သောက်သုံးတဲ့ရေအမျိုးအစားပေါ်မူတည်ပြီး ကျန်းမာရေးအပေါ် သက်ရောက်မှုရှိစေတဲ့အရာ (၇) ခု

ရေမပါဘဲနဲ့ ကျန်းမာတဲ့နေထိုင်မှုပုံစံကို ပုံဖော်ဖို့ဆိုတာက မဖြစ်နိုင်ပါဘူး။ ရေက လူသားတွေအတွက် မဖြစ်မနေလိုအပ်ပါတယ်။ ရေအမျိုးအစားကွဲပြားသွားရုံနဲ့ ရေရဲ့အရည်အသွေးက ကွဲပြားသွားပါတယ်။

ရေရဲ့အရည်အသွေးကွဲပြားသွားတာက ကျန်းမာရေးအပေါ် သက်ရောက်မှုရှိပါတယ်။ အဲဒါကြောင့် ဘယ်လိုရေအမျိုးအစားတွေက ကျန်းမာရေးအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်နော်။

၁။ ရေပိုက်ခေါင်းရေ

ရေပိုက်ခေါင်းကရေကတော့ ရွေးချယ်ဖို့ မသင့်တော်ပါဘူး။ ရေရရှိတဲ့နေရာပေါ်မှာ မူတည်ပြီး သန့်ရှင်းမှဒလည်း အားနည်းနေမှာပါ။ မသန့်ရှင်းရသေးတာကြောင့် ထုံးဓာတ်၊ ပိုးမွှားနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့အခြားသောအရာတွေ ပါဝင်နေနိုင်ပါတယ်။

၂။ ရေသန့်ဘူးထဲက ရေ

ရေသန့်ဘူးထဲကရေကတော့ အမြဲတမ်းအတွက် မသင့်တော်ပါဘူး။ ပလက်စတစ်ဘူးနဲ့ ပြုလုပ်ထားတဲ့ရေသန့်ဘူးထဲမှာ ကင်ဆာဖြစ်နိုင်ချေကို မြင့်မားစေတဲ့ bisphenol A ပါဝင်ပါတယ်။

ဒါ့အပြင် ပလက်စတစ်ရေသန့်ဘူးထဲမှာ ထည့်ထားတဲ့ရေတွေကို အမြဲသောက်တာက ကိုယ်အလေးချိန်တက်စေပြီး အသားအရေပြဿနာတွေလည်း ဖြစ်ပေါ်စေပါတယ်။

ပလက်စတစ်ရေသန့်ဘူးထက် ဖန်ဘူး၊ စတီးဘူးတို့နဲ့ ထည့်ထားတဲ့ရေတွေကို ရွေးချယ်သင့်ပါတယ်။ ပလက်စတစ်တွေလည်း အလေအလွင့်မဖြစ်တော့တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပြီးသား ဖြစ်စေပါတယ်။

၃။ အယ်လ်ကာလီရေ

အယ်လ်ကာလီရေက ရေပိုက်ခေါင်းကရေကို ရေသန့်ပေးတဲ့ကိရိယာနဲ့ စစ်ထားတဲ့ရေပါ။ အယ်လ်ကာလီရေက ခန္ဓာကိုယ်ထဲက pHကို မြင့်တက်စေပြီး အဖျားကို ကာကွယ်ပေးပါတယ်။

၄။ အားဖြည့်အချိုရည်

လေ့ကျင့်ခန်းတွေပြုလုပ်ပြီးတဲ့အခါ အားဖြည့်အချိုရည်တွေကို သောက်လေ့ရှိကြပါတယ်။ ဒါပေမယ့် အားဖြည့်အချိုရည်တွေမှာ သသကားတွေ အများကြီးပါဝင်တာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။

အားဖြည့်အချိုရည်အစား အုန်းရေသောက်တာက ကုန်သွားတဲ့အားအင်တွေ ပြည့်စေပြီး အစာအိမ်ပြဿနာတွေကိုလည်း ကာကွယ်ပေးပါတယ်။

၅။ Reverse osmosis

Reverse osmosis နည်းပညာနဲ့ သန့်စင်ထားတဲ့ရေက သောက်သုံးဖို့ စိတ်ချရတဲ့ရေပါ။ ရေထဲက အန္တရာယ်ရှိတဲ့ အရာတွေနဲ့ သတ္တုတွေကို ဖယ်ရှားပေးပါတယ်။

၆။ သတ္တုဆားပျော်ဝင်နေတဲ့ရေ

ခန္ဓာကိုယ်မှာ သတ္တုဓာတ်တွေကို လိုအပ်နေရင် ဒီလိုရေကို သောက်သုံးလို့ရပါတယ်။ သတ္တုဆားပျော်ဝင်နေတဲ့ရေမှာ မဂ္ဂနီဆီယမ်နဲ့ ဆာလဖိတ်ပါဝင်တာကြောင့် ဝမ်းဗိုက်အတွက် အကျိုးပြုပါတယ်။ အသက်ကြီးတဲ့သူတွေမှာ ဖြစ်တတ်တဲ့ အယ်လ်ဇိုင်းမားရောဂါကိုလည်း ကာကွယ်ပေးပါတယ်။

၇။ စမ်းရေ

စမ်းရေကတော့ ရွေးချယ်ဖို့ အသင့်တော်ဆုံးပါ။ စမ်းရေက သန့်စင်ပြီး ကျန်းမာရေးကို ကောင်းစေပါတယ်။ အရွယ်တင်နုပျိုစေပါတယ်။ သန့်စင်တဲ့စမ်းရေက ဖျားနာတာကိုလည်း လျော့ပါးစေပါတယ်။

Zombie (lovemedia)

Post a Comment

0 Comments