တခါတုန်းက သေးငယ်တဲ့ တိုင်းပြည်တပြည်မှာ ဇန်းလို့ ခေါ်တဲ့ ခပ်တုံးတုံး လူတယောက် နေထိုင်သတဲ့။ တနေ့တော့ သူဟာ သူ့ခြေထောက်တွေ အတွက် ရှူးဖိနစ်အသစ် ဝယ်ချင်တဲ့စိတ် ဖြစ်ပေါ်လာခဲ့တယ်။
ပထမဆုံး ဇန်းဟာ သူ့ခြေထောက်ကို ပေတံနဲ့ တိုင်းပြီး ရလာတဲ့ အတိုင်းအတာကို စာရွက်ပေါ် ချရေးခဲ့တယ်။ ပြီးတော့ ဖိနပ်ဆိုင်ကို အလျင်အမြန် ထွက်လာခဲ့ပါတယ်။
ဖိနပ်ဆိုင်ရောက်တဲ့အခါမှာ သူ့အိပ်ကပ်ထဲ စမ်းကြည့်တဲ့အခါ ဖိနပ်အတိုင်းအတာ မှတ်ထားတဲ့ စာရွက်က အိမ်မှာကျန်နေခဲ့ပြီ ဆိုတာ သူသိလိုက်ရတယ်။ အားနာစွာနဲ့ပဲ ဖိနပ်ဆိုင်ရှင်ကို ပြောတယ်။
"အိမ်မှာ ကျနော့် ဖိနပ်အတိုင်း ကျန်ခဲ့တယ်ဗျာ။ ဘယ်အရွယ်အစားလဲ မသိဘူး ကျနော် အမြန်ဆုံး သွားယူပါ့မယ် တမိနစ်လောက်ပါပဲ" လို့ ပြောပြီး သူဟာ မြန်နိုင်သမျှ မြန်အောင်ပြေးပြီး အိမ်ကို ပြန်လာခဲ့တယ်။
အိမ်ပြန်ရောက်တဲ့အခါ ဖိနပ်အရွယ်အစား မှတ်ထားတဲ့ စာရွက်ကို တွေ့ပြီး ဖိနပ်ဆိုင်ကို ပြန်လာခဲ့တယ်။ ဒါပေမယ့် ကံမကောင်းစွာနဲ့ပဲ ဖိနပ်ဆိုင်က ပိတ်သွားခဲ့ပါပြီ။ သူကြိုးစားပြေးပြီး ယူခဲ့ပေမယ့်လည်း ဖိနပ်အသစ်တွေ မရခဲ့ပါဘူး။
အဲဒီနောက်မှာ သူ့အဖြစ်အပျက်ကိုမြင်တဲ့ လူတယောက်က မေးတယ်။
"ဖိနပ်ဝယ်ဖို့က ခင်ဗျားအတွက်လား တယောက်ယောက်အတွက်လားဗျ"
"ကျနော့်အတွက်ပါဗျ" လို့ ဇန်းက ပြန်ဖြေတယ်။
"ဟင် ဒါဆို ခင်ဗျား ခြေထောက်တွေကို ဖိနပ်ဆိုင်မှာ တခါတည်း စီးကြည့်ပြီး ဘာလို့ မတိုင်းခဲ့တာလဲ"
တုံးလွန်း အ လွန်းတယ်ဆိုတာ ရိုးသားတယ် ကောက်ကျစ်တယ်နဲ့ မဆိုင်ပါဘူး။ လောကကြီးမှာ တုံးလွန်းသူတွေဟာ လိုချင်တဲ့အရာတခုကို ခက်ခက်ခဲခဲ ယူကြရသလို ဆုံးရှုံးမှုတွေလည်း အမြဲ ကြုံရလေ့ ရှိတယ်။ သက်တန့်ချို
Zawgyi
႐ိုးသားပါ မတုံးအ ပါနဲ႔
တခါတုန္းက ေသးငယ္တဲ့ တိုင္းျပည္တျပည္မွာ ဇန္းလို႔ ေခၚတဲ့ ခပ္တုံးတုံး လူတေယာက္ ေနထိုင္သတဲ့။ တေန႔ေတာ့ သူဟာ သူ႔ေျခေထာက္ေတြ အတြက္ ရႉးဖိနစ္အသစ္ ဝယ္ခ်င္တဲ့စိတ္ ျဖစ္ေပၚလာခဲ့တယ္။ ပထမဆုံး ဇန္းဟာ သူ႔ေျခေထာက္ကို ေပတံနဲ႔ တိုင္းၿပီး ရလာတဲ့ အတိုင္းအတာကို စာ႐ြက္ေပၚ ခ်ေရးခဲ့တယ္။ ၿပီးေတာ့ ဖိနပ္ဆိုင္ကို အလ်င္အျမန္ ထြက္လာခဲ့ပါတယ္။
ဖိနပ္ဆိုင္ေရာက္တဲ့အခါမွာ သူ႔အိပ္ကပ္ထဲ စမ္းၾကည့္တဲ့အခါ ဖိနပ္အတိုင္းအတာ မွတ္ထားတဲ့ စာ႐ြက္က အိမ္မွာက်န္ေနခဲ့ၿပီ ဆိုတာ သူသိလိုက္ရတယ္။ အားနာစြာနဲ႔ပဲ ဖိနပ္ဆိုင္ရွင္ကို ေျပာတယ္။
"အိမ္မွာ က်ေနာ့္ ဖိနပ္အတိုင္း က်န္ခဲ့တယ္ဗ်ာ။ ဘယ္အ႐ြယ္အစားလဲ မသိဘူး က်ေနာ္ အျမန္ဆုံး သြားယူပါ့မယ္ တမိနစ္ေလာက္ပါပဲ" လို႔ ေျပာၿပီး သူဟာ ျမန္ႏိုင္သမွ် ျမန္ေအာင္ေျပးၿပီး အိမ္ကို ျပန္လာခဲ့တယ္။
အိမ္ျပန္ေရာက္တဲ့အခါ ဖိနပ္အ႐ြယ္အစား မွတ္ထားတဲ့ စာ႐ြက္ကို ေတြ႕ၿပီး ဖိနပ္ဆိုင္ကို ျပန္လာခဲ့တယ္။ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ဖိနပ္ဆိုင္က ပိတ္သြားခဲ့ပါၿပီ။ သူႀကိဳးစားေျပးၿပီး ယူခဲ့ေပမယ့္လည္း ဖိနပ္အသစ္ေတြ မရခဲ့ပါဘူး။
အဲဒီေနာက္မွာ သူ႔အျဖစ္အပ်က္ကိုျမင္တဲ့ လူတေယာက္က ေမးတယ္။ "ဖိနပ္ဝယ္ဖို႔က ခင္ဗ်ားအတြက္လား တေယာက္ေယာက္အတြက္လားဗ်" "က်ေနာ့္အတြက္ပါဗ်" လို႔ ဇန္းက ျပန္ေျဖတယ္။ "ဟင္ ဒါဆို ခင္ဗ်ား ေျခေထာက္ေတြကို ဖိနပ္ဆိုင္မွာ တခါတည္း စီးၾကည့္ၿပီး ဘာလို႔ မတိုင္းခဲ့တာလဲ"
တုံးလြန္း အ လြန္းတယ္ဆိုတာ ႐ိုးသားတယ္ ေကာက္က်စ္တယ္နဲ႔ မဆိုင္ပါဘူး။ ေလာကႀကီးမွာ တုံးလြန္းသူေတြဟာ လိုခ်င္တဲ့အရာတခုကို ခက္ခက္ခဲခဲ ယူၾကရသလို ဆုံးရႈံးမႈေတြလည္း အၿမဲ ႀကဳံရေလ့ ရွိတယ္။ သက္တန႔္ခ်ိဳ
0 Comments