သမင်မကြီး၏ ဆုံးဖြတ်ချက်

တရက်မှာ သမင်မကြီးဟာ ကိုယ်ဝန်အရင့်အမာနဲ့ မွေးခါနီး ဖွားခါနီး ယာတောစပ်က မြစ်ကမ်းဘေးမှာ ထိုင်ချလိုက်တယ်။ကလေးမွေးတော့အံ့ဆဲဆဲ အချိန်မှာ မိုးက သည်းထန်စွာ ရွာချတယ်။

မိုးနဲ့အတူ မုန်တိုင်းပါ ပါလာတဲ့အတွက် ကောင်းကင် တခွင်ဟာ ကြောက်စရာ ကောင်းလောက်အောင် မဲမှောင်ပြီး လျှပ်စီးတွေ လက်နေတယ်။

မုန်တိုင်းကြောင့် မြစ်ရေပြင်ဟာလည်း တဝုန်းဝုန်းနဲ့ ကြမ်းသထက် ကြမ်းလာတယ်။ အဲ့ဒီ အချိန်မှာပဲ ယာတောထဲကို မိုးကြိုး ပစ်ချ လိုက်တဲ့အခါ ယာတောခင်းကြီးဟာလည်း မီးထလောင်တယ်။

သမင်မကြီးရဲ့ အနောက်မှာတော့ မုဆိုးတယောက်ဟာ သမင်မကြီးကို မြားနဲ့ ပစ်ဖို့ ချိန်ထားလိုက်ပြီ။ အရှေ့မှာလည်း ကျားတကောင်ဟာ သမင်မကြီးကို ခုန်အုပ်ဖို့ ပြင်နေပြီ။ ကဲ သမင်မကြီး ဘာလုပ်မယ် ထင်ပါသလဲ။

အရှေ့မှာကျား၊ အနောက်မှာ မုဆိုး၊ တောင်မှာ မီး၊ မြောက်မှာ ရေ၊ မိုးပေါ် မော့ကြည့်ရင် လျှပ်စီးတွေနဲ့ အောက်မှာ မြေပြင်။ သမင်မကြီးဟာ လွတ်လမ်းလုံးဝမရှိတော့တဲ့အခါဘာလုပ်မယ် ထင်ကြလဲ။

သမင်မကြီးဟာ စိတ်ကို အငြိမ်ဆုံး ထားပြီးတော့ သူမွေးရမယ့် ရင်သွေးကိုပဲ မဖြစ်ဖြစ်အောင် မွေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ ကျယ်လောင်စွာ မိုးချိန်းလိုက်တာ မုဆိုးဟာ ဟန်ပျက်သွားခဲ့တယ်။

ဟန်ချက်ပျက်တော့ ပစ်လွှတ်လိုက်တဲ့ မြားဟာ အလိုက်သင့်လေး ခုန်အုပ်နေတဲ့ ကျားကို ပစ်မိသွားတယ်။ ဒါပေမယ့် ချက်ကောင်းကို မထိ။

အဲ့ဒီမှာ ကျားဟာ အထိနာသွားတဲ့ အခါမှာတော့ မြားရှင် မုဆိုးဘက်ကို ဦးတည် ပြေးလွှားပြီး ခုန်အုပ်လိုက်တယ်။ မုဆိုးနဲ့ကျားဟာ လုံးရင်းထွေးရင်းနဲ့ မြစ်ထဲကျ သေသွားတယ်။

ယာတောမီးဟာလည်း မိုးရေကြောင့် ငြိမ်းသွားတယ်။ နောက်ဆုံး မိုးစဲသွားတဲ့အခါမှာ မြစ်ရေဟာ ပြန်လည် ငြိမ်သက်လာတယ်။ သမင်မကြီးဟာ ရင်သွေးလေးကိုအောင်မြင်စွာ မွေးလိုက်နိုင်ခဲ့တယ်။

ပြောချင်တာက ဘဝမှာ ထွက်ပေါက် မရှိလောက်အောင် အခက်အခဲတွေ ပိတ်ပင်နေတဲ့အခါ ကိုယ်လုပ်ပိုင်ခွင့် ရှိတဲ့ အလုပ်တခုကိုသာ အကောင်းဆုံး လုပ်မြဲ ဆက်လုပ်နေသင့်ပါတယ်။ Crd

Post a Comment

0 Comments