အမေ့အတွက် ပန်းသီးတလုံး

အသက် (၅) နှစ်အရွယ် ကလေးမလေး တယောက်ဟာ မိခင်ဖြစ်သူ ပေးထားတဲ့ ပန်းသီးလေး နှစ်လုံးကို လက်ထဲကိုင်ပြီး ဆော့ကစား နေတယ်။

အဲဒီအချိန်မှာပဲ မိခင်ဖြစ်သူက သူ့အနား ရောက်လာပြီး ဆော့ကစားနေတာ မြင်သွားတယ်။ "သမီး မစားရင် မေမေ့ကို ပန်းသီး တလုံး ပေးပါလား"

ကလေးဖြစ်သူက ပန်းသီးနှစ်လုံးကို ကြည့်ပြီး တွေဝေသွားတယ်။ နောက်တော့ ဘာမပြော ညာမပြော ပန်းသီးတလုံးကို ချက်ချင်း ကိုက်လိုက်တယ်။

မိခင်လုပ်သူက ပိုနေတဲ့ ကျန်တလုံးကို ပေးမယ်အထင်နဲ့ စောင့်ကြည့်နေပေမယ့် ကလေးငယ်က နောက်ပန်းသီးကိုလည်း မပေးပဲ ထပ်ကိုက် ပြန်တယ်။

ထိုအခြင်းအရာကို မြင်တဲ့ မိခင်ဖြစ်သူလည်း စိတ်မကောင်း ဖြစ်သွားတယ်။ ရင်ထဲ နာကျင်သွားပြီး ကလေးဖြစ်သူ အနားက ထွက်မယ် လုပ်တယ်။

အဲဒီအချိန်မှာပဲ ကလေးဖြစ်သူက သူကိုက်လက်စ ပန်းသီးတလုံးကို လှမ်းပေးလိုက်တယ်။ "မေမေ ဒီအလုံးလေးက ပိုချိုတယ်၊ ဒါလေး စားကြည့်လိုက်" လို့ ကလေးငယ်က ချစ်ဖွယ် ပြုံးရင်း ပြောတယ်။

ထိုအခါမှ အဖြစ်မှန်ကို ရိပ်မိလိုက်တဲ့ မိခင်ဖြစ်သူဟာ ကြည်နူးစွာ ပြုံးလိုက်တယ်။ နောက်တော့ သူပေးတဲ့ ပန်းသီးလေးကို ယူပြီး ခေါင်းလေကို တချက် ပုတ်လိုက်တယ်။

ကလေးမလေး ကတော့ ပါးချိုင့်လေးတွေ ပေါ်အောင် ပြုံးရင်း သူ့လက်ထဲက မကောင်းတဲ့ ပန်းသီးကိုသာ ကိုက်စား လိုက်တယ်။

လူ့လောကမှာ ကိစ္စတခုကို စောလျင်စွာ မဆုံးဖြတ်ပါနဲ့။ မှားယွင်း တတ်ပါတယ်။ အချိန် ယူရပါမယ်။

အမှန်တရားက နောက်ကျမှ ရောက်လာ တတ်တာ သတိပြုသင့်ပါတယ်။ ဒေါက်တာ အေးမင်းထူး

Post a Comment

0 Comments