ဆင်ခြေဖုံး ဆိုတာဘာလဲ

ရှေးခေတ်တုန်းက ဘုရင်တွေဟာ စစ်တိုက်ထွက်ရင် ဆင်ကို သုံးတယ်။ အကယ်၍ အဲဒီဆင်က ခြေထောက် နာသွားပြီဆိုရင် သုံး မရတော့ဘူး။

ဒီတော့ ဆင်ရဲ့ ခြေထောက်တွေကို ကာကွယ်စောင့်ရှောက်ဖို့ စစ်သည်တော်တွေ ထားတယ်။ ဆင်ခြေဖုံးစစ်သည်တော်လို့ ခေါ် ကြ တယ်။ သူတို့တွေက အဲ့ဒီဆင်အတွက်တော့ အလွန် အရေးပါတယ်။

နောက်တော့ မြို့တွေ တည်လာတဲ့အခါ မြို့ရဲ့ ဘေးနားက ဝန်းရံတဲ့ ရပ်ကွက်တွေကို မြို့ဆင်ခြေဖုံး ရပ်ကွက်တွေလို့ ခေါ်တယ်။ လက်လုပ်လက်စား လူတန်းစားတွေ အလုပ်ကြမ်း လုပ်တဲ့သူတွေေ နေကြတာ များတယ်။

သူတို့လည်း သူ့နေရာနဲ့သူ အရေးပါတယ်။ လောကကြီးမှာ အလုပ်ကြမ်းလုပ်တဲ့သူက မရှိမဖြစ် အရေးကြီးတယ်။

အဲဒီလို လူတွေ ဘဝတွေ ပျက်ပြီး အလုပ်လက်မဲ့ ဖြစ်ကုန်ရင် စာရိတ္တတွေပျက်ပြီး ခိုးဆိုးလုယက်ဘဝ ရောက်သွားရင် မြို့ပူပြီ။ မြို့ပူရင် နိုင်ငံဆူပြီ။

ဆင်ခြေ မလုံရင် စစ်ရှုံးနိုင်သလို ဆင်ခြေဖုံးရပ်ကွက်က အခြေခံ လူတန်းစားကို ဂရုမစိုက်မိရင် တိုင်းပြည် အထိနာမယ်။ တိုင်းပြည်တခု ထူထောင်ဖို့က အခြေခံ လူတန်းစားက အဓိကကျတယ်။ Crd

Zawgyi

ဆင္ေျခဖုံး ဆိုတာဘာလဲ

ေရွးေခတ္တုန္းက ဘုရင္ေတြဟာ စစ္တိုက္ထြက္ရင္ ဆင္ကို သုံးတယ္။ အကယ္၍ အဲဒီဆင္က ေျခေထာက္ နာသြားၿပီဆိုရင္ သုံး မရေတာ့ဘူး။

ဒီေတာ့ ဆင္ရဲ႕ ေျခေထာက္ေတြကို ကာကြယ္ေစာင့္ေရွာက္ဖို႔ စစ္သည္ေတာ္ေတြ ထားတယ္။ ဆင္ေျခဖုံးစစ္သည္ေတာ္လို႔ ေခၚ ၾက တယ္။ သူတို႔ေတြက အဲ့ဒီဆင္အတြက္ေတာ့ အလြန္ အေရးပါတယ္။

ေနာက္ေတာ့ ၿမိဳ႕ေတြ တည္လာတဲ့အခါ ၿမိဳ႕ရဲ႕ ေဘးနားက ဝန္းရံတဲ့ ရပ္ကြက္ေတြကို ၿမိဳ႕ဆင္ေျခဖုံး ရပ္ကြက္ေတြလို႔ ေခၚတယ္။ လက္လုပ္လက္စား လူတန္းစားေတြ အလုပ္ၾကမ္း လုပ္တဲ့သူေတြေ ေနၾကတာ မ်ားတယ္။

သူတို႔လည္း သူ႔ေနရာနဲ႔သူ အေရးပါတယ္။ ေလာကႀကီးမွာ အလုပ္ၾကမ္းလုပ္တဲ့သူက မရွိမျဖစ္ အေရးႀကီးတယ္။ အဲဒီလို လူေတြ ဘဝေတြ ပ်က္ၿပီး အလုပ္လက္မဲ့ ျဖစ္ကုန္ရင္ စာရိတၱေတြပ်က္ၿပီး ခိုးဆိုးလုယက္ဘဝ ေရာက္သြားရင္ ၿမိဳ႕ပူၿပီ။ ၿမိဳ႕ပူရင္ ႏိုင္ငံဆူၿပီ။

ဆင္ေျခ မလုံရင္ စစ္ရႈံးႏိုင္သလို ဆင္ေျခဖုံးရပ္ကြက္က အေျခခံ လူတန္းစားကို ဂ႐ုမစိုက္မိရင္ တိုင္းျပည္ အထိနာမယ္။ တိုင္းျပည္တခု ထူေထာင္ဖို႔က အေျခခံ လူတန္းစားက အဓိကက်တယ္။ Crd

Post a Comment

0 Comments