တခါသော် တောတိရိစ္ဆာန်အပေါင်းသည် ခြင်္သေ့မင်း နာမကျန်း ဖြစ်သည်ဟူ၍ သတင်းစကား ကြားရလေ၏။ ဤတွင် မြေခွေးတကောင်မှ လွဲ၍ ကျန်အားလုံးသည် ခြင်္သေ့ထံ သူနာမေး သွားရောက်ကြ၏။
မြေခွေးမူကား ခြင်္သေ့ထံ အလျှင်ပင် သွားရောက်ခြင်း မပြုပေ။ ထိုအကြောင်းကို ခြင်္သေ့မင်း သိရှိသော် အကြောင်းရင်းကို စုံစမ်းရန် တောခွေးတကောင်ကို စေလွှတ်လိုက်၏။ တောခွေးလည် မြေခွေးထံ လာရောက်၍ အကြောင်းရင်းကို စုံစမ်းမေးမြန်း၏။
ထိုအခါ မြေခွေးက "အဆွေတောခွေး၊ ခြင်္သေ့မင်းအား အကျွန်ုပ်သည် အမြဲတစေ ရိုသေလေးမြတ်စွာ ရှိကြောင်း ပြောပြပါလော့။ စင်စစ် ကျွန်ုပ်အဖို့မှာ ခြင်္သေ့မင်း နာမကျန်းဖြစ်သည့်အတွက် ယခင်ကထက်ပင် တိုး၍ရိုသေခြင်း ဖြစ်မိပါသေးသည်။
အဘယ်ကြောင့်ဆိုသော် ခြင်္သေ့မင်း၏ ကိုယ်မှာ နာမကျန်းဖြစ်သည် ဆိုသော်လည်း သူ၏စိတ်မှာ နာမကျန်း မဖြစ်ကြောင်းကို ကျွန်ုပ်ကောင်းစွာ သတိပြုမိသောကြောင့် ဖြစ်ပါသည်" ဟူ၍ ပြောကြား၏။
တောခွေးကလည် "အဆွေးမြေခွေး၊ သင်သည် အဘယ်ကို ရည်၍ ဤသို့ ဆိုပါသနည်း" ဟု မေးမြန်၏။
ဤတွင် မြေခွေးက ပြုံးလျက် "အဆွေတောခွေး၊ ကျွန်ုပ်သည် ခြင်္သေ့မင်းထံ လူနာသွားမေးသော တိရိစ္ဆာန်တို့၏ ခြေရာများကို သတိထား၍ ကြည့်ပါသည်။
ထိုအခါ အသွားခြေရာတို့ကိုသာ တွေ့သည်။ အပြန်ခြေရာတို့မူ လုံးဝ မတွေ့ရပါ။ ထိုကြောင့် ခြင်္သေ့မင်းထံ သွားရောက်ခြင်း မပြုခဲ့ပါ။
ကျွန်ုပ်သည် သိရသလောက်မူ ခြင်င်္သေ့မင်းသည် တကယ် နာမကျန်းဖြစ်သူမဟုတ်။ တောလည်၍ သားကောင်းတို့ကို ပင်ပန်းစွာ ရှာဖွေစားသောက်ခြင်း မပြုလိုသဖြင့် ဤသို့ လီဆယ်ကာ သူထံ သားကောင်တို့ အလိုအလျောက် ရောက်ရှိလာရန် ပြုမူခြင်းသာ ဖြစ်ပေသည်" ဟူ၍ ပြောလိုက်လေတော့သတည်း။
Zawgyi
ဥာဏ္္ပညာရွိေသာ ေျမေခြး
တခါေသာ္ ေတာတိရိစာၦန္အေပါင္းသည္ ျခေသၤ့မင္း နာမက်န္း ျဖစ္သည္ဟူ၍ သတင္းစကား ၾကားရေလ၏။ ဤတြင္ ေျမေခြးတေကာင္မွ လြဲ၍ က်န္အားလုံးသည္ ျခေသၤ့ထံ သူနာေမး သြားေရာက္ၾက၏။
ေျမေခြးမူကား ျခေသၤ့ထံ အလွ်င္ပင္ သြားေရာက္ျခင္း မျပဳေပ။ ထိုအေၾကာင္းကို ျခေသၤ့မင္း သိရွိေသာ္ အေၾကာင္းရင္းကို စုံစမ္းရန္ ေတာေခြးတေကာင္ကို ေစလႊတ္လိုက္၏။ ေတာေခြးလည္ ေျမေခြးထံ လာေရာက္၍ အေၾကာင္းရင္းကို စုံစမ္းေမးျမန္း၏။
ထိုအခါ ေျမေခြးက "အေဆြေတာေခြး၊ ျခေသၤ့မင္းအား အကြၽႏ္ုပ္သည္ အၿမဲတေစ ႐ိုေသေလးျမတ္စြာ ရွိေၾကာင္း ေျပာျပပါေလာ့။ စင္စစ္ ကြၽႏ္ုပ္အဖို႔မွာ ျခေသၤ့မင္း နာမက်န္းျဖစ္သည့္အတြက္ ယခင္ကထက္ပင္ တိုး၍႐ိုေသျခင္း ျဖစ္မိပါေသးသည္။
အဘယ္ေၾကာင့္ဆိုေသာ္ ျခေသၤ့မင္း၏ ကိုယ္မွာ နာမက်န္းျဖစ္သည္ ဆိုေသာ္လည္း သူ၏စိတ္မွာ နာမက်န္း မျဖစ္ေၾကာင္းကို ကြၽႏ္ုပ္ေကာင္းစြာ သတိျပဳမိေသာေၾကာင့္ ျဖစ္ပါသည္" ဟူ၍ ေျပာၾကား၏။ ေတာေခြးကလည္ "အေဆြးေျမေခြး၊ သင္သည္ အဘယ္ကို ရည္၍ ဤသို႔ ဆိုပါသနည္း" ဟု ေမးျမန္၏။
ဤတြင္ ေျမေခြးက ၿပဳံးလ်က္ "အေဆြေတာေခြး၊ ကြၽႏ္ုပ္သည္ ျခေသၤ့မင္းထံ လူနာသြားေမးေသာ တိရိစာၦန္တို႔၏ ေျခရာမ်ားကို သတိထား၍ ၾကည့္ပါသည္။ ထိုအခါ အသြားေျခရာတို႔ကိုသာ ေတြ႕သည္။ အျပန္ေျခရာတို႔မူ လုံးဝ မေတြ႕ရပါ။ ထိုေၾကာင့္ ျခေသၤ့မင္းထံ သြားေရာက္ျခင္း မျပဳခဲ့ပါ။
ကြၽႏ္ုပ္သည္ သိရသေလာက္မူ ျခင္ေသၤ့မင္းသည္ တကယ္ နာမက်န္းျဖစ္သူမဟုတ္။ ေတာလည္၍ သားေကာင္းတို႔ကို ပင္ပန္းစြာ ရွာေဖြစားေသာက္ျခင္း မျပဳလိုသျဖင့္ ဤသို႔ လီဆယ္ကာ သူထံ သားေကာင္တို႔ အလိုအေလ်ာက္ ေရာက္ရွိလာရန္ ျပဳမူျခင္းသာ ျဖစ္ေပသည္" ဟူ၍ ေျပာလိုက္ေလေတာ့သတည္း။
0 Comments