ပုလွေမှုတ်သော ဝံပုလွေ

တခါသော် ဝံပုလွေတကောင်သည် လယ်ကွင်းထဲ၌ ပြေးလွှား မြူးထူးလျက်ရှိသော ဆိတ်ငယ်တကောင်ကို မြင်ရာ ဖမ်းဆီးစားသောက်ရန် နောက်မှ ပြေး၍လိုက်၏။

ဆိတ်ငယ်သည် ခွန်အားရှိသမျှ အစွမ်းကုန် ပြေးပါသော်လည်း မရ။ ဝံပုလွေသည် သူ့ကို မီလာ၏။ ဤတွင် ဆိတ်ငယ်သည် ပြေးရာမှ ရပ်တန့်လိုက်ကာ ဝံပုလွေအား

"အဆွေဝံပုလွေ၊ ကျွန်ုပ်သည် ထွက်ပြေးပါသော်လည်း သင့်လက်မှ လွတ်မြောက်ရန် လမ်းမမြင်တော့ပါ။ ထို့ကြောင့် သင်စားသည်ကို ကြည်ဖြူစွာ ခံပါတော့မည်။

သို့သော် ကျွန်ုပ်သည် သေသောအခါ ပျော်ရွှင်စွာ သေလိုသော ဆန္ဒရှိသဖြင့် မသေမီ ကခုန်လိုပါသည်။ သို့ဖြစ်၍ ကျွန်ုပ် ကကုန်ရန် သင်က ပလွေမှုတ်ပေးပါ" ဟု ပရိယာယ်ဖြင့် ပြောဆိုလေသည်။

ဝံပုလွေလည်း ဆိတ်ငယ် ပြောဆိုသည်အတိုင်း ပလွေကို မှုတ်၏။ ဆိတ်ငယ်သည်လည်း ပျော်ရွှင်စွာဖြင့် ကခုန်၏။

ထိုအခိုက် ခပ်လှမ်းလှမ်းမှ လယ်စောင့်ခွေးတို့သည် ပလွေသံကိုကြားသဖြင့် ပြေလားရာ ဝံပုလွေသည် ဆိတ်ငယ်ကို မစားနိုင်တော့ပဲ ထွက်ပြေးရလေသည်။

ထိုအခါ ဝံပုလွေသည် တောထဲသို့ပြေးဝင်ရာမှ နောင်တရစွာဖြင့် ဤသို့ ဆို၏။ "ငါသည် ကိုယ်နှင့်မဆိုင်သော အလုပ်ကို လုပ်မိသဖြင့် ဤသို့ ဖြစ်ရလေသည်။

စင်စစ်သော်ကား ငါ၏အလုပ်မှာ သားကောင်ကို ကိုက်သတ်စားသောက်ရန်သာ ဖြစ်ပြီး ပလွေမှုတ်ရန် မဟုတ်ပါတကား" crd

Zawgyi

ပုေလြမႈတ္ေသာ ဝံပုေလြ

တခါေသာ္ ဝံပုေလြတေကာင္သည္ လယ္ကြင္းထဲ၌ ေျပးလႊား ျမဴးထူးလ်က္ရွိေသာ ဆိတ္ငယ္တေကာင္ကို ျမင္ရာ ဖမ္းဆီးစားေသာက္ရန္ ေနာက္မွ ေျပး၍လိုက္၏။

ဆိတ္ငယ္သည္ ခြန္အားရွိသမွ် အစြမ္းကုန္ ေျပးပါေသာ္လည္း မရ။ ဝံပုေလြသည္ သူ႔ကို မီလာ၏။ ဤတြင္ ဆိတ္ငယ္သည္ ေျပးရာမွ ရပ္တန႔္လိုက္ကာ ဝံပုေလြအား

"အေဆြဝံပုေလြ၊ ကြၽႏ္ုပ္သည္ ထြက္ေျပးပါေသာ္လည္း သင့္လက္မွ လြတ္ေျမာက္ရန္ လမ္းမျမင္ေတာ့ပါ။ ထို႔ေၾကာင့္ သင္စားသည္ကို ၾကည္ျဖဴစြာ ခံပါေတာ့မည္။

သို႔ေသာ္ ကြၽႏ္ုပ္သည္ ေသေသာအခါ ေပ်ာ္႐ႊင္စြာ ေသလိုေသာ ဆႏၵရွိသျဖင့္ မေသမီ ကခုန္လိုပါသည္။ သို႔ျဖစ္၍ ကြၽႏ္ုပ္ ကကုန္ရန္ သင္က ပေလြမႈတ္ေပးပါ" ဟု ပရိယာယ္ျဖင့္ ေျပာဆိုေလသည္။

ဝံပုေလြလည္း ဆိတ္ငယ္ ေျပာဆိုသည္အတိုင္း ပေလြကို မႈတ္၏။ ဆိတ္ငယ္သည္လည္း ေပ်ာ္႐ႊင္စြာျဖင့္ ကခုန္၏။ ထိုအခိုက္ ခပ္လွမ္းလွမ္းမွ လယ္ေစာင့္ေခြးတို႔သည္ ပေလြသံကိုၾကားသျဖင့္ ေျပလားရာ ဝံပုေလြသည္ ဆိတ္ငယ္ကို မစားႏိုင္ေတာ့ပဲ ထြက္ေျပးရေလသည္။

ထိုအခါ ဝံပုေလြသည္ ေတာထဲသို႔ေျပးဝင္ရာမွ ေနာင္တရစြာျဖင့္ ဤသို႔ ဆို၏။ "ငါသည္ ကိုယ္ႏွင့္မဆိုင္ေသာ အလုပ္ကို လုပ္မိသျဖင့္ ဤသို႔ ျဖစ္ရေလသည္။ စင္စစ္ေသာ္ကား ငါ၏အလုပ္မွာ သားေကာင္ကို ကိုက္သတ္စားေသာက္ရန္သာ ျဖစ္ၿပီး ပေလြမႈတ္ရန္ မဟုတ္ပါတကား" crd

Post a Comment

0 Comments