အကျင့်ဆိုးတွေကို အမြစ်မတွယ်စေနဲ့

တခါတုန်းက ချမ်းသာကြွယ်ဝသော သူဌေးကြီးတဦးဟာ ပညာရှိကြီးတဦးကို သူ့သားရဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေ ပျောက်သွားအောင် သင်ကြားပေးပါရန် တောင်းဆိုခဲ့တယ်။

ထို့ကြောင့် ပညာရှင်ကြီးက သူဌေးသားကို ဥယျာဉ်ထဲကို လမ်းလျှောက်ရန် ခေါ်သွားခဲ့တယ်။

လမ်းလျှောက်နေတဲ့ ပညာရှိဟာ ရုတ်တရက် ရပ်တန့်လိုက်ပြီး ကောင်လေးကို လမ်းဘေးမှာရှိတဲ့ မြက်ပင် သေးသေးလေးကို နှုတ်ခိုင်းလိုက်တယ်။ လူငယ်လေးက ဒီမြက်ပင်လေးကို လက်မနဲ့ လက်ညှိုး လက်ချောင်းနှစ်ခုပဲ သုံးပြီး ဆွဲနှုတ်လိုက်တယ်။

ထို့နောက် ပညာရှိဟာ အနည်းငယ်ကြီးသော မြက်ပင်ကို နှုတ်ရန် ပြောခဲ့တယ်။ လူငယ်က ညာလက်နဲ့ အားနည်းနည်း စိုက်ပြီး မြက်ပင်ကြီးကို နှုတ်နိုင်ခဲ့တယ်။

ထို့နောက်မှာလည်း ပညာရှိက ချုံကို ညွှန်ပြလိုက်ပြီး "အခု ဒီအပင်ကို နှုတ်လိုက်ပါ" ဆိုတော့ ကောင်လေးက ဆွဲနှုတ်ဖို့ လက်နှစ်ဘက်လုံးနဲ့ သူ့အစွမ်းခွန်အား အားလုံးကို သုံးလိုက်ရတယ်။

ထို့နောက်တွင်တော့ ပညာရှိကြီးဟာ ကောင်လေးကို "အခု ဒီအပင်ကို ထပ်နှုတ်လိုက်ပါဦး" ဆိုပြီး သစ်ပင်တပင်ကို ညွှန်ပြလိုက်တယ်။

လူငယ်က လက်နှစ်ဘက်လုံး၊ ခန္ဓာကိုယ်အား၊ ခြေကန်အား အားလုံးကို သုံးပြီး ဆွဲနှုတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် အဲ့ဒီအပင်ကို လုံးဝ နှုတ်မရခဲ့ပါဘူး။ "နှုတ်ဖို့ မဖြစ်နိုင်ဘူး" လို့ ကောင်လေးက နှုတ်နေရာမှ မောပန်းစွာ ပြောလိုက်တယ်။

ထိုအခါမှာတော့ ပညာရှိကြီးက "အကျင့်ဆိုးတွေ ဆိုတာလည်း အဲဒီလိုပဲ။ သူတို့ ငယ်တုန်းမှာ သူတို့ကို ဆွဲနှုတ်ဖို့ လွယ်ကူပေမဲ့ ကြီးထွားလာရင်တော့ အမြစ်ပြတ်အောင် မနှုတ်နိုင်တော့ဘူး" လို့ လူငယ်လေးကို သင်ကြား ပြသပေးခဲ့တယ်။

ပညာရှိရဲ့သင်ကြားပြသပေးမှုကြောင့် လူငယ်လေးဟာ သူဆီမှာရှိတဲ့ မကောင်းတဲ့ အကျင့်ဆိုးတွေကို ပြောင်းလဲပစ်ခဲ့တယ်။

မကောင်းသော အကျင့်ဓလေ့များကို ကြီးထွားလာသည်အထိ မစောင့်ပါနှင့်၊ ၎င်းတို့ကို ထိန်းချုပ်နိုင်တုန်း ပြုပြင်လိုက်ပါ။ ကြာရင် အကျင့်ဆိုးမှ သင့်ကို ထိန်းချုပ်လာလိမ့်မည်။ crd

Post a Comment

0 Comments