ဘာမှ မစားဘဲ အုန်းသီးတစ်မျိုးတည်းကိုပဲ ၂၈ နှစ်လုံး စားသုံးခဲ့တဲ့အမျိုးသား

Balakrishnan Palayi က အိန္ဒိယနိုင်ငံ Kasaragod မှာ နေထိုင်ပါတယ်။ သူဟာ ၂၈ နှစ်လုံးလုံး ဘာမှမစားဘဲ အုန်းသီးတစ်မျိုးတည်းကိုပဲ စားသုံးခဲ့ပါတယ်။ အုန်းသီးတစ်မျိုးတည်းကိုပဲ စားရတာကတော့ GERD လို့ခေါ်တဲ့ အူလမ်းကြောင်းရောဂါတစ်မျိုးကြောင့်ပါ။

အုန်းသီးတစ်မျိုးတည်းကို ၂၈ နှစ်လုံး တစ်သမတ်တည်းစားဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါပေမယ့် ကျန်းမာရေးကောင်းပြီး အသက်ရှည်ဖို့အတွက် Balakrishnan Palayi မှာ ရွေးချယ်စရာမရှိခဲ့ပါဘူး။

Balakrishnan Palayi မှာ အူလမ်းကြောင်းရောဂါစတင်ဖြစ်ပွားတုန်းက အားအင်တွေ ဆုတ်ယုတ်သွားပြီး လမ်းတောင် မလျှောက်နိုင်ခဲ့ပါဘူး။ ကုသမှုတစ်ရပ်အနေနဲ့ အုန်းသီးကိုပဲ စားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။


အုန်းသီးမှာ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ပိုတက်ဆီယမ်တို့ပါဝင်ပါတယ်။ အဲဒါကြောင့် အားအင်ရှိလာစေပြီး လူကိုလည်း ကျန်းမာလာစေပါတယ်။

ငယ်စဉ်တုန်းက Balakrishnan Palayi ဟာ ဘောလုံးသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။ အသက် ၃၅ နှစ်ရောက်တဲ့အခါမှာ အူလမ်းကြောင်းရောဂါဖြစ်ပွားနေကြောင်း စတင်သတိထားမိလာခဲ့ပါတယ်။

အစားတွေ စားလိုက်တဲ့အခါတိုင်း ပြန်ပြီး အန်ထွက်လာပါတယ်။ အခြားသော အစားအစာတွေကို စားကြည့်ပေမယ့်လည်း အဆင်မပြေခဲ့ပါဘူး။

ဒါပေမယ့် အုန်းသီးနဲ့ အုန်းရည်ကို စားကြည့်တဲ့အခါမှာ အရမ်းအဆင်ပြေခဲ့တာကြောင့် ၂၈ နှစ်လုံး စွဲစွဲမြဲမြဲစားခဲ့ပါတယ်။ အုန်းသီးကို နေ့စဉ် စားရတာကြောင့် မိသာစုဝင်တွေက အုန်းပင်တွေကိုလည်း စိုက်ပျိူးပေးထားပါတယ်။

အုန်းသီးကိုပဲ စားတာကြောင့် ပုံမှန်လူတစ်ယောက်လို ကျန်းမာနေပါတယ်။ Balakrishnan Palayi က မိသားစုလုပ်ငန်းဖြစ်တဲ့ လယ်လုပ်ငန်းကိုလည်း လုပ်ကိုင်နိုင်တဲ့အပြင် ရေကူးတာနဲ့ လေ့ကျင့်ခန်းကိုလည်း နေ့စဉ်ပြုလုပ်ပါတယ်။

ကြီးကြီးမားမားကျန်းမာရေးပြဿနာလည်း မဖြစ်တော့ပါဘူး။ ဒါပေမယ့် ဆရာဝန်တွေက အခြားလူတွေကိုတော့ အုန်းသီးတစ်မျိုးတည်းကိုပဲ မစားဖို့ အကြံပြုထားပါတယ်။

ရုပ်သံ

Zombie (lovemedia)

Post a Comment

0 Comments