မြည်းနှင့် ဆိတ်

တခါတုန်းက ဆိတ်တကောင်ဟာ မြည်းတကောင်ကို ကြိုက်မိသွားတယ်။ မြည်းက ပြောတယ်။ "ငါ နင့်ကို ငေါက်တာ၊ ကန်တာ နင်ခံနိုင်ရင် နင် ငါ့ကို တကယ်ချစ်လို့ပေါ့" တဲ့။

ဒီလိုနဲ့ ဆိတ်ဟာ မြည်းအလိုကို လိုက်ခဲ့တယ်၊ သည်းခံခဲ့တယ်။ မြည်းငေါက်တာ ကန်တာကို လက်ခံခဲ့တယ်။ တနှစ်၊ နှစ်နှစ်၊ ဆယ်နှစ် အကြာမှာတော့ မြည်းကို ဆိတ်က ထားခဲ့လိုက်တော့တယ်။

ဆယ်နှစ်တောင် စွဲစွဲမြဲမြဲရှိခဲ့တာပဲ ဘာလို့ တသက်တာအထိ မထိန်းထားသလဲလို့ ဆိတ်ကို တချို့က မေးတော့ ဆိတ်က

"ဆယ်နှစ်တာ ကာလနဲ့ ငါ့ရဲ့ စစ်မှန်ခြင်းကို ငါသက်သေ ပြခဲ့ပြီးပြီ။ အခု လက်ကျန် အချိန်နဲ့ ငါ့ရဲ့ ဂုဏ်သိက္ခာကို ငါကာကွယ်ရမယ်"

စီးပွားရေးပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း၊ အချစ်၊ ဒါမှမဟုတ် အိမ်ထောင်ရေးပဲ ဖြစ်ဖြစ် အရာအားလုံး အားလုံးက တန်ဖိုးထားတတ်မှ ပိုင်ဆိုင်ဖို့ ထိုက်တန်ပါတယ်။ သင့်အလို လိုက်လျောသူဟာ မစဉ်းစား မတွေးခေါ်တတ်သူ မဟုတ်ဘူး။ သင့်အနား မခွာရက်နိုင်သူပါ။

ဘာမဆို သင့်ကို လုပ်ခွင့်ပေးသူဟာ ငတုံးငအ မဟုတ်ပါဘူး။ သင့်ကို အလေးထားသူပါ။ နေကောင်းလား၊ ဘာလုပ်နေလဲမကြာခဏ မေးသူဟာ ပြောစရာစကား မရှိလို့ မဟုတ်ပါဘူး။ သင့်ကို ဂရုစိုက်သူပါ။

သင့်အပေါ် ကောင်းတာဟာ သင့်ကို ပေးဆပ်စရာရှိလို့ မဟုတ်ပါဘူး။ သင့်ကို ဆွေမျိုးသားချင်းလို သဘောထားလို့ပါ။

စစ်မှန်သူ အချင်းချင်းက လျှောက်ရင်းလှမ်းရင်း ရင်ထဲ တိုးဝင်ကြတယ်။ ဟန်ဆောင်သူက လျှောက်ရင်းလျှောက်ရင်း မြင်ကွင်းကနေ ပျောက်ကွယ်သွားတယ်။

လူလူချင်း တွေ့ဆုံဖို့အတွက် ကံတရား လိုပါတယ်။ လူလူချင်း ပေါင်းသင်းဆက်ဆံဖို့ အတွက် ရိုးသားစစ်မှန်ခြင်း လိုအပ်ပါတယ်။ Crd

Zawgyi

ျမည္းနွင့္ ဆိတ္

တခါတုန္းက ဆိတ္တေကာင္ဟာ ျမည္းတေကာင္ကို ႀကိဳက္မိသြားတယ္။ ျမည္းက ေျပာတယ္။ "ငါ နင့္ကို ေငါက္တာ၊ ကန္တာ နင္ခံႏိုင္ရင္ နင္ ငါ့ကို တကယ္ခ်စ္လို႔ေပါ့" တဲ့။

ဒီလိုနဲ႔ ဆိတ္ဟာ ျမည္းအလိုကို လိုက္ခဲ့တယ္၊ သည္းခံခဲ့တယ္။ ျမည္းေငါက္တာ ကန္တာကို လက္ခံခဲ့တယ္။ တႏွစ္၊ ႏွစ္ႏွစ္၊ ဆယ္ႏွစ္ အၾကာမွာေတာ့ ျမည္းကို ဆိတ္က ထားခဲ့လိုက္ေတာ့တယ္။

ဆယ္ႏွစ္ေတာင္ စြဲစြဲၿမဲၿမဲရွိခဲ့တာပဲ ဘာလို႔ တသက္တာအထိ မထိန္းထားသလဲလို႔ ဆိတ္ကို တခ်ိဳ႕က ေမးေတာ့ ဆိတ္က "ဆယ္ႏွစ္တာ ကာလနဲ႔ ငါ့ရဲ႕ စစ္မွန္ျခင္းကို ငါသက္ေသ ျပခဲ့ၿပီးၿပီ။ အခု လက္က်န္ အခ်ိန္နဲ႔ ငါ့ရဲ႕ ဂုဏ္သိကၡာကို ငါကာကြယ္ရမယ္"

စီးပြားေရးပဲ ျဖစ္ျဖစ္၊ သူငယ္ခ်င္း၊ အခ်စ္၊ ဒါမွမဟုတ္ အိမ္ေထာင္ေရးပဲ ျဖစ္ျဖစ္ အရာအားလုံး အားလုံးက တန္ဖိုးထားတတ္မွ ပိုင္ဆိုင္ဖို႔ ထိုက္တန္ပါတယ္။ သင့္အလို လိုက္ေလ်ာသူဟာ မစဥ္းစား မေတြးေခၚတတ္သူ မဟုတ္ဘူး။ သင့္အနား မခြာရက္ႏိုင္သူပါ။

ဘာမဆို သင့္ကို လုပ္ခြင့္ေပးသူဟာ ငတုံးငအ မဟုတ္ပါဘူး။ သင့္ကို အေလးထားသူပါ။ ေနေကာင္းလား၊ ဘာလုပ္ေနလဲမၾကာခဏ ေမးသူဟာ ေျပာစရာစကား မရွိလို႔ မဟုတ္ပါဘူး။ သင့္ကို ဂ႐ုစိုက္သူပါ။ သင့္အေပၚ ေကာင္းတာဟာ သင့္ကို ေပးဆပ္စရာရွိလို႔ မဟုတ္ပါဘူး။ သင့္ကို ေဆြမ်ိဳးသားခ်င္းလို သေဘာထားလို႔ပါ။

စစ္မွန္သူ အခ်င္းခ်င္းက ေလွ်ာက္ရင္းလွမ္းရင္း ရင္ထဲ တိုးဝင္ၾကတယ္။ ဟန္ေဆာင္သူက ေလွ်ာက္ရင္းေလွ်ာက္ရင္း ျမင္ကြင္းကေန ေပ်ာက္ကြယ္သြားတယ္။ လူလူခ်င္း ေတြ႕ဆုံဖို႔အတြက္ ကံတရား လိုပါတယ္။ လူလူခ်င္း ေပါင္းသင္းဆက္ဆံဖို႔ အတြက္ ႐ိုးသားစစ္မွန္ျခင္း လိုအပ္ပါတယ္။ Crd

Post a Comment

0 Comments