ရနံ့ပါဝင်တဲ့ဖယောင်းတိုင်တွေရဲ့ အသုံးဝင်ပုံနဲ့ သတိထားသင့်တဲ့အချက်များ

အမွှေးရနံ့ပါဝင်တဲ့ဖယောင်းတိုင်က စိတ်ကို အပန်းပြေစေပါတယ်။ အိပ်စက်တဲ့အခါ အမွှေးနံ့ပါဝင်တဲ့ဖယောင်းတိုင်ကို ထွန်းထားရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေပါတယ်။

ဒါပေမယ့် ရနံ့ပါဝင်တဲ့ ဖယောင်းတိုင်ကို ရွေးချယ်တော့မယ်ဆိုရင် သတိထားသင့်တဲ့အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။

အမွှေးရနံ့ပါဝင်တဲ့ ဖယောင်းတိုင်က ကျန်းမာရေးအတွက် အန္တရာယ်ရှိနိုင်လား။

လွန်ခဲ့သောနှစ်တွေက လေ့လာချက်အရ အမွှေးရနံ့ပါဝင်တဲ့ဖယောင်းတိုင်က ကျန်းမာရေးအတွက် အန္တရာယ်ရှိစေပါတယ်။ အချို့သော ဖယောင်းတိုင်တွေမှာ သဘာဝအမွှေးရနံ့မဟုတ်ဘဲ ဓာတုနဲ့ပြုလုပ်ထားတဲ့ အမွှေးရနံ့တွေ ပါဝင်နေတာကြောင့်ပါ။

ရနံ့ပါဝင်တဲ့ဖယောင်းတိုင်ကြောင့် ပန်းနာရင်ကျပ်၊ ဖျားနာခြင်း၊ ဓာတ်မတည့်တာနဲ့ အသက်ရှူလမ်းကြောင်း ပိုးဝင်တာတို့ ဖြစ်စေပါတယ်။

ဒါပေမယ့် သဘာဝပန်းရနံ့စစ်စစ်နဲ့ ထုတ်လုပ်ထားတဲ့ ဖယောင်းတိုင်တွေကတော့ ခေါင်းကိုက်တာကိုတောင် သက်သာစေပါတယ်။ လာဗင်ဒါပန်းအစစ်နဲ့ပြုလုပ်ထားတဲ့ ဖယောင်းတိုင်ဆိုရင် စိတ်ဖိစီးမှုကို လျှော့ချပေးပြီး မြန်မြန်အိပ်ပျော်စေပါတယ်။

အမွှေးရနံ့ပါတဲ့ဖယောင်းတိုင်တွေက မှတ်ဉာဏ်ကို အကျိုးပြုပုံ

အမွှေးရနံ့ပါဝင်တဲ့ဖယောာင်းတိုင်တွေက ကောင်းကျိုးတွေလည်း အများကြီး ပေးပါသေးတယ်။ လူသားတွေရဲ့အနံ့ခံအာရုံက ဦးနှောက်ရဲ့အစိတ်အပိုင်းတွေနဲ့ ဆက်စပ်နေပါတယ်။

မွှေးပျံ့တဲ့ရနံ့တွေက စိတ်ကို လန်းဆန်းစေပါတယ်။ မှတ်ဉာဏ်ကိုလည်း တိုးတက်စေပါတယ်။ သစ်ကြံပိုးရနံ့ပါဝင်တဲ့ဖယောင်းတိုင်က ခေါင်းကိုက်တာကို သက်သာစေပြီး အာရုံကို ပိုပြီး စူးစိုက်လာနိုင်ပါတယ်။

ရို့စ်မေရီရနံ့ပါဝင်တဲ့ ဖယောင်းတိုင်က ခန္ဓာကိုယ်ညောင်းညာနေတာတွေကိုပါ သက်သာစေတာပါ။ ပက်ပါမင့်ရနံ့ဖယောင်းတိုင်က ရေရှည်မှတ်ဉာဏ်ကို တိုးတက်စေပြီး လေးလံထိုင်းမှိုင်းနေတာတွေကို ကင်းဝေးသွားစေပါတယ်။

နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေတဲ့ ရနံ့ဖယောင်းတိုင်

ကလျာဏီရနံ့ဖယောင်းတိုင်က ကော်တီဇောဟော်မုန်းတွေကို နည်းပါးသွားစေပါတယ်။ စိတ်ကို ကြည်လင်စေတာကြောင့် ခပ်မြန်မြန်နဲ့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ဖို့ ကူညီပေးပါတယ်။

ချာမိုမိုင်းနဲ့ လာဗင်ဒါရနံ့ဖယောင်းတိုင်က သွေးဖိအား‌တွေကို လျှော့ချပေးပါတယ်။ အဲဒါကြောင့် စိတ်အပန်းပြေစေပြီး အိပ်ရေးဝစေပါတယ်။ ဖယောင်းတိုင်ကို မအိပ်ခင်မှာ ခဏပဲ ထွန်းသင့်ပါတယ်။

ဖယောင်းတိုင်ရဲ့ မီးအလင်းရောင်က melatonin ဟော်မုန်းထုတ်လုပ်မှုကို လှုံ့ဆော်ပေးတာကြောင့် ကြာကြာထွန်းထားရင် အိပ်မပျော်တာလည်း ဖြစ်စေပါတယ်။

ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတဲ့ ရနံ့ဖယောင်းတိုင်

ရနံ့ဖယောင်းတိုင်တွေကလည်း ဘက်တီးရီးယားနဲ့ အင်းဆက်ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။ လိမ္မော်၊ သံပုရာရနံ့ဖယောင်းတိုင်တွေက စိတ်ကို လန်းဆန်းစေတဲ့အအပြင် ခြင်နဲ့ယင်ကောင်တွေ မလာအောင်လည်း ကာကွယ်ပေးပါတယ်။

ရနံ့ပါတဲ့ဖယောင်းတိုင်တွေက ပြူတင်းပေါက်နားမှာ ထွန်းထားရင်လည်း ခြင်တွေ ဝေးဝေးပြေးပါတယ်။

အိမ်မွေးတိရစ္ဆာန်တွေအတွက် အန္တရာယ်ဖြစ်စေတဲ့ ရနံ့ဖယောင်းတိုင်များ

ရနံ့ဆီပါဝင်တဲ့ဖယောင်းတိုင်တွေက ကလေးတွေ၊ အိမ်မွေးတိရစ္ဆာန်တွေအတွက် မသင့်တော်ပါဘူး။

သူတို့အတွက် သစ်ကြံပိုးရနံ့၊ ပူဒီနာရနံ့ပါဝင်တဲ့ ရနံ့ဖယောင်းတိုင်တွေက ပိုပြီးအန္တရာယ်ဖြစ်စေတာကြောင့်ပါ။

Zombie (lovemedia)

Post a Comment

0 Comments