တခါတုန်းက မြေခွေးတကောင်ဟာ ငှက်ကျားဖြူကို သူနဲ့အတူ ညစာ စားဖို့ ဖိတ်တယ်။ ငှက်ကျားဖြူကလည်း ဖိတ်ကြားခံရတာကို အလွန်ဝမ်းမြောက်ဝမ်းသာ ဖြစ်ပြီး နောက်တနေ့ လာခဲ့ပါမယ်လို့ ဆိုတယ်။
မြေခွေးဟာ လောဘအလွန်ကြီးပြီး ယုတ်မာလှတဲ့ သတ္တဝါ ဖြစ်တယ်။ သူ့အနေနဲ့ ဖြစ်နိုင်မယ်ဆိုရင် ငှက်ကျားဖြူကို ညစာကောင်းကောင်း မကျွေးချင်ဘူး။ ဒါပေမယ့် သူကိုယ်တိုင်ကလည်း ညစာ ကောင်းကောင်း မစားဘဲ မနေချင်ပြန်ဘူး ဖြစ်နေတယ်။
ဒီတော့ သူအကြံရဖို့ စဉ်းစားခန်း ဝင်ရတော့တာပေါ့။ ငါ အကြံရပြီ။ အရသာရှိရှိ စွပ်ပြုတ်လုပ်ပြီး ပန်းကန်ထဲ ထည့်ပေးရမယ်။ ငှက်ကျားဖြူရဲ့ နှုတ်သီးကရှည်တော့ စွပ်ပြုတ်အများကြီး သောက်နိုင်မှာ မဟုတ်ဘူး။ ငါကတော့ အသာကလေး လျှာနဲ့ လျက်ပြီး ခပ်မြန်မြန် သောက်နိုင်တယ်လို့ အကြံရသွားတယ်။
ဒီတော့ မြေခွေးဟာ စွပ်ပြုတ်လုပ်ပြီး ပန်းကန်ပြားထဲ လောင်းထည့်ပြီး ငှက်ကျားဖြူ အလာကို စောင်နေတယ်။ မကြာခင်မှာဘဲ ငှင်ကျားဖြူ ရောက်လာပြီး ညစာ တည်းခင်းတာကို ကြည့်တယ်။
လွတ်လွတ်လပ်လပ် သုံးဆောင်ပါလို့ ပြောပြီး မြေခွေးဟာ သူ့ပန်းကန်ပြားထဲက စွပ်ပြုတ်ကို လျှာနဲ့ လျက်တော့တယ်။
ငှက်ကျားဖြူက သူ့နှုတ်သီးနဲ့ ပန်းကန်ပြားထဲက ညစာကို သုံးဆောင်တယ်။ ဒါပေမယ့် မိနစ်ပိုင်းအတွင်း မြေခွေက တပန်းကန်လုံး ကုန်အောင် လျက်ပြီးချိန် အထိ သူ့ခမျာ နည်းနည်းဘဲ သောက်ရသေးတယ်။
ငှက်ကျားဖြူက ဘာမှ မပြောခဲ့ပေမယ့် သူအိမ်ပြန်ရောက်တော့မှ ဒေါသအိုး ပေါက်ကွဲပါတော့တယ်။ မြေခွေးကို သင်ခန်းစာ ပေးဖို့ စိတ်ပိုင်းဖြတ် လိုက်တယ်။
ငါကလည်း သူ့ကို ညစာစားဖို့ ဖိတ်ရမယ်။ လည်တံရှည်ရှည် ကရားတလုံး ယူပြီး အရသာရှိရှိ အသားစင်းကောတွေကို ကရားအောက်ခြေနားမှာ ထည့်ထားမယ်။
ငါက နှုတ်သီးရှည်တော့ အလွယ်တကူ စားလို့ရတယ်။ ဒါပေမယ့် မြေခွေးကတော့ အများကြီး စားနိုင်မှာ မဟုတ်ဘူးလို့ စဉ်းစားမိတယ်။
ငှက်ကျားဖြူဟာ သူစီမံကိန်း ချထားတဲ့အတိုင်း လုပ်ဆောင်ပြီးတော့မှ မြေခွေးကို ညစာစားဖို့ ဖိတ်လိုက်တယ်။ ညစာစားဖို့အတွက် အနံ့ခံရင်း မြေခွေးရောက်လာတဲ့အခါ ငှက်ကျားဖြူက လွတ်လွတ်လပ်လပ် သုံးဆောင်ပါလို့ ဆိုတယ်။
ငှက်ကျားဖြူကတော့ လည်တံရှည်ကရားထဲကို နှုတ်သီးနဲ့ နှိုက်ပြီး ညစာ စစားတယ်။ မြေခွေးမှာကတော့ ကရားထဲကို သူ့နှုတ်သီး အဆုံးထိအောင် မဝင်နိုင်တာမို့ အပေါ်ပိုင်းမှာရှိတဲ့ အသားစ အနည်းငယ် လောက်ကိုဘဲ စားလို့ရတယ်။
"ကျုပ်ရဲ့ အသားစင်းကောက အရသာရှိရဲ့လား။ ခင်ဗျား ကြိုက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ငှက်ကျားဖြူက ဆိုတယ်။ ညစာ စားစရာတွေ အကုန် ကုန်သွားတဲ့အချိန် မြေခွေးက စိတ်တိုလာပြီး ငှက်ကျားဖြူကို မကျေနပ်ကြောင်း ပြောတယ်။
ငှက်ကျားဖြူက "ဒါဟာ ခင်ဗျား ကျုပ်ကို ကစားခဲ့တဲ့ လှည့်ကွက်နဲ့ အတူတူပါဘဲ။ တော်တော်ကောင်းတဲ့ ဟာသတခုလို့ ခင်ဗျားထင်မှာ သေချာပါတယ်" လို့ ဆိုတယ်။
ဒီတော့မှ မြေခွေးဟာ သူယုတ်မာခဲ့တာ၊ လောဘကြီးခဲ့တာတွေကို မြင်ယောင်လာပြီး တူညီတဲ့ ပြစ်ဒဏ်ပေးမှု ခံခဲ့ရတာ ဆိုတာကို သဘောပေါက်လာတယ်။
"ကောင်းပါပြီ ဒါဟာ ကလဲ့စားချေခံရတာပါ။ ကျုပ်မကျေမနပ် မဖြစ်သင့်ပါဘူး။ ဒါပေမယ့် နောက်ဆိုရင်တော့ ဝဋ်ဆိုတာ လည်တတ်တာမို့ ကျုပ် ဘယ်သူ့ကိုမှ ယုတ်မာတဲ့ လှည်စားနည်းနဲ့ မလှည့်စားတော့ပါဘူးဗျာ" လို့ မြေခွေးက စိတ်မကောင်းစွာနဲ့ ဆိုပြီး အိမ်ပြန်သွား လေတော့တယ်။ Crd
0 Comments