ခေါင်းလောင်းသံမကြားသော ကျီးကန်းများ

တခါတုန်းက ကျီးကန်းတွေရဲ့ စာသင်ကျောင်းမှာ ဆရာမကြီးက တပည့်တွေကို ဆုံးမတယ်။

"မင်းတို့ အားလုံး ငါပြောတာကို ကြားတယ် မဟုတ်လား"

"ကြားပါတယ် ဆရာမကြီး"

"အေး ဒီပုံပြင်ထဲက ကျီးကန်းလို မမိုက်မဲမိကြစေနဲ့။ ဆင်သေကောင်ရဲ့ အသားကို စားဖို့ မက်မောရင်း ပင်လယ်ထဲမှာ ဒုက္ခရောက်ရတယ်။ ကမ်းမမြင် လမ်းမမြင် သေသွား ရတယ်။ ကျပ်ကျပ် သင်ခန်းစာ ယူကြ"

"ဟုတ်ကဲ့ပါ ဆရာမကြီး"

အဲဒီအချိန်မှာ စာသင်ခန်းထဲကို ရောက်မလာတဲ့ ကျီးကန်းလေးတကောင်လည်း ရှိတယ်။ ကျောင်းပြေးတာရယ်တော့ မဟုတ်ပါဘူး။ ကျောင်းတက် ခေါင်းလောင်းသံကို သူ မကြားလိုက်တာပါ။

ရွာအပြင် မြစ်ဆုံက သစ်ပင်ကြီးတပင်ပေါ်မှာ သူ နားနေတယ်။ ကျီးကန်းမျက်စိမို့လို့ ဟိုကြည့် ဒီကြည့် ကြည့်ရင်း ရေထဲမှာ မျောပါလာတဲ့ အရာကြီးတခုကို သူမြင်လိုက်သတဲ့။

"ဟာ ဘာကြီးပါလိမ့်"

ထင်ထင် ရှားရှား တွေ့ရတော့ သူ အံ့ဩသွားတယ်။

"ဟာ ဆင်သေကောင်ကြီးပဲ"

ဆင်သေကောင်က လတ်လတ်ဆတ်ဆတ်ပဲ ရှိသေးတယ်။ အကြီးကြီး၊ အကြာကြီး စားလို့ရတယ်။ သူ ဝမ်းမြောက် ဝမ်းသာနဲ့ ဆင်သေကြီးဆီ ထိုးဆင်းသွားတာပေါ့။ ဟိုတို့ ဒီဆိတ်နဲ့ မြိန်ရေရှက်ရေ စားသောက်ရင်း ဆင်သေကောင်ကြီးနဲ့ အတူ ပင်လယ်ဆီ မျောပါ သွားတော့တယ်။

အဲဒီမြင်ကွင်းကို မြင်လိုက်တဲ့ ကျီးကန်း တချို့ ရှိတယ်။

"ဟာ ဒီကောင်တော့ ဒုက္ခပါပဲ"

"ဟုတ်ပါရဲ့ တော်တော် မိုက်တဲ့ကောင်ပဲ"

အဲဒီသတင်းက ကျီးကန်းတွေရဲ့ ရွာထဲမှာ အုတ်အော်သောင်းနင်း ဖြစ်ကုန်တော့တယ်။ ဆင်သေနဲ့အတူ ပါသွားတဲ့ ကျီးကန်းလေးကတော့ ဆင်သေအသားကို စားပြီး သူ့ဘာသာ ကျေနပ်အားရနေတယ်။ တဖြည်းဖြည်း ဆင်သေရဲ့ အသားက ကုန်ခန်းလာပြီး ကမ်းမမြင် လမ်းမမြင် အခြေအနေကို သုံးသပ်မိတော့မှ

"ဟာ ပြဿနာပဲ"

ဆင်သေက မကြာခင် လုံးလုံးလျားလျား ကုန်တော့မယ်။ အဲဒီအခါမှာ သူ့မှာ စားစရာလည်း မရှိတော့ဘူး။ နားစရာလည်း မရှိတော့ဘူး။ ဒေါင်လိုက်ပဲ ဖြစ်ဖြစ် အလျားလိုက်ပဲ ဖြစ်ဖြစ် ပင်လယ်ကို ဖြတ်ပြီး သူ မကူးနိုင်ဘူး။

"ငါ ဘယ်လို လုပ်ရပါ့မလဲ"

ကုသိုလ်ကံလေး နည်းနည်းကောင်းချင်တော့ တခြား တိရစ္ဆာန်အသေကောင်တွေ မျောလာတာနဲ့ ထပ်တိုးတယ်။ တကောင်ပြီး တကောင်ပေါ် ခုန်တက်လို့ နားရင်း စားရင်း သူ့အသက်ကို ရသလောက် ဆွဲဆန့် နေရတယ်တဲ့။

ကျီးကန်းတွေရဲ့ ရွာမှာတော့ သူ့အကြောင်းကို မေ့လျော့စ ပြုလာပါပြီ။ ကျီးမိုက်များရဲ့ စာရင်းထဲမှာ နာမည်သစ်တခု အနေနဲ့ပဲ သွင်းလိုက်ကြ ပါပြီ။ ဆင်သေကောင် မက်မောမိတဲ့ ကျီးကန်းအကြောင်းကို ပြောတိုင်း ဆရာမကြီးက သူ့ကို ဥပမာပြုပြီး ဆုံးမရတော့တာပေါ့။

အဲဒီလိုနဲ့ သုံးနှစ်လောက် အကြာမှာ

"ဟင် မင်း မင်း ပြန်လာတယ်"

"ဟုတ်တယ်လေ ကျွန်တော် ပြန်လာတယ်"

"မင်း မင်း ဆင်သေကောင်ကြီးနဲ့ ပါသွားတာ မဟုတ်လား"

"ဟုတ်တယ်လေ၊ အခု ရွာကို သတိရလို့ ပြန်လာတာ"

ဆင်သေကောင်နဲ့ ပါသွားတဲ့ ကျီးကန်းလေးက ရွာကို ပြန်ရောက်လာပါတယ်။ အတက်ချီကေ့စ်ကို ဆွဲပြီး နိုင်ငံခြားဖြစ် အကောင်းစား မျက်မှန်နဲ့ အကောင်းစား အဝတ်အစားတွေနဲ့ တကိုယ်လုံးကို ဖိတ်ဖိတ်တောက်လို့။

"ဘယ်လိုတွေ ဖြစ်သလဲကွာ။ နည်းနည်း ရှင်းပြပါဦး"

ရွာသားကျီးကန်းတွေက သူ့ကို ဝိုင်းအုံပြီး မေးကြတယ်။ သူက စီးကရက်ကို ပါးစပ်မှာ ခဲပြီး အကောင်းစားမီးခြစ်နဲ့ ထောက်ခနဲ မီးညှိ လိုက်တယ်။ ဘောင်းဘီပေါ်မှာ တင်နေတဲ့ ဖုန်မှုန့် ကလေးကို တောက်ထုတ်လိုက်ပြီး သူ့အကြောင်းတွေကို ရှင်းပြတယ်။

"အဲဒီလိုနဲ့ဗျာ တနေ့ကျတော့ ပင်လယ်ကူး သင်္ဘောတစင်းနဲ့ ကျွန်တော် သွားတွေ့တယ်။ သူတို့က ကျွန်တော့ကို လေကြောင်း အရာရှိအဖြစ် ခန့်အပ်လိုက်တယ်။ အဲဒီလိုနဲ့ပဲ ကျွန်တော်လည်း ကမ္ဘာပတ်နေလိုက်တယ်။ ရွာကိုလည်း သတိရတာနဲ့ ဒီတခေါက်တော့ ဝင်ဖြစ်အောင် လှည့်ဝင်လာတာ မနက်ကပဲ လေယာဉ် ဆိုက်တာလေ"

နောက်တော့ သူ့ဆီမှာပါတဲ့ နိုင်ငံတကာ အသုံးအဆောင် ပစ္စည်းတွေကို လက်ဆောင် လိုက်ပေးတယ်။ ကျေးဇူးတင်စကား ပြန်ပြောကြ၊ လက်ဆောင် ပစ္စည်းတွေကို ပိုက်ပြီး အူမြူးကြနဲ့ အဲဒီညကဆို ကျီးကန်းတွေ တရွာလုံး အိပ်လို့တောင် မရဘူးတဲ့။

မနက် မိုးလင်းတော့ ဆရာမကြီးက ကျောင်းကိုဖွင့်တယ်။

"ဂလောင် ဂလောင် ဂလောင်"

ခေါင်းလောင်း ခေါက်ပေမယ့် တပည့်တွေက ရောက်မလာဘူး။

"ဘယ်လိုဖြစ်တာပါလိမ့်"

ဆရာမကြီးဟာ ကြိမ်လုံးဆွဲပြီး သူ့တပည့်တွေကို ရွာထဲမှာ လိုက်ရှာတယ်။ မတွေ့ဘူး။ တွေ့မယ် တွေ့တော့ ရွာအပြင် မြစ်ဆုံက သစ်ပင်ကြီးပေါ်မှာ သူ့တပည့်တွေ အားလုံး စီစီရီရီ နားလို့။ ဆရာမကြီးက ဒေါသတကြီး မေးလိုက်တယ်။

"မင်းတို့ ခေါင်းလောင်းခေါက်တာကို မကြားဘူးလား"

အားလုံးက ပြန်ဖြေတယ်။

"မကြားလိုက်ပါဘူး"

"နေပါဦး မင်းတို့က အဲဒီမှာ ဘာလုပ်နေကြတာလဲ"

ဒီတခါ ပြန်ဖြေတော့လည်း ညီတူညာတူပါပဲ။

"ဆင်သေကောင်ကို စောင့်နေတာ" တဲ့။

တာရာမင်းဝေ

for zawgyi

ေခါင္းေလာင္းသံမၾကားေသာ က်ီးကန္းမ်ား

တခါတုန္းက က်ီးကန္းေတြရဲ႕ စာသင္ေက်ာင္းမွာ ဆရာမႀကီးက တပည့္ေတြကို ဆုံးမတယ္။

"မင္းတို႔ အားလုံး ငါေျပာတာကို ၾကားတယ္ မဟုတ္လား"

"ၾကားပါတယ္ ဆရာမႀကီး"

"ေအး ဒီပုံျပင္ထဲက က်ီးကန္းလို မမိုက္မဲမိၾကေစနဲ႔။ ဆင္ေသေကာင္ရဲ႕ အသားကို စားဖို႔ မက္ေမာရင္း ပင္လယ္ထဲမွာ ဒုကၡေရာက္ရတယ္။ ကမ္းမျမင္ လမ္းမျမင္ ေသသြား ရတယ္။ က်ပ္က်ပ္ သင္ခန္းစာ ယူၾက"

"ဟုတ္ကဲ့ပါ ဆရာမႀကီး"

အဲဒီအခ်ိန္မွာ စာသင္ခန္းထဲကို ေရာက္မလာတဲ့ က်ီးကန္းေလးတေကာင္လည္း ရွိတယ္။ ေက်ာင္းေျပးတာရယ္ေတာ့ မဟုတ္ပါဘူး။ ေက်ာင္းတက္ ေခါင္းေလာင္းသံကို သူ မၾကားလိုက္တာပါ။

႐ြာအျပင္ ျမစ္ဆုံက သစ္ပင္ႀကီးတပင္ေပၚမွာ သူ နားေနတယ္။ က်ီးကန္းမ်က္စိမို႔လို႔ ဟိုၾကည့္ ဒီၾကည့္ ၾကည့္ရင္း ေရထဲမွာ ေမ်ာပါလာတဲ့ အရာႀကီးတခုကို သူျမင္လိုက္သတဲ့။

"ဟာ ဘာႀကီးပါလိမ့္"

ထင္ထင္ ရွားရွား ေတြ႕ရေတာ့ သူ အံ့ဩသြားတယ္။

"ဟာ ဆင္ေသေကာင္ႀကီးပဲ"

ဆင္ေသေကာင္က လတ္လတ္ဆတ္ဆတ္ပဲ ရွိေသးတယ္။ အႀကီးႀကီး၊ အၾကာႀကီး စားလို႔ရတယ္။ သူ ဝမ္းေျမာက္ ဝမ္းသာနဲ႔ ဆင္ေသႀကီးဆီ ထိုးဆင္းသြားတာေပါ့။ ဟိုတို႔ ဒီဆိတ္နဲ႔ ၿမိန္ေရရွက္ေရ စားေသာက္ရင္း ဆင္ေသေကာင္ႀကီးနဲ႔ အတူ ပင္လယ္ဆီ ေမ်ာပါ သြားေတာ့တယ္။

အဲဒီျမင္ကြင္းကို ျမင္လိုက္တဲ့ က်ီးကန္း တခ်ိဳ႕ ရွိတယ္။

"ဟာ ဒီေကာင္ေတာ့ ဒုကၡပါပဲ"

"ဟုတ္ပါရဲ႕ ေတာ္ေတာ္ မိုက္တဲ့ေကာင္ပဲ"

အဲဒီသတင္းက က်ီးကန္းေတြရဲ႕ ႐ြာထဲမွာ အုတ္ေအာ္ေသာင္းနင္း ျဖစ္ကုန္ေတာ့တယ္။ ဆင္ေသနဲ႔အတူ ပါသြားတဲ့ က်ီးကန္းေလးကေတာ့ ဆင္ေသအသားကို စားၿပီး သူ႔ဘာသာ ေက်နပ္အားရေနတယ္။ တျဖည္းျဖည္း ဆင္ေသရဲ႕ အသားက ကုန္ခန္းလာၿပီး ကမ္းမျမင္ လမ္းမျမင္ အေျခအေနကို သုံးသပ္မိေတာ့မွ

"ဟာ ျပႆနာပဲ"

ဆင္ေသက မၾကာခင္ လုံးလုံးလ်ားလ်ား ကုန္ေတာ့မယ္။ အဲဒီအခါမွာ သူ႔မွာ စားစရာလည္း မရွိေတာ့ဘူး။ နားစရာလည္း မရွိေတာ့ဘူး။ ေဒါင္လိုက္ပဲ ျဖစ္ျဖစ္ အလ်ားလိုက္ပဲ ျဖစ္ျဖစ္ ပင္လယ္ကို ျဖတ္ၿပီး သူ မကူးႏိုင္ဘူး။

"ငါ ဘယ္လို လုပ္ရပါ့မလဲ"

ကုသိုလ္ကံေလး နည္းနည္းေကာင္းခ်င္ေတာ့ တျခား တိရစာၦန္အေသေကာင္ေတြ ေမ်ာလာတာနဲ႔ ထပ္တိုးတယ္။ တေကာင္ၿပီး တေကာင္ေပၚ ခုန္တက္လို႔ နားရင္း စားရင္း သူ႔အသက္ကို ရသေလာက္ ဆြဲဆန႔္ ေနရတယ္တဲ့။

က်ီးကန္းေတြရဲ႕ ႐ြာမွာေတာ့ သူ႔အေၾကာင္းကို ေမ့ေလ်ာ့စ ျပဳလာပါၿပီ။ က်ီးမိုက္မ်ားရဲ႕ စာရင္းထဲမွာ နာမည္သစ္တခု အေနနဲ႔ပဲ သြင္းလိုက္ၾက ပါၿပီ။ ဆင္ေသေကာင္ မက္ေမာမိတဲ့ က်ီးကန္းအေၾကာင္းကို ေျပာတိုင္း ဆရာမႀကီးက သူ႔ကို ဥပမာျပဳၿပီး ဆုံးမရေတာ့တာေပါ့။

အဲဒီလိုနဲ႔ သုံးႏွစ္ေလာက္ အၾကာမွာ

"ဟင္ မင္း မင္း ျပန္လာတယ္"

"ဟုတ္တယ္ေလ ကြၽန္ေတာ္ ျပန္လာတယ္"

"မင္း မင္း ဆင္ေသေကာင္ႀကီးနဲ႔ ပါသြားတာ မဟုတ္လား"

"ဟုတ္တယ္ေလ၊ အခု ႐ြာကို သတိရလို႔ ျပန္လာတာ"

ဆင္ေသေကာင္နဲ႔ ပါသြားတဲ့ က်ီးကန္းေလးက ႐ြာကို ျပန္ေရာက္လာပါတယ္။ အတက္ခ်ီေက့စ္ကို ဆြဲၿပီး ႏိုင္ငံျခားျဖစ္ အေကာင္းစား မ်က္မွန္နဲ႔ အေကာင္းစား အဝတ္အစားေတြနဲ႔ တကိုယ္လုံးကို ဖိတ္ဖိတ္ေတာက္လို႔။

"ဘယ္လိုေတြ ျဖစ္သလဲကြာ။ နည္းနည္း ရွင္းျပပါဦး"

႐ြာသားက်ီးကန္းေတြက သူ႔ကို ဝိုင္းအုံၿပီး ေမးၾကတယ္။ သူက စီးကရက္ကို ပါးစပ္မွာ ခဲၿပီး အေကာင္းစားမီးျခစ္နဲ႔ ေထာက္ခနဲ မီးညႇိ လိုက္တယ္။ ေဘာင္းဘီေပၚမွာ တင္ေနတဲ့ ဖုန္မႈန႔္ ကေလးကို ေတာက္ထုတ္လိုက္ၿပီး သူ႔အေၾကာင္းေတြကို ရွင္းျပတယ္။

"အဲဒီလိုနဲ႔ဗ်ာ တေန႔က်ေတာ့ ပင္လယ္ကူး သေဘၤာတစင္းနဲ႔ ကြၽန္ေတာ္ သြားေတြ႕တယ္။ သူတို႔က ကြၽန္ေတာ့ကို ေလေၾကာင္း အရာရွိအျဖစ္ ခန႔္အပ္လိုက္တယ္။ အဲဒီလိုနဲ႔ပဲ ကြၽန္ေတာ္လည္း ကမာၻပတ္ေနလိုက္တယ္။ ႐ြာကိုလည္း သတိရတာနဲ႔ ဒီတေခါက္ေတာ့ ဝင္ျဖစ္ေအာင္ လွည့္ဝင္လာတာ မနက္ကပဲ ေလယာဥ္ ဆိုက္တာေလ"

ေနာက္ေတာ့ သူ႔ဆီမွာပါတဲ့ ႏိုင္ငံတကာ အသုံးအေဆာင္ ပစၥည္းေတြကို လက္ေဆာင္ လိုက္ေပးတယ္။ ေက်းဇူးတင္စကား ျပန္ေျပာၾက၊ လက္ေဆာင္ ပစၥည္းေတြကို ပိုက္ၿပီး အူျမဴးၾကနဲ႔ အဲဒီညကဆို က်ီးကန္းေတြ တ႐ြာလုံး အိပ္လို႔ေတာင္ မရဘူးတဲ့။

မနက္ မိုးလင္းေတာ့ ဆရာမႀကီးက ေက်ာင္းကိုဖြင့္တယ္။

"ဂေလာင္ ဂေလာင္ ဂေလာင္"

ေခါင္းေလာင္း ေခါက္ေပမယ့္ တပည့္ေတြက ေရာက္မလာဘူး။

"ဘယ္လိုျဖစ္တာပါလိမ့္"

ဆရာမႀကီးဟာ ႀကိမ္လုံးဆြဲၿပီး သူ႔တပည့္ေတြကို ႐ြာထဲမွာ လိုက္ရွာတယ္။ မေတြ႕ဘူး။ ေတြ႕မယ္ ေတြ႕ေတာ့ ႐ြာအျပင္ ျမစ္ဆုံက သစ္ပင္ႀကီးေပၚမွာ သူ႔တပည့္ေတြ အားလုံး စီစီရီရီ နားလို႔။ ဆရာမႀကီးက ေဒါသတႀကီး ေမးလိုက္တယ္။

"မင္းတို႔ ေခါင္းေလာင္းေခါက္တာကို မၾကားဘူးလား"

အားလုံးက ျပန္ေျဖတယ္။

"မၾကားလိုက္ပါဘူး"

"ေနပါဦး မင္းတို႔က အဲဒီမွာ ဘာလုပ္ေနၾကတာလဲ"

ဒီတခါ ျပန္ေျဖေတာ့လည္း ညီတူညာတူပါပဲ။

"ဆင္ေသေကာင္ကို ေစာင့္ေနတာ" တဲ့။

တာရာမင္းေဝ

Post a Comment

0 Comments