တခါတုန်းက တောအုပ်တခုထဲမှာ ငှက်ကလေးတကောင်နဲ့ ပျားလေးတကောင် တွေ့ကြသတဲ့။ အဲဒီအခါမှာ ငှက်ကလေးက ပျားလေးကို မေးလိုက်ပါတယ်။
"ပျားရေ မင်းတနေကုန်လုံး ကြိုးစားပြီး အလုပ်လုပ်ပြီး ပျားရည်တွေ ချက်လုပ်ပြီး မင်းတို့ အသိုက်မှာ စုဆောင်းထားတယ်။
ဒါပေမယ့် လူသားတွေက မင်းတို့ရဲ့ ပျားရည်တွေကို အဆင်သင့် ခိုးယူသွားကြတယ်။ ဒါကို မင်း ဝမ်းမနည်းဘူးလားကွာ" လို့ မေးလိုက်ပါတယ်။
အဲဒီအခါမှာတော့ ပျားကလေးက ပြုံးပြီး ဒီလို ပြန်ဖြေလိုက်ပါတယ်။
"ငှက်ကလေးရေ ဒါနဲ့ ပတ်သက်လို့ ငါ ဝမ်းမနည်းပါဘူးကွာ။ လူသားတွေက ပျားရည်ကိုပဲ ခိုးတတ်တာပါ။ သူတို့က ပျားရည်ကို မလုပ်တတ်ပါဘူး" လို့ ပြန်ဖြေလိုက် ပါသတဲ့။
လူတဦးဟာ အခြားလူ တဦးတယောက်ဆီက အပြင်ပန်းကိုပဲ တုပခိုးယူလို့ ရတာပါ။ လေးနက်တဲ့ အရာ၊ တန်ဖိုးရှိတဲ့ အရာ၊ ပင်ကိုယ် အရည်အသွေးတွေကို ခိုးယူလို့ မရပါဘူး။ Focus Youth E-magazine
Zawgyi
ပုံတူကူးမရေသာအရာ
0 Comments