ပုံထဲမှာ မြင်နေရတဲ့ ချစ်စရာကောင်းတဲ့ဘွားဘွားကတော့ အီတလီနိုင်ငံ Vicentina မှာနေထိုင်တဲ့ Irma ပါ။ ဘွားဘွား Irma က အသက် ၉၃ နှစ်ရှိပါပြီ။
ဘွားဘွား Irma က အသက်အရွယ်နဲ့ မလိုက်အောင်ပဲ အားအင်တွေ ပြည့်နေသူပါ။ ကမ္ဘာကြီးကို ဒီထက်ပိုကောင်းတဲ့နေရာတစ်ခုအဖြစ် ပြောင်းလဲလိုတဲ့ ဆန္ဒရှိပါတယ်။
အဲဒါကြောင့် ကင်ညာနိုင်ငံက မိဘမဲ့ကလေးတွေကို ကူညီဖို့အတွက် ခရီးထွက်လာခဲ့ပါတယ်။ ခရီးစဉ်မှာ ဓာတ်ပုံတွေကိုတော့ မြေးမလေးက ရိုက်ပြီး facebook page မှာ တင်ပေးခဲ့ပါတယ်။
ဘွားဘွားIrma က ကင်ညာနိုင်ငံကို အလည်အပတ်သွားတာမဟုတ်ဘဲ မိဘမဲ့ကလေးတွေကို ကူညီပေးဖို့ သွားခဲ့တာပါ။
"ဘွားဘွား Irma က ဘဝကို အကောင်းမြင်စိတ်ရှိသူပါ။ ဘဝရဲ့အခက်အခဲတွေက ဖြစ်ချင်တဲ့ဆန္ဒတွေကို မတားဆီးနိုင်ဘူးလို့ ခံယူထားသူဖြစ်ပါတယ်" လို့ သူမရဲ့ facebook page မှာ ရေးထားပါတယ်။
Irma အသက် ၂၆ နှစ်အရွယ်မှာ ခင်ပွန်းသည် ကွယ်လွန်သွားခဲ့ပြီး ကလေး ၃ ယောက်ကို တစ်ယောက်တည်းအားနဲ့ ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဘွားဘွား Irma ဟာ ကင်ညာနိုင်ငံမှာ ကူညီပေးနေတဲ့ ဖာသာ Rrmigio နဲ့တွေ့ဆုံခဲ့ပါတယ်။ Irma က ဖာသာရဲ့ပရဟိတလုပ်ငန်းတွေမှာ နှစ်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့ပါတယ်။
ဖာသာ ဆေးရုံတက်ရတဲ့အခါ Irma က သွားတွေ့ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ Irma က ကင်ညာကို ရောက်သွားတဲ့အခါ မိဘမဲ့ကလေးတွေကို တတ်နိုင်သမျှ ကူညီပေးခဲ့ပါတယ်။
Malindi ကျောင်းမှာ အင်္ဂလိပ်နဲ့ သင်္ချာဘာသာရပ်ကို Irmaက သင်ကြားပေးပါတယ်။ အပ်၊ အပ်ချည်လုံး၊ ကပ်ကြေး၊ ကော်တို့ကို ဝယ်ပြီး ပို့စ်ကတ်တွေကိုတောင် လုပ်ပေးပါသေးတယ်။
ဘွားဘွား Irma က အသက်အရွယ်နဲ့ မလိုက်အောင် အားအင်တွေ ပြည့်နေသူပါ။ စိတ်အားထက်သန်နေတာကြောင့် ဆိုင်ကယ်ကို နောက်ကနေ လိုက်စီးပြီးတော့တောင် သွားနိုင်ပါတယ်။ ဘဝမှာ အခက်အခဲတွေ တွေ့လာရင်တောင် ရဲရဲကြီးရင်ဆိုင်ပစ်လိုက်တဲ့သူမျိုးပါ။
ဘွားဘွားIrma က သူမရဲ့ကလေးတွေနဲ့ မြေးတွေကိုလည်း ကူညီပေးတတ်တဲ့စိတ်ရှိအောင် အမြဲသင်ကြားပေးပါတယ်။ သူမရဲ့ထက်သန်တဲ့စိတ်ဓာတ်နဲ့ အားအင်တွေကို ကမ္ဘာတစ်ဝှမ်းက လူတွေက လေးစားနေကြပါတယ်။
Zombie (lovemedia)
0 Comments