွက်ခွာသွားတော့တယ်။

ဝက်ဝံကြီး ပြန်သွားတဲ့အခါ အပင်ပေါ်ကလူဟာ အောက်ကို ပြန်ဆင်းလာတယ်။ ပြီးတော့ အသက်ထွက်မတတ် ကြောက်ရွံ့နေရှာတဲ့ သူ့သူငယ်ချင်းကို ကြည့်ပြီး ခွက်ထိုးခွက်လန် ရယ်တော့တယ်။

ရယ်နေရင်းနဲ့ပဲ "ဝက်ဝံကြီးက မင်းမျက်နှာနား ကပ်ပြီး ဘာပြောသွားတာလဲကွ" လို့ မေးလိုက်တယ်။

အဲဒီအခါ မြေကြီးပေါ်မှာ လှဲနေတဲ့သူဟာ ပြန်ထလာပြီး "အေး ဒုက္ခတစုံတရာနဲ့ တွေ့တဲ့အချိန်မှာ အနားက ထွက်ပြေးရှောင်ပုန်းသွားတဲ့ သူဟာ မပေါင်းအပ်တဲ့ မိတ်ဆွေပဲလို့ ပြောသွားတယ်လေ" ဟု ပြန်ဖြေလိုက်လေသည်။ Crd

Zawgyi

ဝက္ဝံႀကီးႏွင့္ မိတ္ေဆြစစ္

တခါတုန္းက သူငယ္ခ်င္းႏွစ္ေယာက္ ေတာႀကီးမ်က္မည္းထဲမွာ လွည့္လည္ သြားလာေနတုန္း ျဗဳန္းဆို ခပ္လွမ္းလွမ္းက လာေနတဲ့ ဝက္ဝံႀကီးတေကာင္ကို ေတြ႕လိုက္ရသတဲ့။

တေယာက္ဟာ ခ်က္ခ်င္းဆိုသလို ဝုန္းကနဲ ထြက္ေျပးသြားၿပီး နီးစပ္ရာ အပင္ေပၚကို တြယ္တက္သြားတယ္။ ေနာက္တေယာက္ကေတာ့ ဘာလုပ္ရမွန္းမသိဘဲ ဝက္ဝံႀကီးလာရာ လမ္းေၾကာင္းတည့္တည့္မွာ က်န္ေနခဲ့တာေပါ့။ ႀကံရာမရတဲ့အဆုံး သူဟာ ေျမႀကီးေပၚ လွဲခ်လိုက္ၿပီး အေသေကာင္လို ဟန္ေဆာင္ေန လိုက္တယ္။

ဝက္ဝံႀကီးဟာ သူ႔လမ္းေၾကာင္းအတိုင္း ေလွ်ာက္လာၿပီး လမ္းေပၚမွာ လဲေနတဲ့ သူ႔အနား ေရာက္လာတဲ့အခါ ရပ္လိုက္တယ္။ ၿပီးေတာ့ သူ႔ရဲ႕မ်က္ႏွာနား ကပ္ၿပီး အနံ႔ခံလိုက္သတဲ့။

ေအာက္ကလူကေတာ့ အသက္ရႉ ရပ္မတတ္ကို ေၾကာက္လန႔္ေန ရွာေတာ့တာေပါ့။ အသက္မရႉတဲ့သူကို ေတြ႕တဲ့ ဝက္ဝံႀကီးဟာ အေသေကာင္လို႔ ထင္ၿပီး အနားက ထြက္ခြာသြားေတာ့တယ္။

ဝက္ဝံႀကီး ျပန္သြားတဲ့အခါ အပင္ေပၚကလူဟာ ေအာက္ကို ျပန္ဆင္းလာတယ္။ ၿပီးေတာ့ အသက္ထြက္မတတ္ ေၾကာက္႐ြံ႕ေနရွာတဲ့ သူ႔သူငယ္ခ်င္းကို ၾကည့္ၿပီး ခြက္ထိုးခြက္လန္ ရယ္ေတာ့တယ္။ ရယ္ေနရင္းနဲ႔ပဲ "ဝက္ဝံႀကီးက မင္းမ်က္ႏွာနား ကပ္ၿပီး ဘာေျပာသြားတာလဲကြ" လို႔ ေမးလိုက္တယ္။

အဲဒီအခါ ေျမႀကီးေပၚမွာ လွဲေနတဲ့သူဟာ ျပန္ထလာၿပီး "ေအး ဒုကၡတစုံတရာနဲ႔ ေတြ႕တဲ့အခ်ိန္မွာ အနားက ထြက္ေျပးေရွာင္ပုန္းသြားတဲ့ သူဟာ မေပါင္းအပ္တဲ့ မိတ္ေဆြပဲလို႔ ေျပာသြားတယ္ေလ" ဟု ျပန္ေျဖလိုက္ေလသည္။ Crd

Post a Comment

0 Comments