သူငယ်ချင်းဘယ်နှစ်ယောက်လိုသလဲ

ကျောင်းသားတယောက်က ဆရာ့ကို မေးပါတယ်။ "ဆရာ လူတယောက်မှာ သူငယ်ချင်း ဘယ်နှစ်ယောက်လောက် လိုသလဲဆရာ"

"ဒါက လွယ်ပါတယ်။ ကျောင်းဝင်းထဲက ပန်းသီးပင်မှာ သီးနေတဲ့ ပန်းသီးတွေထဲက အမြင့်ဆုံး ပန်းသီးကို သွားခူးကြည့်လိုက်။ မမီရင် သူငယ်ချင်းတွေကို အကူအညီ တောင်းကြည့်လိုက်ပါ"

ကျောင်းသားကလည်း သူ့သူငယ်ချင်း တယောက်ကို ခေါ်သွားပါတယ်။ တယောက်ပုခုံးပေါ် တယောက် တက်ပြီး ခူးသော်လည်း အမြင့်ဆုံး ပန်းသီးကို မမီပါဘူး။

အဲဒါနဲ့ နောက်ထပ် သူငယ်ချင်းကို ထပ်ခေါ်ပါတယ်။ ၃ ယောက် ဆင့်လိုက်တော့လဲ မမီပါဘူး။ ဒါနဲ့ နောက်ထပ် တယောက်ကိုထပ်ခေါ်ပါတယ်။

ဒီတခါမှာတော့ ၄ ယောက် မဆင့်နိုင်ပဲ ပြုတ်ကျ ကြပါတယ်။ ဒီတော့ ကျောင်းသားက ဆရာကို သွားပြောပါတယ်။

"ဆရာ ကျွန်တော် သဘောပေါက်ပါပြီ။ လူတယောက်မှာ သူငယ်ချင်းက များနိုင်သလောက် များတာ အကောင်းဆုံးပါဆရာ"

ထိုအခါ ဆရာက "မဟုတ်သေးဘူးသား။ သူငယ်ချင်း အများကြီးထဲမှာ အပင်ပေါ်က အသီးကို လှေကားနဲ့ တက်ယူလို့ရတယ်လို့ ပြောနိုင်တဲ့ အသိဉာဏ်ရှိတဲ့ သူငယ်ချင်းတယောက် ပါရင် လုံလောက်ပါပြီ" လို့ ပြန်ဖြေလိုက်ပါတယ်။ Crd

Zawgyi

သူငယ္ခ်င္းဘယ္ႏွစ္ေယာက္လိုသလဲ

ေက်ာင္းသားတေယာက္က ဆရာ့ကို ေမးပါတယ္။ "ဆရာ လူတေယာက္မွာ သူငယ္ခ်င္း ဘယ္ႏွစ္ေယာက္ေလာက္ လိုသလဲဆရာ"

"ဒါက လြယ္ပါတယ္။ ေက်ာင္းဝင္းထဲက ပန္းသီးပင္မွာ သီးေနတဲ့ ပန္းသီးေတြထဲက အျမင့္ဆုံး ပန္းသီးကို သြားခူးၾကည့္လိုက္။ မမီရင္ သူငယ္ခ်င္းေတြကို အကူအညီ ေတာင္းၾကည့္လိုက္ပါ"

ေက်ာင္းသားကလည္း သူ႔သူငယ္ခ်င္း တေယာက္ကို ေခၚသြားပါတယ္။ တေယာက္ပုခုံးေပၚ တေယာက္ တက္ၿပီး ခူးေသာ္လည္း အျမင့္ဆုံး ပန္းသီးကို မမီပါဘူး။

အဲဒါနဲ႔ ေနာက္ထပ္ သူငယ္ခ်င္းကို ထပ္ေခၚပါတယ္။ ၃ ေယာက္ ဆင့္လိုက္ေတာ့လဲ မမီပါဘူး။ ဒါနဲ႔ ေနာက္ထပ္ တေယာက္ကိုထပ္ေခၚပါတယ္။ ဒီတခါမွာေတာ့ ၄ ေယာက္ မဆင့္ႏိုင္ပဲ ျပဳတ္က် ၾကပါတယ္။ ဒီေတာ့ ေက်ာင္းသားက ဆရာကို သြားေျပာပါတယ္။

"ဆရာ ကြၽန္ေတာ္ သေဘာေပါက္ပါၿပီ။ လူတေယာက္မွာ သူငယ္ခ်င္းက မ်ားႏိုင္သေလာက္ မ်ားတာ အေကာင္းဆုံးပါဆရာ"

ထိုအခါ ဆရာက "မဟုတ္ေသးဘူးသား။ သူငယ္ခ်င္း အမ်ားႀကီးထဲမွာ အပင္ေပၚက အသီးကို ေလွကားနဲ႔ တက္ယူလို႔ရတယ္လို႔ ေျပာႏိုင္တဲ့ အသိဉာဏ္ရွိတဲ့ သူငယ္ခ်င္းတေယာက္ ပါရင္ လုံေလာက္ပါၿပီ" လို႔ ျပန္ေျဖလိုက္ပါတယ္။ Crd

Post a Comment

0 Comments