ဇနီးကောင်းတယောက်ဆိုတာ

လောကမှာ ဇနီးကောင်းဆိုတာ မိဘကောင်းတွေက လွဲရင် ကိုယ့်အပေါ် အကောင်းဆုံးလူသားပါ။ မိန်းမတယောက်ဟာ သူ တကယ်ချစ်ပြီဆိုရင် အရာရာ စွန့်လွှတ်ဖို့ ဝန်မလေးသလို အရာရာတိုင်းကိုလည်း ပေးဆပ်ပြီး အနစ်နာခံဖို့ အသင့်ရှိသူပါ။

တချို့မိန်းမကောင်းတွေဆိုရင် ကိုယ့်ရဲ့သွေးသား ညီအကို မောင်နှမတွေထက် ကိုယ့်အပေါ် ကောင်းလွန်းပြန်တယ်။

ဥပမာ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာက အစ ကိုယ့်အပေါ် ဆုံးမသွန်သင် နားလည်ပေးတယ်။

ဇနီးကောင်းတွေဆိုတာ ငွေရှာပေးရင်ပြီးရော ဆိုပြီး မလုပ်ပါဘူး။ ငွေရှာနိုင်ဖို့နဲ့ ငွေကို စည်းကမ်းရှိစွာ သုံးစွဲစုဆောင်းတတ်ဖို့ အမြဲ တိုက်တွန်းတယ်။ မှားနေရင်လည်း အမုန်းခံပြီး ဆုံးမသလို အနာဂတ်ကိုလည်း အများကြီး မျှော်လင့်တတ်ကြတယ်။

ဇနီးကောင်းတွေဆိုတာ ကိုယ့်အတွက် အမေနဲ့ တူသလို အမနဲ့လည်း တူပြန်တယ်။ နွေးထွေးမှုတွေ အမြဲတမ်း ပေးသလို ကြင်နာယုခြင်းနဲ့ ကိုယ့်အပေါ် အမြဲတမ်းလိုလို အရိပ်တကြည့်ကြည့် ရှိနေတတ်ပြီး အမြဲတမ်းလည်း ဆုံးမသွန်သင် တတ်ကြတယ်။

ကိုယ့်ယောကျ်ားကို အမြဲလည်း ဉီးစားပေးသလို ကိုယ့်ရဲ့ စိတ်ဆန္ဒကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိတယ်။

ဇနီးကောင်းတွေဆိုတာ ဘယ်တော့မှ ကိုယ်ကျိုးမကြည့်တတ်သလို ဘယ်တော့မှလဲ လင်ယောကျ်ားအပေါ် မငြိုငြင် မညည်းညူတတ်ကြပါဘူး။

သစ္စာတရားကို တန်ဖိုးထားသလို၊ အိမ်ထောင်ဉီးစီးကိုလည်း ဒုတိယဘုရားသခင် လို့တောင် မှတ်ယူတတ် ကြတယ်။

ဇနီးကောင်းတွေ ဆိုတာ ဘယ်လိုအခက်ခဲရှိရှိ ဘယ်လိုပဲ ပြသနာတတ်တတ် ခေါင်းအေးအေးနှင့် ဖြေရှင်းတတ်ပြီး၊ ကိုယ်နှင့်အတူမားမားမတ်မတ် ရှိနေပေးတယ်။

လောကမှာ ကိုယ့်ကို တန်ဖိုးထား ဖေးဖကူညီတတ်တဲ့ လူတွေကို ကိုယ်ကလည်း တန်ဖိုးထား သိတတ်ရသလို ကိုယ့်အပေါ် မကောင်းတဲ့ လူတွေကိုလည်း ရဲရဲကြီး ဉပေက္ခာပြုနိုင်ရပါမယ်။ မောင်သြဇာ

Zawgyi

ဇနီးေကာင္းတေယာက္ဆိုတာ

ေလာကမွာ ဇနီးေကာင္းဆိုတာ မိဘေကာင္းေတြက လြဲရင္ ကိုယ့္အေပၚ အေကာင္းဆုံးလူသားပါ။ မိန္းမတေယာက္ဟာ သူ တကယ္ခ်စ္ၿပီဆိုရင္ အရာရာ စြန႔္လႊတ္ဖို႔ ဝန္မေလးသလို အရာရာတိုင္းကိုလည္း ေပးဆပ္ၿပီး အနစ္နာခံဖို႔ အသင့္ရွိသူပါ။

တခ်ိဳ႕မိန္းမေကာင္းေတြဆိုရင္ ကိုယ့္ရဲ႕ေသြးသား ညီအကို ေမာင္ႏွမေတြထက္ ကိုယ့္အေပၚ ေကာင္းလြန္းျပန္တယ္။ ဉပမာ က်န္းမာေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ စိတ္ဓာတ္ပိုင္းဆိုင္ရာက အစ ကိုယ့္အေပၚ ဆုံးမသြန္သင္ နားလည္ေပးတယ္။

ဇနီးေကာင္းေတြဆိုတာ ေငြရွာေပးရင္ၿပီးေရာ ဆိုၿပီး မလုပ္ပါဘူး။ ေငြရွာႏိုင္ဖို႔နဲ႔ ေငြကို စည္းကမ္းရွိစြာ သုံးစြဲစုေဆာင္းတတ္ဖို႔ အၿမဲ တိုက္တြန္းတယ္။ မွားေနရင္လည္း အမုန္းခံၿပီး ဆုံးမသလို အနာဂတ္ကိုလည္း အမ်ားႀကီး ေမွ်ာ္လင့္တတ္ၾကတယ္။

ဇနီးေကာင္းေတြဆိုတာ ကိုယ့္အတြက္ အေမနဲ႔ တူသလို အမနဲ႔လည္း တူျပန္တယ္။ ေႏြးေထြးမႈေတြ အၿမဲတမ္း ေပးသလို ၾကင္နာယုျခင္းနဲ႔ ကိုယ့္အေပၚ အၿမဲတမ္းလိုလို အရိပ္တၾကည့္ၾကည့္ ရွိေနတတ္ၿပီး အၿမဲတမ္းလည္း ဆုံးမသြန္သင္ တတ္ၾကတယ္။ ကိုယ့္ေယာက်္ားကို အၿမဲလည္း ဉီးစားေပးသလို ကိုယ့္ရဲ႕ စိတ္ဆႏၵကိုလည္း ထိန္းခ်ဳပ္ႏိုင္စြမ္းရွိတယ္။

ဇနီးေကာင္းေတြဆိုတာ ဘယ္ေတာ့မွ ကိုယ္က်ိဳးမၾကည့္တတ္သလို ဘယ္ေတာ့မွလဲ လင္ေယာက်္ားအေပၚ မၿငိဳျငင္ မညည္းညဴတတ္ၾကပါဘူး။ သစၥာတရားကို တန္ဖိုးထားသလို၊ အိမ္ေထာင္ဉီးစီးကိုလည္း ဒုတိယဘုရားသခင္ လို႔ေတာင္ မွတ္ယူတတ္ ၾကတယ္။

ဇနီးေကာင္းေတြ ဆိုတာ ဘယ္လိုအခက္ခဲရွိရွိ ဘယ္လိုပဲ ျပသနာတတ္တတ္ ေခါင္းေအးေအးႏွင့္ ေျဖရွင္းတတ္ၿပီး၊ ကိုယ္ႏွင့္အတူမားမားမတ္မတ္ ရွိေနေပးတယ္။ ေလာကမွာ ကိုယ့္ကို တန္ဖိုးထား ေဖးဖကူညီတတ္တဲ့ လူေတြကို ကိုယ္ကလည္း တန္ဖိုးထား သိတတ္ရသလို ကိုယ့္အေပၚ မေကာင္းတဲ့ လူေတြကိုလည္း ရဲရဲႀကီး ဉေပကၡာျပဳႏိုင္ရပါမယ္။ ေမာင္ၾသဇာ

Post a Comment

0 Comments