လူတွေဟာ ဗွက်ကိုမနင်းဘူး မြေမာကိုပဲနင်းတယ်

လူတွေဟာ ဒေါသထွက်ရင် စားပွဲခုံကို ထုရိုက်တတ်တဲ့ အကျင့် ရှိတယ်။ ဒါပေမဲ့ ကွဲရှနိုင်တဲ့ ဖန်စားပွဲတော့ မထုရိုက်ကြပါဘူး။

ဒေါသထွက်ရင် လက်ထဲ ကိုင်ထားတဲ့အရာ လွတ်ပစ်တတ်တဲ့ အကျင့်ရှိတယ်။ ဒါပေမဲ့ ဒေါ်လာ ၁၅၀၀ တန် ဖုန်းအသစ်ကို လက်ထဲမှာ ကိုင်ထားရင်တော့ လွတ်ပစ်မှာ မဟုတ်ပါဘူး။

ဒေါသထွက်ရင် ကိုယ့်ရှေ့မှာ ရှိတဲ့ အရာကို ကန်ကြောက်ကြတယ်။ ဒါပေမဲ့ သူ့ရှေ့မှာ ဆူးပင်ရှိရင်တော့ ထိုအပင်ကို ပိတ်ကန်မှာ မဟုတ်ဘူး။

သတိထားစရာက အကြိမ်များများပါပဲ။ လူဟာ သူ့ မသိစိတ်မှာကို သူမနာကျင်ရပဲ သူ့ဒေါသကိုဘယ်လို ထုတ်ဖော်ပြရမလဲ ဆိုတာ သိနေတယ်။

ဒါကို ထပ်ချဲ့ပြီး နားလည်ကြည့်ရင် လူဟာ သူ့ထက် မသန်မာဘူး ယူဆရတဲ့သူအပေါ်၊ သူ့ကို ပြန်ပြီး နာကျင်အောင် မလုပ်နိုင်တဲ့ သူအပေါ်မှာသာ သူ့ဒေါသကို ပြတတ်တာပါ။

စားပွဲထိုး တယောက်ကြောင့် သူ့အင်္ကျီအပေါ် ရေဖိတ်သွားရင် ထိုစားပွဲထိုးကို အော် ငေါက်မာန်မဲတာ ပြုနိုင်တယ်။

သူဋ္ဌေးကြောင့် ကိုယ့်အင်္ကျီ ကော်ဖီ စွန်းပေသွားရင်တော့ မအော်သည့် အပြင် ပြုံးလျက် အဆင်ပြေပါတယ်၊ ပြသနာမဟုတ်ပါဘူးဟုပင် ဆိုကြမယ်။

ကိုယ့်ထက် အစွမ်းအစ ကြီးနေသူအပေါ် ဒေါသထွက်မယ်ဆို နှစ်ကြိမ်လောက် ပြန်တွေးကြမယ့် သဘောပဲ။

ဆရာမင်းသိင်္ခ ဝတ္ထုတပုဒ်မှာလည်း ဖတ်ရဖူးတယ်။ လူတွေက ဗွက်ကို မနင်းဘူး၊ မြေမာကိုသာ နင်းကြတာ။ ဗွက်ကို နင်းရင် သူ့ခြေထောက် ရွံ့ပေသွားမှာ စိုးလို့။ မြေမာနင်းတာ သူ့အတွက် အရှုံးမရှိဘူး။

ဒီတော့ လူဟာ သူ့အတွက် အရှုံးမရှိဘူး၊ မနစ်နာဘူး၊ သေချာပေါက် သူ အသာရတယ်ဆို နင်းတယ်။ နင်းရင် သူ့အတွက် သေချာပေါက် နစ်နာမယ်ဆို မနင်းဘူး။

ဒီလိုဆိုတော့လည်း ဒေါသကြီးတယ် ဆိုတာ အခြားမှ မဟုတ်ပဲ။ သူ့ထက် နိမ့်သူ၊ သူ့ကို ပြန်နာကျင်အောင် မလုပ်နိုင်တဲ့ အရာအပေါ် ပြုမူတဲ့ အပြုအမူ ပုံစံတရပ်ပဲ။ crd

Post a Comment

0 Comments