ရှက်စရာ မဟုတ်ပါဘူး

ဆင်းရဲတာ ရှက်စရာ မဟုတ်ဘူး။ စိတ်ဓာတ်ဆင်းရဲသာ ရှက်စရာပါ။ ပညာမတတ်တာ ရှက်စရာ မဟုတ်ပါဘူး။ အကောင်းအဆိုး မခွဲခြားနိုင်ရင်တာ ရှက်စရာပါ။

မှားနေတာ ရှက်စရာ မဟုတ်ပါဘူး။ အမှားကို ရှောင်ပုန်းနေတာကသာ ရှက်စရာပါ။ ရုပ်ဆိုးတာ သိမ်ငယ်စရာ မလိုပါဘူး။ အတွင်းမနော ကောတ်ကွေ့‌နေတာကသာ သိမ်ငယ်စရာပါ။

မသိတာ ရှက်စရာ မဟုတ်ပါဘူး။ မသိတာကို သိဟန်‌ဆောင်နေတာကသာ ရှက်စရာပါ။ ဖိနပ်မပါတာ ရှက်စရာ မဟုတ်ပါဘူး။ ကိုယ့်ကျင့်တရား မ‌ကောင်းတာသာ ရှက်စရာပါ။

ချစ်သူစွန့်ပစ်ခံရတာ ရှက်စရာ မဟုတ်ပါဘူး။ အချစ်‌ကြောင့် ဘဝပျက်သွားတာကသာ ရှက်စရာပါ။ ရှုံးနိမ့်နေတာက ရှက်စရာမဟုတ်ပါဘူး။ အရှုံးကို ‌ကြောက်လို့ ဆင်ခြေမျိုးစုံပေးပြီး မကြိုးစားတာကသာ ရှက်စရာပါ။

လူ့‌အောက်ကျို့တာ ရှက်စရာ မဟုတ်ပါဘူး။ ဝမရှိဘဲ ဝိလုပ်နေတာကသာ ရှက်စရာပါ။ အလုပ်သမားဖြစ်‌နေတာ ရှက်စရာ မဟုတ်ပါဘူး။ အလုပ်မလုပ်ဘဲ အခြားသူ‌တွေကို ဝန်ထုတ်ဝန်ပိုး ဖြစ်စေတာကသာ ရှက်စရာပါ။

မသန်စွန်းတာ စိတ်ဓာတ်ကျစရာ မဟုတ်ပါဘူး။ မသန်ပေမဲ့ စွမ်းဆောင်နိုင်တဲ့ အရာကို မသန်လို့ဆိုပြီး ရေသာခိုတာကသာ ရှက်စရာပါ။

လောကမှာ မည်သူမဆို ကိုယ်တတ်နိုင်တဲ့တာဝန်ကို ထမ်းဆောင်ပြီး သမာအာဇီဝကျကျ လုပ်နေရင် လမ်းဘေး အမှိုက်ကောတ်နေတဲ့ အလုပ်တောင် ဂုဏ်ယူစရာပါ။ Crd

Zawgyi

ရွက္စရာ မဟုတ္ပါဘူး

ဆင္းရဲတာ ရွက္စရာ မဟုတ္ဘူး။ စိတ္ဓာတ္ဆင္းရဲသာ ရွက္စရာပါ။ ပညာမတတ္တာ ရွက္စရာ မဟုတ္ပါဘူး။ အေကာင္းအဆိုး မခြဲျခားႏိုင္ရင္တာ ရွက္စရာပါ။

မွားေနတာ ရွက္စရာ မဟုတ္ပါဘူး။ အမွားကို ေရွာင္ပုန္းေနတာကသာ ရွက္စရာပါ။ ႐ုပ္ဆိုးတာ သိမ္ငယ္စရာ မလိုပါဘူး။ အတြင္းမေနာ ေကာတ္ေကြ႕‌ေနတာကသာ သိမ္ငယ္စရာပါ။

မသိတာ ရွက္စရာ မဟုတ္ပါဘူး။ မသိတာကို သိဟန္‌ေဆာင္ေနတာကသာ ရွက္စရာပါ။ ဖိနပ္မပါတာ ရွက္စရာ မဟုတ္ပါဘူး။ ကိုယ့္က်င့္တရား မ‌ေကာင္းတာသာ ရွက္စရာပါ။

ခ်စ္သူစြန႔္ပစ္ခံရတာ ရွက္စရာ မဟုတ္ပါဘူး။ အခ်စ္‌ေၾကာင့္ ဘဝပ်က္သြားတာကသာ ရွက္စရာပါ။ ရႈံးနိမ့္ေနတာက ရွက္စရာမဟုတ္ပါဘူး။ အရႈံးကို ‌ေၾကာက္လို႔ ဆင္ေျခမ်ိဳးစုံေပးၿပီး မႀကိဳးစားတာကသာ ရွက္စရာပါ။

လူ႔‌ေအာက္က်ိဳ႕တာ ရွက္စရာ မဟုတ္ပါဘူး။ ဝမရွိဘဲ ဝိလုပ္ေနတာကသာ ရွက္စရာပါ။ အလုပ္သမားျဖစ္‌ေနတာ ရွက္စရာ မဟုတ္ပါဘူး။ အလုပ္မလုပ္ဘဲ အျခားသူ‌ေတြကို ဝန္ထုတ္ဝန္ပိုး ျဖစ္ေစတာကသာ ရွက္စရာပါ။

မသန္စြန္းတာ စိတ္ဓာတ္က်စရာ မဟုတ္ပါဘူး။ မသန္ေပမဲ့ စြမ္းေဆာင္ႏိုင္တဲ့ အရာကို မသန္လို႔ဆိုၿပီး ေရသာခိုတာကသာ ရွက္စရာပါ။ ေလာကမွာ မည္သူမဆို ကိုယ္တတ္ႏိုင္တဲ့တာဝန္ကို ထမ္းေဆာင္ၿပီး သမာအာဇီဝက်က် လုပ္ေနရင္ လမ္းေဘး အမႈိက္ေကာတ္ေနတဲ့ အလုပ္ေတာင္ ဂုဏ္ယူစရာပါ။ Crd

Post a Comment

0 Comments