လွှတ်ချမှာ မဟုတ်လို့ပေါ့
တခါက သားအဖ ၂ ယောက်ဟာ တံတားတခုကို ဖြတ်ကူးလာ ကြတယ်။ အဖေက ကြောက်နေတဲ့ သူ့ရဲ့ သမီးလေးကို "သမီးလေး အောက်ကို ပြုတ်မကျအောင် အဖေ့လက်ကို ကိုင်ထားလေ" လို့ ပြောလိုက်ပါတယ်။
သမီးငယ်က "ဟင့်အင်း အဖေက သမီးလက်ကို ကိုင်ထားပေး" လို့ ပြန်ပြောပါတယ်။ အဲဒါနဲ့ အဖေက "အဖေ့လက်ကို သမီးကိုင်တာနဲ့ သမီးလက်ကို အဖေကိုင်တာ ဘာများထူးလို့လဲ" လို့ မေးပါတယ်။
ထိုအခါ သမီးဖြစ်သူက "ကွာတာမှ အကြီးကြီးကွာတာပေါ့ အဖေရယ်" လို့ ပြန်ဖြေပါတယ်။
ထို့နောက် သမီးဖြစ်သူက ဆက်ပြောပါတယ်။ "သမီးက အဖေ့လက်ကို ကိုင်ထားရင် တခုခုဖြစ်တဲ့အခါ သမီးက လက်လွှတ်ကောင်း လွှတ်မိနိုင်တယ်။
ဒါပေမယ့် အဖေက သမီးလက်ကို ကိုင်ထားရင်တော့ သေချာတယ် ဘာပဲဖြစ်ဖြစ် အဖေက သမီးလက်ကို လွှတ်မှာ မဟုတ်ဘူး"
ပုံပြင်လေးက အရမ်းတိုပါတယ်။ ဒါပေမယ့် မိဘနဲ့ သားသမီးကြားက သဘောတရားလေးကို ပေါ်လွင်လွန်းလို့ပါ။
အခက်အခဲ ဒုက္ခတွေ ကြုံတဲ့အခါ သားသမီးတွေဟာ မိဘတွေရဲ့ လက်တွေကို လွှတ်ချပစ်နိုင်ပေမယ့် မိဘတွေကတော့ သားသမီးတွေရဲ့ လက်ကို ဘယ်သောအခါမှ လွှတ်ချမှာ မဟုတ်ပါဘူး။ phoomyatchal
Zawgyi
Post a Comment
0 Comments