ဘဝမှာ လိုချင်တာတွေရဖို့ အောက်ကျို့ခဲ့ရတဲ့ အခိုက်အတန့်တွေ ရှိမှာပါ။ ကိုယ်တကယ် လိုအပ်တဲ့အရာအတွက် အောက်ကျို့သင့်ရင် အောက်ကျို့ရမှာပါပဲ။ ဒါပေမယ့် မပေးချင်တဲ့သူဆီက အတင်းတောင်းဆို နေမယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုး ကျပါတယ်။
ကိုယ့်အပေါ် အဖက်မလုပ်ချင်တဲ့သူကို ကိုယ့်ဘက် ကနေ အောက်ကျို့ပြီး အဖက်မလုပ်သင့်ပါဘူး။ သင့်ဘက်က ဘယ်လောက်ပဲ ဂရုစိုက်စိုက် တချို့လူတွေက သင့်ကို ပြန်ပြီး ဂရုစိုက်ချင်မှ စိုက်မှာပါ။ ကိုယ့်ကို စွန့်ခွာသွားတဲ့သူတွေကို ခွင့်လွတ်လိုက်ပါ။ လိုက်ပြီး တွယ်ကပ်မနေပါနဲ့။
ကိုယ့်စကား နားမထောင်ချင်တဲ့သူကို အပင်ပန်းခံ ပြီး သွားပြောမနေပါနဲ့။ သင့်အပေါ် သဘောမကျတဲ့ သူတွေရဲ့ ရှေ့မှာ သူတို့ သဘောကျအောင် ဟန်ဆောင်မနေပါနဲ့။ လူတိုင်းနဲ့ အဆင်ပြေအောင် မကြိုးစားပါနဲ့။ ချေသင့်ရင် ချေလိုက်ပါ။
ဘယ်အရာမှ အလားကား မလိုချင်ပါနဲ့။ ဘယ်အရာမဆို ယူပြီးရင် တနည်းနည်းနဲ့ ပြန်ပေး ရမှာပါပဲ။ ကိုယ်တိုင်လုပ်လို့ ရတဲ့အရာမှန်သမျှကို ဘယ်သူ့ကိုမှ အကူအညီ မတောင်းဘဲ ကိုယ်တိုင်လုပ်ပါ။ လိုအပ်မှ အကူအညီတောင်းပါ။
ဖြစ်နိုင်ရင် ကိုယ်တိုင်လုပ်နိုင်အောင် ကြိုးစားပါ။ သူများကိုလည်း ကူညီတတ်ပါစေ။ ဘယ်သူ့အပေါ်မှ မမှီခိုပဲ ရပ်တည်နိုင်ဖို့ လိုပါတယ်။ ဘယ်သူ့ရဲ့ အကူညီကိုမှ မယူဘဲ နေနိုင်လာတဲ့ အခါ ဘယ်သူ့မျက်နှာကိုမှ ကြည့်နေစရာ မလို တော့ပါဘူး။
မာနကြီးခိုင်းတာ မဟုတ်ပါဘူး။ တခါတလေ ကိုယ်မရသင့်တာကို မလိုချင်တာ အကောင်းဆုံး ပါပဲ။ ကိုယ်မရသင့်တာကို ယူမိရင် ကိုယ်မလိုချင်တာကို ရတတ်ပါတယ်။ ဒါ့ကြောင့် တချို့သော အရာတွေအတွက် ခပ်ချေချေ နေကြည့်ပါ။
ကောင်းကင်ထက်ကကြယ်စင်
Zawgyi
ေခ်ပစ္လိုက္ပါ
ဘဝမွာ လိုခ်င္တာေတြရဖို႔ ေအာက္က်ိဳ႕ခဲ့ရတဲ့ အခိုက္အတန႔္ေတြ ရွိမွာပါ။ ကိုယ္တကယ္ လိုအပ္တဲ့အရာအတြက္ ေအာက္က်ိဳ႕သင့္ရင္ ေအာက္က်ိဳ႕ရမွာပါပဲ။ ဒါေပမယ့္ မေပးခ်င္တဲ့သူဆီက အတင္းေတာင္းဆို ေနမယ္ဆိုရင္ ကိုယ့္ရဲ႕တန္ဖိုး က်ပါတယ္။
ကိုယ့္အေပၚ အဖက္မလုပ္ခ်င္တဲ့သူကို ကိုယ့္ဘက္ ကေန ေအာက္က်ိဳ႕ၿပီး အဖက္မလုပ္သင့္ပါဘူး။ သင့္ဘက္က ဘယ္ေလာက္ပဲ ဂ႐ုစိုက္စိုက္ တခ်ိဳ႕လူေတြက သင့္ကို ျပန္ၿပီး ဂ႐ုစိုက္ခ်င္မွ စိုက္မွာပါ။ ကိုယ့္ကို စြန႔္ခြာသြားတဲ့သူေတြကို ခြင့္လြတ္လိုက္ပါ။ လိုက္ၿပီး တြယ္ကပ္မေနပါနဲ႔။
ကိုယ့္စကား နားမေထာင္ခ်င္တဲ့သူကို အပင္ပန္းခံ ၿပီး သြားေျပာမေနပါနဲ႔။ သင့္အေပၚ သေဘာမက်တဲ့ သူေတြရဲ႕ ေရွ႕မွာ သူတို႔ သေဘာက်ေအာင္ ဟန္ေဆာင္မေနပါနဲ႔။ လူတိုင္းနဲ႔ အဆင္ေျပေအာင္ မႀကိဳးစားပါနဲ႔။ ေခ်သင့္ရင္ ေခ်လိုက္ပါ။
ဘယ္အရာမွ အလားကား မလိုခ်င္ပါနဲ႔။ ဘယ္အရာမဆို ယူၿပီးရင္ တနည္းနည္းနဲ႔ ျပန္ေပး ရမွာပါပဲ။ ကိုယ္တိုင္လုပ္လို႔ ရတဲ့အရာမွန္သမွ်ကို ဘယ္သူ႔ကိုမွ အကူအညီ မေတာင္းဘဲ ကိုယ္တိုင္လုပ္ပါ။ လိုအပ္မွ အကူအညီေတာင္းပါ။
ျဖစ္ႏိုင္ရင္ ကိုယ္တိုင္လုပ္ႏိုင္ေအာင္ ႀကိဳးစားပါ။ သူမ်ားကိုလည္း ကူညီတတ္ပါေစ။ ဘယ္သူ႔အေပၚမွ မမွီခိုပဲ ရပ္တည္ႏိုင္ဖို႔ လိုပါတယ္။ ဘယ္သူ႔ရဲ႕ အကူညီကိုမွ မယူဘဲ ေနႏိုင္လာတဲ့ အခါ ဘယ္သူ႔မ်က္ႏွာကိုမွ ၾကည့္ေနစရာ မလို ေတာ့ပါဘူး။
မာနႀကီးခိုင္းတာ မဟုတ္ပါဘူး။ တခါတေလ ကိုယ္မရသင့္တာကို မလိုခ်င္တာ အေကာင္းဆုံး ပါပဲ။ ကိုယ္မရသင့္တာကို ယူမိရင္ ကိုယ္မလိုခ်င္တာကို ရတတ္ပါတယ္။ ဒါ့ေၾကာင့္ တခ်ိဳ႕ေသာ အရာေတြအတြက္ ခပ္ေခ်ေခ် ေနၾကည့္ပါ။ ေကာင္းကင္ထက္ကၾကယ္စင္
0 Comments