တခါတုန်းက ရွာတရွာမှာ သားအဖ နှစ်ယောက် ရှိတယ်။ ဖအေတခု သမီးတခုပေါ့။ တနေ့တော့ အဖေဖြစ်သူက ခရီးသွားခါနီး သမီးဖြစ်သူကို မှာခဲ့တယ်။
"သမီးရေ တကယ်လို့များ အဖေ မရှိခင် ဧည့်သည် လာခဲ့လို့ရှိရင် ထမင်းလေးတော့ ချက်ကျွေးလိုက်ပါ။ တခုတော့ ရှိတယ် သမီးရေ၊ ဆန်တော့ မကုန်ပါစေနဲ့နော်"
ဒီတော့ သမီးက ဖခင်ကြီးကို ပြန်ပြောတယ်။
"ဖေဖေကလည်း ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မှာပေါ့၊ မကုန်လို့ ဘယ်ဖြစ်မလဲ"
"သမီးရယ် ခက်လိုက်တာ၊ ထမင်းချက်ကျွေးမှတော့ ဆန်ကုန်မယ်ဆိုတာ ဖေဖေလည်း သိတာပေါ့။ ဒါပေမဲ့သမီး စေတနာနဲ့ ချက်ကျွေးရင် ဆန်ကုန်ပေမဲ့ ကုသိုလ်တွေ ပြန်ရတယ်လေ။
ဒါကြောင့် စေတနာနဲ့ လှူတဲ့အလှူကို ဆန်မကုန်တဲ့ အလှူ လို့ ခေါ်တယ် သမီး။ စေတနာ မပါပဲ ချက်ကျွေးတော့ ကုသိုလ် မရဘူး။ ဒါကြောင့် အဲဒီအလှူကို ဆန်ကုန်တဲ့ အလှူလို့ ခေါ်တယ် သမီး"
အဲ့ဒီလို ဖခင်ဖြစ်သူက ရှင်းပြလိုက်မှ သမီးဖြစ်သူလည်း သဘောပေါက်သွားတယ်။ ဆိုလိုတာက ဘာပဲ ပေးပေး၊ ပေးမည့်အတူတူတော့ စေတနာလေး ထည့်လိုက်ပါ။
တခါတရံ လူမှုရေးအရ ပေးရတာ ရှိတယ်။ တခါတရံ လာအလှူခံလို့ ပေးရတာ ရှိတယ်။ ဘယ်လိုနေရာမှာ ပေးပေး၊ အဲ့ဒီလိုပေးတဲ့အခါမှာ စေတနာမပါရင် "ပေးကားပေး၏ မရ" ဆိုတာလို ဖြစ်သွားတယ်။
ဒါကြောင့် ပေးမည့်အတူတူတော့ ပေးရကျိုးနပ်အောင် စေတနာလေး ထည့်လိုက်ပါ။ ဒါဆိုရင် ကိုယ့်အတွက် ကုသိုလ်ရသွားတယ်။ "ပေးလည်း ပေး၏ ရလည်းရ၏" ဖြစ်သွားတယ်။
Zawgyi
ဧည့္သည္လာရင္ ဆန္မကုန္ပါေစနဲ႔
တခါတုန္းက ႐ြာတ႐ြာမွာ သားအဖ ႏွစ္ေယာက္ ရွိတယ္။ ဖေအတခု သမီးတခုေပါ့။ တေန႔ေတာ့ အေဖျဖစ္သူက ခရီးသြားခါနီး သမီးျဖစ္သူကို မွာခဲ့တယ္။ "သမီးေရ တကယ္လို႔မ်ား အေဖ မရွိခင္ ဧည့္သည္ လာခဲ့လို႔ရွိရင္ ထမင္းေလးေတာ့ ခ်က္ေကြၽးလိုက္ပါ။ တခုေတာ့ ရွိတယ္ သမီးေရ၊ ဆန္ေတာ့ မကုန္ပါေစနဲ႔ေနာ္"
ဒီေတာ့ သမီးက ဖခင္ႀကီးကို ျပန္ေျပာတယ္။ "ေဖေဖကလည္း ထမင္းခ်က္ေကြၽးမွေတာ့ ဆန္ကုန္မွာေပါ့၊ မကုန္လို႔ ဘယ္ျဖစ္မလဲ" "သမီးရယ္ ခက္လိုက္တာ၊ ထမင္းခ်က္ေကြၽးမွေတာ့ ဆန္ကုန္မယ္ဆိုတာ ေဖေဖလည္း သိတာေပါ့။ ဒါေပမဲ့သမီး ေစတနာနဲ႔ ခ်က္ေကြၽးရင္ ဆန္ကုန္ေပမဲ့ ကုသိုလ္ေတြ ျပန္ရတယ္ေလ။
ဒါေၾကာင့္ ေစတနာနဲ႔ လႉတဲ့အလႉကို ဆန္မကုန္တဲ့ အလႉ လို႔ ေခၚတယ္ သမီး။ ေစတနာ မပါပဲ ခ်က္ေကြၽးေတာ့ ကုသိုလ္ မရဘူး။ ဒါေၾကာင့္ အဲဒီအလႉကို ဆန္ကုန္တဲ့ အလႉလို႔ ေခၚတယ္ သမီး"
အဲ့ဒီလို ဖခင္ျဖစ္သူက ရွင္းျပလိုက္မွ သမီးျဖစ္သူလည္း သေဘာေပါက္သြားတယ္။ ဆိုလိုတာက ဘာပဲ ေပးေပး၊ ေပးမည့္အတူတူေတာ့ ေစတနာေလး ထည့္လိုက္ပါ။
တခါတရံ လူမႈေရးအရ ေပးရတာ ရွိတယ္။ တခါတရံ လာအလႉခံလို႔ ေပးရတာ ရွိတယ္။ ဘယ္လိုေနရာမွာ ေပးေပး၊ အဲ့ဒီလိုေပးတဲ့အခါမွာ ေစတနာမပါရင္ "ေပးကားေပး၏ မရ" ဆိုတာလို ျဖစ္သြားတယ္။
ဒါေၾကာင့္ ေပးမည့္အတူတူေတာ့ ေပးရက်ိဳးနပ္ေအာင္ ေစတနာေလး ထည့္လိုက္ပါ။ ဒါဆိုရင္ ကိုယ့္အတြက္ ကုသိုလ္ရသြားတယ္။ "ေပးလည္း ေပး၏ ရလည္းရ၏" ျဖစ္သြားတယ္။
0 Comments