တခါတုန်းက ရွာတရွာမှာ ပင်စင်စား အဘိုးအိုတဦးနှင့် နည်းပညာသမား လူငယ်တဦးတို့ အိမ်နီးချင်း ခြံချင်းကပ်ရပ် နေထိုင်ခဲ့ကြသည်။ သူတို့နှစ်ယောက်စလုံးသည် ခြံ၏ ထောင့်တဖက်စီတွင် မျိုးတူ အပင်ပေါက် တပင်စီကို အတူတကွ စိုက်ပျိုးခဲ့ကြသည်။
လူငယ်ကတော့ သူရဲ့ အပင်များကို ရေများများလောင်း၊ မြေသြဇာ အများအပြား ကျွေးလေ့ရှိပြီး၊ အဘိုးအိုကတော့ ရေနှင့် မြေသြဇာ အနည်းငယ်ကိုသာ အပင်များကို ပေးလေ့ ရှိသည်။
လူငယ်ရဲ့ အပင်တွေကတော့ စိမ်းလန်းစိုပြည်ပြီး အရွက်ဝေဆာ တောင့်တင်းသော အပင်များ အဖြစ် ကြီးထွားလာသည်။ အဘိုးအို၏ အပင်များကတော့ သာမန်လောက်သာ ကြီးထွားသော်လည်း လူငယ်၏ အပင်များထက် ပိုမိုကြံ့ခိုင် သန်စွမ်းလေသည်။
တညတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်လေသည်။ နောက်တနေ့မနက် သူတို့နှစ်ယောက်လည်း အပင်များ၏ အခြေအနေကို နှစ်ယောက်လုံး ထွက်ကြည့်ကြလေသည်။
လူငယ်၏ အပင်များမှာ အမြစ်မှ ကျွတ်ထွက်ကုန်ပြီး သူ၏ အိမ်နီးချင်း အဘိုးအို၏ အပင်များမှာမူ အပျက်အစီး မရှိကြောင်း အံ့သြဖွယ် တွေ့ရလေသည်။
လူငယ်လည်း အဘိုးအို၏ အပင်များမှာ အနည်းငယ်မျှသာ ဂရုစိုက် ခံရသော်လည်း ကောင်းစွာ ဂရုစိုက်ထားသော သူ၏ အပင်များကသာ ဘာကြောင့် အမြစ်မှ ကျွတ်ထွက်ရသလဲ ဟု အဘိုးအိုအား မေးမြန်းလေသည်။
အဘိုးအိုက "ကောင်လေး မင်းကြည့်ကြည့်၊ မင်းက အပင်တပင်မှာ လိုအပ်မယ့် အရာအားလုံးကို ဖြည့်ဆည်းပေးတယ်။
လိုသမျှ အလျံအပယ် ရနေတော့ အပင်က ရှာဖို့ဖွေဖို့ ဘယ်ကိုမှ သွားစရာ မလိုတော့ဘူး။ မင်းအပင်ရဲ့ အမြစ်တွေက အောက်ကို ထိုးဖောက် ဆင်းစရာမှ မလိုတော့တာ။
ငါကတော့ အပင်တွေကို သူတို့ အသက်ရှင်ဖို့ လုံလောက်ရုံပဲ ထောက်ပံ့ပေးတယ်။ လိုအပ်ချက်အားလုံး ပြည့်ဝဖို့အတွက် အပင်ရဲ့ ကျန်တဲ့ အမြစ်တွေဟာ မြေကြီးအောက်ထဲ ထိုးဖောက်ပြီး ရှာဖွေရတယ်။
အဲဒီအခါ မင်းအပင်ရဲ့ အမြစ်တွေဟာ အပေါ်ယံမှာပဲ ရှိနေတဲ့အတွက် ဒီမိုး၊ ဒီလေတွေက သူတို့အပေါ် လွယ်လွယ်ကူကူပဲ ကျရောက်သွားခဲ့တယ်။
ငါ့အပင်ရဲ့ အမြစ်တွေ ကတော့ တော်တော်လေး မြေကြီးထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်နေတဲ့ အတွက် သဘာဝတရားရဲ့ အပြင်းအထန် တိုက်ခိုက်ခြင်းကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်"
မိတ်ဆွေကော ကိုယ်ပြုစုပြိုးထောင်ပေးနေတဲ့ အပင်လေးတွေကို လိုတာထက် ပိုပြီး မြေသြဇာ အများအပြား ကျွေးလေ့ ရှိသလား။ ဒါမှမဟုတ် လောကဓံကို ခံနိုင်အောင် လေ့ကျင့်ပေးထားပါသလား။ crd
0 Comments