သမုဒ္ဒရာထဲကနေ ပြန်မလာတော့တဲ့သခင်ကို နေ့စဉ်စောင့်မျှော်နေတဲ့ခွေးလေး

ခွေးလေးတွေက လူသားတွေအပေါ်မှာ အမြဲတမ်းသစ္စာရှိပါတယ်။ ခွေးလေးတွေမှာ စိတ်ခံစားချက်တွေရှိပြီး စိတ်ခံစားလွယ်ပါတယ်။

သူတို့ချစ်တဲ့သခင်တွေ ကွယ်လွန်သွားတာကိုလည်း နားလည်ပြီး သူတို့နည်းသူတို့ဟန်နဲ့ ဝမ်းနည်းကြေကွဲတာကို ဖြေဖျောက်ကြပါတယ်။


ဒီချစ်စရာကောင်းတဲ့ခွေးလေးကတော့ သမုဒ္ဒရာကမ်းစပ်ရဲ့ဘေးကို နေ့တိုင်းလာပြီး ဆုံးပါးသွားတဲ့သခင်ကို စောင့်နေတာပါ။

Jolie Mejia ဆိုတဲ့လူတစ်ယောက်က Peru နိုင်ငံက Punta Negra ကမ်းခြေကို လာလည်ရင်းနဲ့ သမုဒ္ဒရာဘက်ကို မျှော်ကြည့်နေတဲ့ ခွေးလေးကို တွေ့သွားခဲ့ပါတယ်။


ခွေးလေးရဲ့လည်ပင်းမှာ ဖဲကြိုးလေး ရှိပါတယ်။ ခွေးလေးကို ပိုင်ရှင်မဲ့ထင်တာကြောင့် Jolie Mejia က မွေးစားမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။


ဒါပေမယ့် အဲဒီအချိန်မှာ လူတစ်ယောက်ရောက်လာပြီး ခွေးလေးက ကမ်းခြေကို နေ့စဉ်လာကြောင်း၊ သူ့ရဲ့သခင်ဖြစ်တဲ့တံငါသည်က သမုဒ္ဒရာထဲမှာ ကွယ်လွန်သွားပြီဖြစ်ကြောင်း၊ ကွယ်လွန်သွားတာ ကြာပြီဖြစ်ပေမယ့် ခွေးလေးက သူ့သခင်ကို နေ့စဉ်စောင့်မျှော်နေကြောင်း Jolie Mejia ကို ပြောပြခဲ့ပါတယ်။


ခွေးလေးရဲ့နာမည်က Vaguito လို့ခေါ်ပါတယ်။ ခွေးလေးက သူ့ရဲ့သခင်ပြန်လာဦးမယ်လို့ထင်ပြီး အမြဲတမ်းစောင့်မျှော်နေပါတယ်။ သမုဒ္ဒရာထဲက လှေတွေ၊ သင်္ဘောတွေကို မြင်ရင် ခွေးလေးက စိတ်လှုပ်ရှားနေတတ်ပါတယ်။


ကမ်းစပ်တစ်ဝိုက်ကလူတွေကတော့ ခွေးလေး Vaguito ကို သိကြပါတယ်။ ခွေးလေးအတွက် စားစရာတွေလည်း ကျွေးကြပါတယ်။

ခွေးလေးကတော့ ခွဲခွာသွားတဲ့ သူ့ရဲ့သခင်ကို ဘယ်လိုမှ မေ့မရဘဲ ကမ်းစပ်ကိုလာပြီး နေ့စဉ်စောင့်မျှော်နေဆဲပါပဲ။

Zombie (lovemedia)

Post a Comment

0 Comments