အပ်တထောက်စာ ဆိုပေမယ့်

တခါတုန်းက တိုင်းပြည်တပြည်မှာ အရမ်းဆင်းရဲတဲ့ အဖွားအိုတယောက် ရှိသတဲ့။ သူမှာ ပိုင်ဆိုင်မှု ဆိုတာကလည်း လဲပြိုခါနီး တဲလေးတလုံးရယ်၊ ညစ်ပတ်ပြီး အရောင် မထွက်တော့တဲ့ အဝတ်စားလေး တစုံရယ်၊ ကြက်မလေး တကောင်ရယ်ပဲ ရှိတယ်။

သူရဲ့ ကြက်မလေးက သူ့အတွက် နေ့တိုင်း ကြက်ဥတလုံး တလုံး ဥပေးတယ်။ အဲဒီ ကြက်ဥလေးနဲ့ အဖွားအိုက နေ့တိုင်း သူ့ရဲ့ စားဝတ်နေရေးကို ဖြေရှင်းပြီး အသက်ရှင်နေ ခဲ့ရတယ်။

အဖွားအို နေထိုင်တဲ့ တိုင်းပြည်မှာ အစားကျူးတဲ့ ဘုရင်တပါး အုပ်ချုပ်နေတယ်။ တနေ့မှာ ဘုရင်က တိုင်းပြည်ထဲမှာ ထူးဆန်းတဲ့ အမိန့်တခုကို မောင်းထုပြီး ကြေညာခဲ့တယ်။

အဲဒါအမိန့်က ဘာလဲဆိုတော့ လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် တိုင်းပြည်မှာ ရှိတဲ့ တိုင်းသူပြည်သားတွေ အားလုံး သူစားတော် ပွဲတည်ဘို့ အတွက် အသားဟင်းတခွက် လာပို့ရမယ်လို့ ကြေညာ မောင်းခတ်ခဲ့တယ်။

ဒီသတင်းကို ကြားတဲ့ တိုင်းသူပြည်သားတွေက အသားဟင်းတခွက် ပို့ဖို့ ပြင်ဆင်ကြတယ်။ အဲဒီအထဲမှာ ကြက်မလေးတကောင်ကို ပိုင်ဆိုင်ထားတဲ့ အဖွားအိုလည်း အပါအဝင်ပေါ့။

အဖွားအိုမှာ ဘယ်လိုမှ အသားဟင်းကို ပို့စရာမရှိဘူး ဖြစ်နေတယ်။ သူ့မှာ အသားဟင်းတခွက် ပို့ဘို့ ငွေကြေးကလည်း လုံးဝမရှိဆိုတော့ အရမ်းကို ခက်ခဲနေခဲ့တယ်။

အသားဟင်း မပို့နိုင်လို့ မင်းပြစ် မင်းဒဏ်ခံရမယ်ဆို ပိုပြီး ကြီးလေးတာကြောင့် အဖွားအိုက သူ့ကို နေ့တိုင်း ကြက်ဥတလုံး တလုံး ဥပေးနေတဲ့ ကြက်မလေးကို သတ်ပြီး ဘုရင်ဆီကို အသားဟင်းတခွက် ပို့ဘို့ သူဆုံးဖြတ်လိုက်တယ်။

ဘုရင်ကတော့ စားတော်ပွဲမှာ တအိမ်တယောက်နှုန်း အသားဟင်းခွက်ပေါင်း မြောက်များစွာနဲ့ ပွဲတော် တည်နေခဲ့တယ်။

အသားဟင်းခွက်တွေက သိပ်များပြား လွန်းတာကြောင့် ဟင်းခွက်တိုင်းကို မစားဖြစ်ခဲ့ပါဘူး။ မစားဖြစ်တဲ့ ဟင်းခွက်တွေ ထဲမှာ အဖွားအိုရဲ့ ကြက်သားဟင်းလေးလည်း အပါပေါ့။

အဲဒါကြောင့် ကိုယ်အတွက် အပ်ဖျားလေး တထောက်စာဆိုပေမယ့် ဆပ်ပြာပူဖောင်းလေးတွေ အတွက်တော့ ဘဝကို ပျက်စေပါတယ်။ crd

Post a Comment

0 Comments