တခါက နွားလေးကောင်ဟာ တောထဲက မြက်ခင်းပြင်မှာ နေထိုင်ကြပါတယ်။ သူတို့လေးကောင်စလုံးက မိတ်ဆွေတွေ ဖြစ်ကြပြီး အားလုံး အတူတူတိုင်ပင်ပြီးမှ အရာအားလုံးကို လုပ်လေ့ ရှိကြပါတယ်။
သူတို့နေထိုင်ကြတဲ့ တောထဲမှာ သူတို့ကို သတ်ဖြတ် စားသောက်မယ့် ကျားတွေ၊ ခြင်္သေ့တွေ ရှိနေကြပေမယ့် သူတို့လေးကောင်ဟာ စည်းလုံးတဲ့ အတွက်ကြောင့် ကျားတွေ ခြင်္သေ့တွေရန်ကနေ အနှောက်အယှက်မရှိပဲ နေထိုင်နိုင်ကြပါတယ်။
ဒီလိုနဲ့ တနေ့မှာတော့ သူတို့တွေဟာ အဖွဲ့ထဲက ခွဲထွက်ပြီး တကောင် တနေရာစီ သွားချင်နေကြပါတယ်။ အဲဒါကို ကျားတကောင်နဲ့ ခြင်္သေ့တကောင်က မြင်တဲ့အခါ နွားတွေကို သတ်စားဖို့ အခွင့်အရေး ရပြီလို့ ဆုံးဖြတ်လိုက် ကြပါတယ်။
ခြင်္သေ့နဲ့ ကျားဟာ ခြုံပုတ်တွေထဲမှာ ပုန်းခိုနေပြီး နွားတွေကို တကောင်ပြီး တကောင်သတ်စားဖို့ ကြံစည်ပါတော့တယ်။
အဲဒီနောက်မှာတော့ အုပ်ကွဲသွားတဲ့ နွားတွေကို ခြင်္သေ့နဲ့ ကျားတို့ဟာ တကောင်ခြင်း သတ်ဖြတ် စားသောက်လိုက် ကြပါတယ်။
ဒီပုံပြင်လေးကြောင့် နွားကွဲကျားကိုက်တယ် ဆိုတဲ့ စကားပုံ ဖြစ်ပေါ်လာရပါတယ်။ အပြင်လောကမှာလည်း အဲဒီလိုပါပဲ။
တစုတစည်းတည်း ချစ်ခင်စည်းလုံးစွာ ရှိနေသူတွေကို အခြားသူတွေက မဖျက်ဆီးနိုင်ပေမယ့် ညီညွှတ်ခြင်းမရှိ၊ တစည်းတလုံးထဲ မရှိဘဲ တယောက်တပေါက် ဖြစ်နေတဲ့ မိသားစုကို အခြားသူတွေက ဖျက်ဆီးဖို့ လွယ်ကူပါတယ်လို့ သင်ခန်းစာပေးထားတာပါ။ Crd
Zawgyi
ႏြားကြဲရင္ က်ားကိုက္မယ္
တခါက ႏြားေလးေကာင္ဟာ ေတာထဲက ျမက္ခင္းျပင္မွာ ေနထိုင္ၾကပါတယ္။ သူတို႔ေလးေကာင္စလုံးက မိတ္ေဆြေတြ ျဖစ္ၾကၿပီး အားလုံး အတူတူတိုင္ပင္ၿပီးမွ အရာအားလုံးကို လုပ္ေလ့ ရွိၾကပါတယ္။
သူတို႔ေနထိုင္ၾကတဲ့ ေတာထဲမွာ သူတို႔ကို သတ္ျဖတ္ စားေသာက္မယ့္ က်ားေတြ၊ ျခေသၤ့ေတြ ရွိေနၾကေပမယ့္ သူတို႔ေလးေကာင္ဟာ စည္းလုံးတဲ့ အတြက္ေၾကာင့္ က်ားေတြ ျခေသၤ့ေတြရန္ကေန အေႏွာက္အယွက္မရွိပဲ ေနထိုင္ႏိုင္ၾကပါတယ္။
ဒီလိုနဲ႔ တေန႔မွာေတာ့ သူတို႔ေတြဟာ အဖြဲ႕ထဲက ခြဲထြက္ၿပီး တေကာင္ တေနရာစီ သြားခ်င္ေနၾကပါတယ္။ အဲဒါကို က်ားတေကာင္နဲ႔ ျခေသၤ့တေကာင္က ျမင္တဲ့အခါ ႏြားေတြကို သတ္စားဖို႔ အခြင့္အေရး ရၿပီလို႔ ဆုံးျဖတ္လိုက္ ၾကပါတယ္။
ျခေသၤ့နဲ႔ က်ားဟာ ၿခဳံပုတ္ေတြထဲမွာ ပုန္းခိုေနၿပီး ႏြားေတြကို တေကာင္ၿပီး တေကာင္သတ္စားဖို႔ ႀကံစည္ပါေတာ့တယ္။ အဲဒီေနာက္မွာေတာ့ အုပ္ကြဲသြားတဲ့ ႏြားေတြကို ျခေသၤ့နဲ႔ က်ားတို႔ဟာ တေကာင္ျခင္း သတ္ျဖတ္ စားေသာက္လိုက္ ၾကပါတယ္။
ဒီပုံျပင္ေလးေၾကာင့္ ႏြားကြဲက်ားကိုက္တယ္ ဆိုတဲ့ စကားပုံ ျဖစ္ေပၚလာရပါတယ္။ အျပင္ေလာကမွာလည္း အဲဒီလိုပါပဲ။
တစုတစည္းတည္း ခ်စ္ခင္စည္းလုံးစြာ ရွိေနသူေတြကို အျခားသူေတြက မဖ်က္ဆီးႏိုင္ေပမယ့္ ညီၫႊတ္ျခင္းမရွိ၊ တစည္းတလုံးထဲ မရွိဘဲ တေယာက္တေပါက္ ျဖစ္ေနတဲ့ မိသားစုကို အျခားသူေတြက ဖ်က္ဆီးဖို႔ လြယ္ကူပါတယ္လို႔ သင္ခန္းစာေပးထားတာပါ။ Crd
0 Comments